ကြီးစွာဆုံးရှုံးခဲ့သော ဘုရားကြီးနှစ်ဆူ

စာရေးသူ၏ ရင်ထဲ၌မြတ်နိုးစွာ ပူဇော်ရသော ဘုရားကြီး နှစ်ဆူ ဆုံးရှုံးခဲ့ရသည့်အကြောင်းကို ပြောပြလိုပါသည်။ ပထမဘုရားကြီးတစ်ဆူမှာ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ဖလေးရွာရှိ ဖလေးဘုရား ကြီးဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မီ ရှေးနှစ်ပေါင်းများစွာကပင် မွန် ဘုရင်တို့ တည်ထားခဲ့သော ရှေး ဟောင်းဘုရားကြီးဖြစ်၏။ အုတ်စီ ဘုရားကြီးဖြစ်ပြီး အောက်ခြေ ပန္နက်ထုထည်မှာ အလွန်ကြီးမား လှ၏။ နှစ်ပေါင်းထောင်ချီ၍ ကြာ မြင့်ပြီး ရာသီဥတုနှင့် သဘာဝဘေးဒဏ်ကြောင့် ငှက်ပျောဖူးအပါအ ဝင် အပေါ်ပိုင်းမရှိတော့သော် လည်း ပစ္စယာအဆင့်ဆင့်မှာ ခံ့ညားထည်ဝါစွာ တည်ရှိနေပါ သည်။ ဤသည်မှာ အောက်ခြေထု ထည်ကြီးမားခြင်း၏ အကျိုးတရား ဖြစ်ပေမည်။ ဖလေးတောတန်း သည် သစ်ကြီး၊ ဝါးကြီးများဖြင့် စိမ်းလန်းစိုပြည်နေ၏။ ဘုရားကြီး သည် သစ်တောများ ဖုံးနေသည့်ကြားမှ အပေါ်သို့ ငွားငွားစွင့်စွင့် မြင့်တက်နေပြီး အဝေးမှပင် လှမ်း၍ကြည် ညိုနိုင်သော ရှေးဟောင်း စေတီကြီး ဖြစ်ပေသည်။

ဘုရားကြီးကို အကြောင်းပြု ၍ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း နှင့် ဟံသာဝတီနယ်မြေတစ်ကြော ၌ အလွန်ထင်ရှားကျော်ကြားသော စကားတစ်ခွန်းရှိခဲ့၏။ လူတစ်ဦး သည် ပုံဟန်က ခပ်ကြွားကြွား၊ လေသံက ခပ်ထွားထွားဆိုလျှင် ‘အခြေ ကြီးလိုက်တာ ဖလေးဘုရားကြီး ကျနေတာပဲ’ ဟူ၍ ခိုင်းနှိုင်းပြောဆို ကြခြင်းဖြစ်ပေသည်။ လွန်ခဲ့သော ၁၉၇၅ ခုနှစ်ကဖြစ်၏။ စာရေးသူ သည် ကွယ်လွန်သူ ရုပ်ရှင်သရုပ် ဆောင် ဦးသိုက်စိုးနှင့် ခင်မင်ရင်း နှီး၏။ စာရေးသူက ဂွတ္တလစ်သား၊ သူက ရန်ကင်းသားဖြစ်ပြီး တစ် ပတ်တစ်ကြိမ်၊ နှစ်ကြိမ် အတူဆုံ၍ သောက်ကြစားကြရင်း စကား လက်ဆုံကျလေ့ရှိ၏။ ဦးသိုက်စိုး သည် တပ်မတော်မှ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး ပုဇွန်တောင်မြို့နယ် ကုန်သွယ်ရေးမန်နေဂျာ ရာထူးတွင် တာဝန်ထမ်းဆောင်ရာ မှ ရုပ်ရှင်နယ်သို့ ဝင်ရောက်ခဲ့သူ ဖြစ်ကြောင်း သိရှိရ၏။ အင်္ဂလိပ် စကားကို