မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်မည့်အချက်များကို စီးကူးထုတ်ပြန်

မန္တလေး−မူဆယ် လမ်းပိုင်းတစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ − Min Htet)

မန္တလေး-မူဆယ်ကုန် သွယ်ရေး လမ်းကြောင်းတွင် ပိတ် ဆို့မှု မရှိစေရေး ယာဉ်ကြောရှင်း လင်းရန် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ-တရုတ် အဓိကကုန် သွယ်ရာ လမ်းကြောင်းဖြစ်ပြီး နှစ် စဉ်လယ်ယာထွက်ကုန်များ တင် ပို့နေသည့် မန္တလေး - မူဆယ် လမ်းကြောင်း ပိတ်ဆို့မှု မရှိစေရေး အဆိုပါဝန်ကြီးဌာနတွင် ဇန်နဝါရီ ၁၀ ရက်က အစည်းအဝေး ပြု လုပ်၍ ထုတ်ပြန်ခြင်းဖြစ်သည်။

‘‘အဓိကရဲအင်အားထပ်တိုး ဖို့ ဆွေးနွေးခဲ့တယ်။ နောက်ပြီး ကော်မတီဖွဲ့ဖို့ပါတယ်။ ရေရှည်စီ မံကိန်းတွေ မလာခင် သုံးနှစ်စာ လောက် ရေတိုဖြေရှင်းပေးဖို့ ဆွေးနွေးခဲ့တာပါ’’ ဟု ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦခွန်ရဲထွေးက ပြောကြားသည်။

မန္တလေး-မူဆယ်ကုန်သွယ် မှု လမ်းကြောင်းသည် ကုန်စည် တန်ချိန်ကိုးသန်းမှ ၁၀ သန်းအထိ သယ်ယူပို့ဆောင်နေသည့် အဓိ က လမ်းကြောင်းဖြစ်ပြီး ကုန်သွယ်မှု လျင်မြန်လျောမွေ့စေရေးအရေးကြီးကိစ္စအဖြစ် ဆောင်ရွက်ရမည်ဟု အထက်ပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ထိုအစည်းအဝေးတွင် ပြောသည်။

ထို့အပြင် နောင်ချို - ဂုတ် တွင်းလမ်းပိုင်း ကုန်တင်ယာဉ်များ ထားရှိရန်၊ ဆယ်တင်ယာဉ်များ ထားရှိရန်၊ ယာဉ်များတန်ပိုတင် ဆောင်ခြင်းမပြုရန်၊ ယာဉ်ပိတ်ဆို့ မှု မရှိစေရေး အချိန်နှင့်စေလွှတ် ရန်၊ ယာဉ်ပိတ်ဆို့ပါက အချိန်နှင့် တစ်ပြေးညီ ရှင်းလင်းရန်နှင့် အ ခြားနေရာများကပါ ယာယီတား ဆီးရန်၊ စည်းကမ်းပျက်ယာဉ်နှင့် ယာဉ်မောင်းများကို ဥပဒေနှင့် အညီ အရေးယူရန် အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့သည်။

အဆိုပါလမ်းမကြီးပေါ်တွင် လမ်းပြုပြင်ခြင်း၊ တိုးချဲ့ခြင်းလုပ် ငန်းများ၊ လမ်းဘေးရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းများကို Ori-ental Highway Co.,Ltd က အချိန်မီ ပြုပြင်ရန် တာဝန်ပေးခဲ့သည်ဟုဆိုသည်။

အထက်ပါ မန္တလေး-မူဆယ်လမ်းမကြီးတွင် စက်သုံးဆီသယ် ယာဉ်တစ်စီး ဂုတ်တွင်းအနီးလမ်း ပေါ်၌ ပျက်နေခြင်းကြောင့် ပြီးခဲ့ သည့် ဒီဇင်ဘာ ၃၀ ရက် ည ၁၂ နာရီမှ ဒီဇင်ဘာ ၃၁ ရက်မွန်းလွဲ ၁၂ နာရီကျော်အထိ လမ်းပိတ်ဆို့ မှု ဖြစ်ပွားခဲ့သည်။

More in Business Section