အာဆင်နယ်နှင့် ချယ်လ်ဆီးသရေကျပြီး ပီအက်စ်ဂျီနှင့်ရီးရဲလ် လိဂ်ဖလား နောက်တစ်ဆင့်တက်

လီဂူးဝမ်းကလပ် ပီအက်စ်ဂျီက တစ်ဦးလျော့ အမီ ယန့်စ်အသင်းကို နိုင်ပြီး ပြင်သစ် လိဂ်ဖလားကို ငါးကြိမ်ဆက်ရယူ မည့် လမ်းကြောင်းပေါ်၌ရှိနေစဉ် ရီးရဲလ်က နူမန်စီယာကို သရေကျသော်လည်း နှစ်ကျော့ပေါင်း ရလဒ်ဖြင့် ကိုပါဒယ်ရေးကွာတား ဖိုင်နယ်သို့ တက်ရောက်နိုင်ကာ အင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့တွင် အာဆင်နယ် နှင့် ချယ်လ်ဆီးတို့ ဂိုးမရှိသရေကျ ခဲ့သည်။


အိမ်ကွင်းတွင် အာဆင်နယ် ကို ဂိုးမပေးခဲ့ရခြင်းသည် အပြု သဘောဆောင်သော ရလဒ်ဖြစ် သည်ဟု ချယ်လ်ဆီးနည်းပြကွန် တီက ပြောသည်။ ဒုတိယအ ကျော့ကို အာဆင်နယ်ကွင်းတွင် ကစားရမည့်အခြေအနေနှင့် ပတ် သက်၍ ကွန်တီက ‘‘ကျွန်တော်ဝင်ဘလေမှာ ဗိုလ်လုပွဲကစားခွင့် ရဖို့ ဖြစ်နိုင်ခြေအတူတူရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဂိုးမပေးခဲ့ရတာဟာ ဒုတိယအကျော့အတွက် အရေးပါတယ်ဆိုတာကို လည်း မေ့ထားလို့ မရပါဘူး’’ဟု ပြောသည်။

နူမန်စီယာကို ပထမအ ကျော့တွင် သုံးဂိုးပြတ်နိုင်ထား သော ရီးရဲလ်သည် ဒုတိယအ ကျော့၌ အနိုင်မယူနိုင်ဘဲ တစ်ဦး အသာဖြင့် ကစားခဲ့ရသော်လည်း နှစ်ဂိုးစီသရေကျခဲ့သည်။ လတ် တလောရလဒ်မကောင်းဖြစ်နေ သည့် ရီးရဲလ်နည်းပြဇီဒန်းက ၎င်းသည် စာချုပ်သစ်ချုပ်ဆိုခဲ့သော် လည်း ယင်းစာချုပ်မှာ အနာဂတ် အတွက် မည်သို့မျှဆိုလိုခြင်းမရှိ ဟု ပြောသည်။ ရီးရဲလ်နှင့် ၂၀၂၀ အထိ စာချုပ်သက်တမ်းရှိနေ သည့် ဇီဒန်းက ကစားသမားများ ၏ စွမ်းဆောင်မှုနှင့် ပတ်သက်၍ ကျေနပ်မိသည်ဟု ပြောသည်။ကိုပါဒယ်ရေး နောက်ဆုံးအဆင့် သို့ အက်သလက်တီကို၊ ဗလင်စီယာ၊ အလာဗက်စ်နှင့် လီဟာ နက်စ်တို့ တက်ရောက်ပြီးဖြစ်ကာ ဘာကာနှင့် ဆယ်လ်တာဗီဂိုတို့ တွင် တစ်သင်းတက်ခွင့်ရမည်ဖြစ် သည်။

အမီယန့်စ်အသင်းကို ၂-၀ ဂိုးဖြင့် နိုင်ပြီး ပြင်သစ်လိဂ်ဖလား ဆီမီးအဆင့်သို့ ပီအက်စ်ဂျီရောက် ရှိခဲ့သည့် ပွဲတွင် ဘရာဇီးတိုက် စစ်မှူး နေမာသည် ပြိုင်ပွဲအရပ်ရပ်ဂိုး ၂၀ ပြည့်မြောက်ခဲ့သည်။ မိမိတို့သည် အနိုင်ရလိုသော စိတ်၊ ဖလားရလိုသော စိတ်ဓာတ်အ ပြည့်ဖြင့် ရိန်းစ်အသင်းကို သွား ရောက်ရင်ဆိုင်မည်ဟု ပီအက်စ် ဂျီနည်းပြ အမ်မရီက ပြောသည်။ဆီမီးဖိုင်နယ်တွင် မိုနာကိုနှင့် မောင့်ပယ်လီယာတို့မှ နိုင်သောအသင်းဗိုလ်လုပွဲသို့ တက်မည်ဖြစ်သည်။ —Ref:BBC/AS/ESPN