ကောင်းစွာပြောဆိုနိုင် သဖြင့် ဂီတပဒေသာကပွဲ၌ နတ် သျှင်နောင်ပြဇာတ်ကလျှင် ဖိလစ် ဒီဘရစ်တို (ခေါ်) ငဇင်ကာအခန်း မှ သရုပ်ဆောင်လေ့ရှိပေသည်။ သူသည် စာပေလေ့လာလိုက်စား သူတစ်ဦးဖြစ်သည့်အလျောက် အ ထက်ပါ ဖလေးဘုရားကြီးနှင့်ပတ် သက်သောစကားကို ကောင်းစွာ ကြားဖူး၏။ ထို့ကြောင့် ဖလေး ဘုရားကြီးကို အလွန်စိတ်ဝင်စား ပြီး သွားရောက်ဖူးမြော်လိုလှ ကြောင်းနှင့် စာရေးသူကို လိုက်ပို့ ပါရန် တောင်းဆို၏။ ဖလေးဘုရား ပွဲ ကျင်းပနေသောအချိန်နှင့် တိုက် တိုက်ဆိုင်ဆိုင် ဦးသိုက်စိုးနှင့် စာ ရေးသူတို့ ဖလေးရွာသို့ ရောက်ရှိ ခဲ့လေ၏။ ဦးသိုက်စိုးသည် ဘုရား ကြီးကို ဖူးမြော်ပြီး ဤနေရာ ဤ ဒေသတွင် ဤမျှကြီးမားသော ဘုရားကြီးကို မည်ကဲ့သို့တည်ထား လေသနည်းဟု တအံ့တဩဖြစ်နေ လေ၏။ ဤဘုရားကြီးနှင့် ခေတ် ပြိုင် ဖလေးနှင့် မလှမ်းမကမ်းရှိ မိုး ဂနိန်းရွာတွင် ဉာဏ်တော်နိမ့်သော ရှေးဘုရားကြီးတစ်ဆူ၊ ခရမ်းမြို့ နယ် ပဇင်းနီကန်ကျေးရွာ၌ အလားတူ ဘုရားကြီးတစ်ဆူ၊ သုံးခွမြို့ နယ်တွင် ဉာဏ်တော်မြင့်ဘုရား ကြီးတစ်ဆူရှိပြီး ဖလေးဘုရားကြီး နှင့် သုံးခွဘုရားကြီးမှာ ဂေဇက်ဝင် ဘုရားကြီးများဖြစ်ကြောင်း သိရှိရ ၏။ မွန်ဘုရင်တို့ကြီးစိုးသည့် ရှေး ဟောင်းဟံသာဝတီခေတ်မှ ဘုရား များဟုသာ သိရှိရပြီး သမိုင်းအ ထောက်အထား အခိုင်အမာ မတွေ့ရှိရပေ။ အချို့က ရွှေဖရုံ မယ်ဇာတ်လမ်းအရ ရန်သူလက်မှ လွတ်မြောက်ရန် ထွက်ပြေးစဉ် လမ်းခရီးတစ်လျှောက်၌ မင်းသမီး လေးတည်ထားခဲ့သည်ဟု ပါးစပ် ရာဇဝင်ဆိုရိုးပြုကြ၏။

ဖလေးရွာသည် ရှေးဟောင်း ဘုရားကြီးကြောင့် နာမည်ကျော် ကြားသကဲ့သို့ ထိုစဉ်ကာလ အမြို့ မြို့အနယ်နယ်တွင် သုံးစွဲနေကြ သော ဖလေးမီးခြစ်ကြောင့်လည်း ပိုမိုထင်ရှားပြီး လူသိများခဲ့ပေ သည်။ ဖလေးမီးခြစ်သည် ကြေး ဖြင့် ပြုလုပ်ပြီး အလွန်ခိုင်ခံ့လှ၏။ ကမ္ဘာကျော်သံမဏိ (Stainless Steel) ဖြင့် ပြုလုပ်သော Zenith မီးခြစ်ကို ကောင်းစွာယှဉ်နိုင်၏။ ဖလေးမီးခြစ်၏ အောက်ခြေ၌ ‘ဖလေး’ဟူသော စာလုံးနှစ်လုံးကို ထွင်း၍ ဖော်ပြထား၏။ အလွန်ဈေးပေါသည့် အမျိုးအစားမဟုတ် သဖြင့် နေအိမ်တိုင်း ဝယ်ယူသုံးစွဲ နိုင်ခြင်းမရှိပေ။ ဂက်စ်မီးခြစ်များ ကြောင့် ဓာတ်ဆီမီးခြစ်များ ဝယ် လိုအားပျောက်ဆုံးသွားခြင်းနှင့်အ တူ ဖလေးမီးခြစ်ထုတ်လုပ်မှု လုပ် ငန်းလုံးဝရပ်ဆိုင်းခဲ့လေ၏။ ခေတ် ရေစီးကြောင်းအတွင်း တိုးတက် ပြောင်းလဲလာသော နည်းပညာ သစ်များ၏ လှိုင်းတံပိုးအောက်၌ ကျော်ကြားသည့် ဖလေးမီးခြစ်နစ် မြုပ်ခဲ့မှုနှင့်အတူ ရွာသူ၊ ရွာသား တို့၏ အဓိကအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတစ်ခု အပြီးတိုင်ပြိုလဲခဲ့ ရပေသည်။

ဖလေးမီးခြစ်ပျောက်ဆုံးပြီး နောက် ဖလေးဘုရားကြီးသည် လည်း မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့ပြန်လေ၏။ တပ်မတော် အစိုးရလက်ထက် ၁၉၉၅ ခုနှစ်ဝန်းကျင်တွင် စာရေးသူ၏ မိတ်ဆွေ ရန် ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဦးသိုက်စိုးကဲ့သို့ပင် အ ခြေကြီးသည့် ရှေးစကားကို ကြား ဖူးကြောင်းနှင့် အလွန်ဖူးမြော်လို လှကြောင်း တောင်းဆိုသဖြင့် ခရမ်းမြို့မှတစ်ဆင့် ဒုတိယအ ကြိမ် လိုက်ပို့ခဲ့ပြန်၏။ သို့သော် ဖလေးသို့ရောက်သောအခါ ဘုရားကြီးပျောက်ဆုံးနေ၏။ ရွှေတိဂုံပုံတူစေတီအကြီးကြီးတစ်ဆူကိုသာ တွေ့ရ၏။ မူလဘုရားကြီး ဘယ် ရောက်သွားပြီနည်းဟု စိုးရိမ်စိတ် ကြီးစွာဖြင့် ဒေသခံတို့ကို မေးသော အခါ ‘‘အဲဒါပဲလေ ဘုရားကြီးကိုငုံ ပြီး ရွှေတိဂုံပုံစံစေတီကြီး တည် လိုက်တာပါ’’ဟု လက်ညှိုးညွှန်ပြ ကြလေ၏။ စာရေးသူ၏ ရင်ထဲ၌ ‘ဩော်... ရှေးဟောင်းအမွေအနှစ် ဘုရားကြီး လုံးဝပျောက်ဆုံးသွား ပါပကော’ ဟု နှမြောတသ ယူကျုံး မရဖြစ်မိ၏။ ထုံးသင်္ကန်းအသစ် ဖြင့် ရွှေတိဂုံပုံတူစေတီကြီးကိုသာ အတူပါလာသော မိတ်ဆွေအား လက်ညှိုးထိုးပြရလေ၏။ မိတ်ဆွေ က အူကြောင်ကြောင်ဖြင့် ငေး ကြည့်နေ၏။ သာသနာပြုဆရာ တော်ဘုရားကြီးက ငုံပြီးအသစ် တည်လိုက်ခြင်းဖြစ်ကြောင်း၊ မူလ ဘုရားကြီးကို ကြည်ညိုနိုင်ရန် အ ပေါ်ပိုင်း၌ တံခါးအရှင်တစ်ခု တပ် ဆင်ထားပြီး တံခါးကိုဖွင့်လျှင် ငုံ ထားသည့် ဘုရားအပေါ်ပိုင်းအ နည်းငယ်မျှကို ဖူးမြင်နိုင်ကြောင်း ဂေါပကလူကြီးတစ်ဦးက ရှင်းပြ ပြန်ပါသည်။ စာရေးသူ၏ စိတ်ထဲ ၌ ရှေးဟောင်းဘုရားအား