အပ်ထားသည့်ငွေပြန်မရ၍ ကြွက်သတ်ဆေးသောက်သူကို သေကြောင်းကြံမှုဖြင့် အမှုဖွင့်

 ရွှေလက်ကောက်ပြု လုပ်ရန် အပ်ထားသည့်ငွေပြန်မရ ၍ ရွှေဆိုင်ရှေ့တွင် ကြွက်သတ် ဆေးငါးထုပ်ဝယ်ကာ သောက်ခဲ့ သည့်အသက် (၂၃) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို အောင်လံ မြို့မ ရဲတပ်ဖွဲ့စခန်းက သေကြောင်းကြံစည်မှု ပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့မရဲတပ်ဖွဲ့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးသည် ဆင် ပေါင်ဝဲမြို့နယ် ဂွေးချိုကျေးရွာ တွင် နေထိုင်ကာ ပြီးခဲ့သည့်လများ အတွင်း အောင်လံမြို့မဈေးကြီး ရှိ ရွှေဆိုင်တစ်ဆိုင်၌ အလုပ်လုပ်နေသူထံ ရွှေလက်ကောက် ပြုလုပ်ရန် ကျပ်ငါးသိန်း အပ်နှံထားခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၁၀ ရက်က ယင်း အပ်နှံငွေကို သွားရောက်တောင်း ခံရာ ငွေအပ်နှံသူ အလုပ်သမား လူငယ်သည် အလုပ်မဆင်းသ ဖြင့် ဆိုင်ရှင်က ၎င်းကို ငွေစိုက် ထုတ်ပေးရန် ပြောကြားခဲ့ရာ မရ သဖြင့် ကြွက်သတ်ဆေးထုပ်ငါးထုပ် ဝယ်ယူကာ ဆိုင်ရှေ့တွင် သောက်ခဲ့ကြောင်းယင်းမှတ်တမ်း၌ ဖော်ပြထားသည်။

‘‘အဲဒီဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်လေးကို အပ်ထားတာ၊ သွားတောင်းတော့ အဲဒီကောင်လေးက အလုပ်မလာဘူး၊ ဆိုင်ရှင်ကို စိုက်ပေးခိုင်းတာ မပေးဘူးပြော လို့ ကြွက်သတ်ဆေးကို ဈေးထဲက သွားဝယ်ပြီး သောက်ပစ်လိုက် တာလို့သိရတယ်။ အသေးစိတ် စစ်ဆေးနေတုန်းပါပဲ’’ ဟု အောင် လံမြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေဆိုင်သို့ မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဆေးရုံသို့ အချိန်မီပို့ဆောင် ခဲ့သဖြင့် အဆိုပါအမျိုးသမီး သေ ဆုံးခြင်းမရှိဘဲ အောင်လံပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေကြောင်း ၎င်းကဆိုသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၀၉ သည် မိမိကိုယ်ကိုယ် သေစေရန် ကြံစည်ခြင်း၊ အားထုတ်လုပ် ဆောင်ခြင်းဖြစ်ပြီး ယင်းပြစ်မှု ကျူးလွန်ပါက ထောင်ဒဏ်တစ် နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ် နိုင်သည်။