မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင် ၂၀၀ နေပြည်တော်တွင် ဒုတိယအကြိမ် စိုက်ပျိုးမည်

ပထမအကြိမ်ကျင်းပစဉ်က မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီစိုက်ပျိုးပွဲသို့ တက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တွေ့ရစဉ်(ဓာတ်ပုံ − ပိုင်စိုးသူ)

 မြန်မာ-ဂျပန် ချစ် ကြည်ရေးအထိမ်းအမှတ်အဖြစ် ချယ်ရီပင် ၂၀၀ ကို နှစ်နေရာခွဲ၍ ဒုတိယအကြိမ် ဆက်လက်စိုက် ပျိုးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက 7Day Dailyသတင်းစာအား ပြောသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၁) နှင့် Royal Myanmar Golf Club တို့ကို ရွေးချယ်ထားကြောင်း ပြည် တွင်း၊ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က အတည်ပြုပြော ကြားသည်။


အဆိုပါ ချယ်ရီပင်စိုက်ပျိုးမှု ကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် မြန်မာအပြည်ပြည်ဆိုင် ရာ ကွန်ဗင်ရှင်းစင်တာ (၁) ၌ ကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံလွှတ် တော်ဥက္ကဋ္ဌများ တက်ရောက်မည် ဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ဆိုသည်။

နေပြည်တော်တွင် ယမန် နှစ်က နှစ်နိုင်ငံချစ်ကြည်ရေးအ ထိမ်းအမှတ်အဖြစ် ပထမအကြိမ် ချယ်ရီပင်စိုက်ပျိုးပွဲကို ဗိုလ်ရှု သဘင်သို့ သွားရာလမ်းတွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် တက်ရောက်ပြီး ကိုယ်တိုင်ပါဝင်စိုက်ပျိုးခဲ့သည်။

ပထမအကြိမ် စိုက်ပျိုးမှု တွင် ဂျပန်နိုင်ငံ၏ မျိုးရင်းဖြစ် သော ယောကိုးဆကူရာ (YOKO SAKURA) အမျိုးအစား ချယ်ရီ ပင်ကို အပူပိုင်းဒေသများ၌ စိုက် ပျိုးနိုင်စေရန် အင်နီးယားရင်း နည်းပညာဖြင့် ပြုပြင်ပြောင်းလဲ စိုက်ပျိုးခဲ့သည်။

‘‘အဲဒီမျိုးကိုပဲ ဒုတိယအ ကြိမ် ဆက်လက်စိုက်ပျိုးတာဖြစ် ပါတယ်’’ဟု ဦးကျော်ကျော်လွင် က ပြောသည်။

မြန်မာ-ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ် ချယ်ရီပင်စိုက်ပျိုး မှုကို ၂၀၂၀ အထိ ရည်မှန်းချက် ထား ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၇ ကစတင်ကာ နှစ်စဉ် အပင် ရေ၂၀၀ နှုန်း စိုက်ပျိုးနေခြင်းဖြစ်သည်။