ထိန်း သိမ်းရန် စိတ်မကူးဘဲ ငုံပြီးတည် လိုက်ခြင်းကို လုံးဝဘဝင်မကျနိုင် ပေ။ အထူးသဖြင့် တပ်မတော် အစိုးရလက်ထက်၌ အလွန်ခေတ် စားသော ရွှေတိဂုံပုံတူဘုရားများ မှာလည်း များလွန်းလှချေ၏။ မူလ ဘုရားကြီး ပျောက်ဆုံးနေခြင်းအ တွက် ယနေ့တိုင် မချင့်မရဲဝမ်း နည်းနေဆဲဖြစ်၏။ သမိုင်းဝင် ပြောင်မြောက်လှသည့် ‘အခြေကြီး လိုက်တာ ဖလေးဘုရားကြီးကျနေ တာပဲ’ ဟူသော ဒေသအသုံးအနှုန်း သည်လည်း လုံးဝပျောက်ကွယ် သွားခဲ့လေတော့၏။

ဒုတိယဘုရားကြီးတစ်ဆူမှာ စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာဘွဲ့ခံ ကောင်းမှုတော်စေတီတော်ကြီး ဖြစ်၏။ ကောဇာသက္ကရာဇ် ၉၉၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၆၃၆ ခုနှစ် တွင် သာလွန်မင်းတရားကြီးတည် ထားတော်မူခဲ့ကြောင်း သိရှိရ၏။ စေတီတော်ကြီး၏ပုံစံမှာ ‘ဘုရား မာကြီး’ စသော သရေခေတ္တရာမှ ပျူခေတ်လက်ရာ ဘုရားကြီးများ နှင့်လည်းမတူ၊ ပုဂံခေတ်ဘုရား များ၏ ပုံစံနှင့်လည်း ကွဲပြားခြား နားသော ပုံစံဖြစ်၏။ ဉာဏ်တော် အမြင့်၊ အလုံးနှင့်အခုံးမှာ အချိုး ညီလှသော သမိုင်းအမွေအနှစ် ဗိသုကာလက်ရာဖြစ်၏။ ဤကဲ့သို့ သော ရှားပါးပုံစံအတွက် ဂုဏ်ယူ ကြရမည့်အစား သေးသိမ်အောင် အဓိပ္ပာယ်ဖွင့်ဆိုမှုများအကြောင်း ပြောပြလို၏။ ဘုရားဒါယကာ ဘုရင်ကြီးသည် ပုံစံတီထွင်ရန် အ မျိုးမျိုးကြံစည် စိတ်ကူးနေသော် လည်း စိတ်ကြိုက်ပုံစံမရရှိ၍ အ ခက်တွေ့နေစဉ် မိဖုရားကြီးက သူမ၏ ရင်ဘတ်ကို လှန်ပြလိုက် ရာ ဘုရင်ကြီးက စိတ်ကူးရပြီး ၎င်း ပုံစံအတိုင်း တည်ခြင်းဖြစ်သည် ဟု ပြောဆိုကြခြင်းဖြစ်ပေသည်။ မကြာမီက ရှေးဟောင်းအမွေအ နှစ်များအကြောင်း ဗိသုကာပညာ ရှင် ဒေါက်တာကျော်လတ်နှင့် စကားစပ်မိရာ ဂျာမန်ခရီးသွားဧည့် သည်များအား ဧည့်လမ်းညွှန်က အထက်ပါအတိုင်း ရှင်းလင်းပြော ကြားသည်ကို ၎င်းကိုယ်တိုင် နား နှင့် ဆတ်ဆတ်ကြားခဲ့ရ၍ ဧည့် လမ်းညွှန်အား မြန်မာပညာတတ် တစ်ဦးဖြစ်လျက် အမျိုးသားအမွေ အနှစ်အကြောင်းကို နိုင်ငံခြားသား များအား အထောက်အထားမဲ့ သေးသိမ်အောင် ရှင်းပြခြင်းဖြင့် အ သက်မွေးခြင်းမပြုရန် ဝင်ရောက်ပြောဆိုခဲ့ရကြောင်း စာရေးသူအား ပြောပြခဲ့ဖူး၏။ မှန်ပါသည် မြန်မာ ဖြစ်ပါလျက် အမျိုးသားဂုဏ်ရည် ကို ပေါ့ပေါ့တန်တန် ချိုးနှိမ်ပြော ကြဆိုရာတွင် ကြည်ညိုဖွယ် ကောင်းလှသော ကောင်းမှုတော် ဘုရားကြီးကိုပင် ချမ်းသာမပေးသူ များရှိကြောင်း တွေ့ရှိရပေသည်။

