ပြည်မြို့တွင် သက်ငယ်တန်း အနောက်တိုင်း လက်ဝှေ့ပြိုင်ပွဲပြုလုပ်

ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသူနှစ်ဦး (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပြည်မြို့ စင်္ကြံတောင် ဘုန်းကြီးကျောင်းဝင်းတွင် သက် ငယ်တန်းအနောက်တိုင်းလက်ဝှေ့ ပြိုင်ပွဲကို ဇန်န၀ါရီ ၉ ရက်က ကျင်းပခဲ့ကြောင်း ပြည်မြို့နယ်အနောက်တိုင်း လက်ဝှေ့ဆပ်ကော်မတီမှ ပဲခူးတိုင်းဒေသကြီးအဆင့် လက် ဝှေ့ချန်ပီယံဟောင်း ဦးဝင်းနိုင်က ပြောသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို ပြည်မြို့နယ် အနောက်တိုင်းလက် ဝှေ့ဆပ်ကော်မတီက ဦးဆောင် ကျင်းပပြီး လက်ဝှေ့ပညာကိုစနစ် တကျ သင်ကြားထားသည့် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားများယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

‘‘လက်ဝှေ့အားကစားနည်း ကို အစိုးရထောက်ပံ့မှုကလည်း အားနည်းတယ်။ လူငယ်အားက စားသမားတွေလည်း မျိုးဆက် ပြတ်နေတာကြောင့် မျိုးဆက်ပြန်လည်ရှင်သန်လာစေဖို့ ရည်ရွယ်တယ်’’ဟု လက်ဝှေ့ချန်ပီယံ ဟောင်း ဦးဝင်းနိုင်က ပြောသည်။

ယင်းဘုန်း ကြီးကျောင်းဝင်းအတွင်း အနောက်တိုင်းလက်ဝှေ့ပညာ စိတ်ပါဝင်စားသည့် လူငယ်များ အခမဲ့သင်ကြားနိုင်ရန် သင်တန်းပေးနေပြီး ယခု ကျင်းပသည့် ပြိုင်ပွဲသည် ဒုတိယအကြိမ်မြောက်သင်တန်းဆင်းအထိမ်းအမှတ်ပြိုင်ပွဲဖြစ်၍ သင်တန်းသား ၆၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ပြီး ဆုအသီးသီးချီးမြှင့်ခဲ့သည်။

‘‘ဒီအားကစားကို စနစ်တကျ သင်ကြားထားတဲ့အတွက် လူငယ် ဖြစ်နေဦးတော့ အရေးကြုံလာရင်တောင် ကိုယ့်ကိုယ်ကိုယ်ကာ ကွယ်နိုင်မယ်လို့ ယုံကြည်တယ်’’ ဟု ၃၈ ကီလိုဝိတ်တန်းတွင် ၀င် ရောက်ယှဉ်ပြိုင်သူ ကျောင်းသား တစ်ဦးက ပြောသည်။