နည်းပြ ဟိုင်းနက်စ်ကို ဘိုင်ယန်အသင်း တာဝန်ရှိသူများ ရေရှည်လက်တွဲလို

ဂျာမန်ဖလားနှင့် ချန် ပီယံလိဂ်တို့တွင် အသင်းငယ်များ နှင့် ရင်ဆိုင်ရမည့် ဘိုင်ယန်မြူး နစ်သည် ဘွန်ဒက်စ်လီဂါ၌ ၁၁ မှတ်ဖြတ်၍ ဦးဆောင်ထားပြီး နောက်ထပ်ဖလားသုံးလုံးရရန် အခြေအနေကောင်းနေစဉ် နည်း ပြဂျပ်ဟိုင်းနက်စ်ကို ဘိုင်ယန်အ သင်းတာဝန်ရှိသူများက အသင်း တွင် ရေရှည်ဆက်နေစေလိုသည်။


ဘိုင်ယန်ကို နောက်ဆုံးကိုင် တွယ်ခဲ့သည့် ၂၀၁၃ က ဖလား သုံးလုံးရယူပေးခဲ့သော ဟိုင်း နက်စ်သည် အန်ဆယ်လော့တီ ထုတ်ပယ်ခံရပြီးနောက် ဘိုင်ယန် သို့ ပြန်ရောက်လာပြီး ရလဒ်ပိုင်း အထူးကောင်းမွန်နေသည်။

ဟိုင်းနက်စ်လက်ထက်တွင် မိုချန်ဂလာဘတ်တစ်သင်းကိုသာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကျန် ၁၅ ပွဲစလုံးအနိုင်ရရှိပြီး အနီးဆုံးပြိုင် ဘက် ရှော်လ်ကေးကို ၁၁ မှတ် ဖြတ်ထားသည်။

သို့သော်ဟိုင်းနက်စ် (၇၃) နှစ်က ၎င်းသည် ဘိုင်ယန်ကို ခက် ခဲသော အချိန်တွင် ကူညီရန် ရောက်လာခြင်းဖြစ်ပြီး ယခုရာ သီထက်ကျော်လွန်၍ မနေလိုဟု ပြောဆိုထားသည်။

‘‘ကျွန်တော်လုံးဝပိုပြီး မနေ ချင်ပါဘူး’’ဟု ဟိုင်းနက်စ်က ၎င်း ၏ အနာဂတ်နှင့် ပတ်သက်၍ ပြောကြားသည်။

သို့သော်ဘိုင်ယန်ဥက္ကဋ္ဌ ယူ လီဟိုးနက်စ်က ဟိုင်းနက်စ်ပြန် လာခြင်းသည် ထီဆုကြီးပေါက် ရန် သေချာသလောက်အခြေအ နေတစ်ရပ်ဖြစ်ပြီး ၎င်းသည် လာ မည့်ရာသီတွင် ဘိုင်ယန်အတွက် နံပါတ် (၁)နည်းပြအဖြစ်ရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။

ဘိုင်ယန်အသင်းတာဝန်ရှိ သူများအပြင် အသင်းသားများက လည်း ဟိုင်းနက်စ်ကို အသင်းတွင်ဆက်နေစေလိုသည်။

ဘိုင်ယန်သည် သောကြာ နေ့တွင် တစ်ရာသီလုံးအိမ်ကွင်း ရှုံးပွဲမရှိသေးသော လေဗာကူဆင်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပွဲ သည် အလွန်ခက်ခဲသော ပွဲဖြစ်မည်ဟု ဘိုင်ယန်အားကစား ညွှန်ကြားရေးမှူး ဟာဆန်ဆာလီဟာ မစ်ဒစ်ကပြောသည်။ —Ref:AP