ထို့ထက်ပို၍ ဆိုးသည်မှာ ဘုရားကြီး၏ သင်္ကန်းအရောင်ကို ပြောင်းလဲလိုက်ကြ၍ သမိုင်းဝင် ရှေးဟောင်းဂုဏ်ရည်များ လျော့ ကျပျက်သုဉ်းခဲ့ခြင်းပင် ဖြစ်ပါ သည်။ ကောင်းမှုတော်စေတီတော် ကြီးသည် ၁၆၃၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၃၇၀ ကျော် ထုံးသင်္ကန်းဖြင့် တင့်တယ်စွာ စံ မြန်းတည်ရှိခဲ့၏။ စာရေးသူသည် ဆွမ်းဦးပုညရှင်ဘုရားကို ရောက် တိုင်း ဘုရားရင်ပြင်မှ အနောက် စူးစူးရှိ ကောင်းမှုတော်စေတီကို လှမ်းမျှော်ဖွေရှာမိ၏။ ‘ဖွေးဖွေး အင်းရေ၊ ယာမြေစိမ်းမြ၊ ဖြူလွမိုး သား၊ တိမ်များအောက်တွင်၊ ထုံး သင်္ကန်းနှင့် မြင့်မြင့်ခုံးခုံး၊ လုံးလုံး ကြွကြွ၊ ဝင်းပအကျော်၊ ကောင်းမှု တော်ကို၊ ကော်ရော်အထူး၊ မျှော် ဖူးလေတိုင်း၊ ပီတိလှိုင်းတို့၊ မဆိုင်း မတွ၊ ရင်မှာထ၏’ ဟု စာပန်းချီ ခြယ်မှုန်းခဲ့မိလေ၏။

၂၀၁၀ ခုနှစ်တွင် ဗိုလ်ချုပ်မှူး ကြီး (ငြိမ်း) သန်းရွှေ ဦးဆောင်၍ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင် များအပါအဝင် စုပေါင်းလှူဒါန်း ငွေ ကျပ်သိန်းခုနစ်ထောင်ကျော် ရရှိခဲ့ပြီး ရွှေသင်္ကန်းကပ်လှူခဲ့ ကြောင်း သိရှိရ၏။ မူလဖြူဖွေး သောအရောင်နှင့် မိုးပြာရောင် သည် ဖူးမြော်ရလေတိုင်း ရင်ကို အေးမြစေခဲ့သည်မှာ အမှန်ဖြစ်၏။ သို့သော် နွေခေါင်ခေါင် ကွင်းပြောင်ပြောင်တွင် ရွှေရောင်ပြောင်းခဲ့သည်ကို ဖူးမြင်ရလေတိုင်း ရင်ထဲ၌ ပူလောင်သော ဝေဒနာကို ခံစားရ၏။ သမိုင်းအမွေအနှစ် တန်ဖိုးပျက်စီးခြင်းက ရင်ကို ပိုမိုပူလောင်စေခဲ့၏။ ဒီမိုကရေစီခေတ်သို့ ရောက်သောအခါ စေတီတော် ဩဝါဒါစရိယအဖွဲ့ ဆရာတော်များနှင့် အများပြည်သူတို့က အဖြူရောင်ထုံးသင်္ကန်းကိုသာ လိုလားနှစ်သက်ကြောင်း သဘောထားများအရ ၂၀၁၇ ခုနှစ် ဒုတိယကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း အစည်းအဝေး၌ ရွှေသင်္ကန်း သက်တမ်းကုန်လျှင် ထုံးသင်္ကန်း ပြန်လည်ကပ်လှူရေး ညှိနှိုင်းဆောင်ရွက်မည်ဟူသော သာသနာရေးဝန်ကြီးဌာန ဝန်ကြီး၏ တင်ပြချက်ကို ကြားသိခဲ့ရ၏။ ယခုအခါ ဂေါပကအဖွဲ့က အဖုအပိမ့်များကို ရွှေဆေးပြန်သုတ်နေသည် ဟူသော သတင်းကြောင့် မြို့မိမြို့ဖများက အမြန်ဆုံး ထုံးသင်္ကန်းပြန် လည်ကပ်လှူရန် သဘောထားလက်မှတ်များ ကောက်ယူနေ ကြောင်းလည်း သိရှိရ၏။

ဤနေရာ၌ ထုံးပေါ်တွင် ရွှေ ရည်တောက်ခဲ့သော်လည်း ကုန်း ပေါ်တွင် ‘ရွှေ’ အမည် ပျောက်ခဲ့ သော ဖြစ်စဉ်တစ်ရပ်ကိုလည်း ပြန်လည်အမှတ်ရမိ၏။ လှိုင်သာယာ မြို့သစ်အတွက် သုသာန်တည် ဆောက်ပြီးသောအခါ သုသာန် အနီး၌ ရွှေတကောရိုးဟူသော ရိုး ငယ်လေးတစ်ခုရှိသည်ကို အစွဲပြု ၍ ‘ရွှေတကော’ သုသာန်ဟု အ မည်တွင်ခဲ့၏။ မကြာပါချေ။ သု သာန်အမည်ပြောင်းရန် အမိန့်ကျလာလေ၏။ အကြောင်းပြချက်မှာ ထိုစဉ်ကာလ နိုင်ငံ့အကြီးအကဲ၏ အမည်မှာ ‘ရွှေ’ဟူသော စကားလုံးကို  အမင်္ဂလာအရပ်၌ သုံးစွဲရန် မသင့်ကြောင်းဟု ပြောသံကြားရ ၏။ သုသာန်အမည်ကို ပဒန်ကွင်းဟူသော မြေစာရင်းပါ ကွင်းအမည်သုံး၍ ပဒန်သုသာန်ဟု ပြောင်းလဲ လိုက်ကြလေ၏။ ထိုအခါ အတွင်း ပဒန်နှင့် အပြင်ပဒန်ဟူသော ရွာ ကြီးနှစ်ရွာမှ ရွာသူ၊ ရွာသားများက ကန့်ကွက်ပြောဆိုကြပြန်၍ နောက်ဆုံးတွင် သုသာန်ကြီးအနီးရှိ ထိန်

ပင်ကြီးကိုတွေ့ပြီး ‘ထိန်ပင်’ သုသာန်ဟု ပြောင်းလဲခေါ်တွင်ခဲ့ သော ဖြစ်စဉ်ပေတည်း။

 မည်သို့ဆိုစေ ရွှေရောင် သင်္ကန်းသည် နေရာတိုင်း၌ မသင့် လျော်သည်မှာ အမှန်ပင်ဖြစ်၏။ စာရေးသူအတွက် ကောင်းမှုတော် စေတီကြီး၏ ထုံးဖြူရောင်ပျောက် ဆုံးခြင်းသည် သမိုင်းအမွေအနှစ် ဂုဏ်ရည်များ ပျောက်ဆုံးခြင်းဖြစ် ၍ ဒုတိယမြောက် ရှေးဟောင်း ဘုရားကြီး ဆုံးရှုံးသကဲ့သို့ ခံစားခဲ့ ရ၏။ အချိန်မဆိုင်းဘဲ အမြန်ဆုံး ထုံးသင်္ကန်းကို ပြန်လည်ဆင်မြန်း သင့်ကြောင်းနှင့် တတ်အားသမျှ ပါဝင်လှူဒါန်းနိုင်ရန်အတွက် စာမူ ခရငွေများကို ကြိုတင်စုဆောင်း လျက်ရှိပါကြောင်း ဖော်ပြရင်း နိဂုံးချုပ်အပ်ပါသည်။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)