မာရှေယာနိုကို ဘာစီလိုနာက တရုတ်ဟီဘေအသင်းသို့ ရောင်းရန်စီစဉ်ထားပြီး ပါမီးရက်စ်ကစားသမား ယယ်ရီမီနာကိုခေါ်ယူ

ဘာစီလိုနာက ၎င်း တို့၏ အာဂျင်တီးနားနောက်ခံလူ မာရှေယာနိုကို တရုတ်စူပါလိဂ်မှ ဟီဘေအသင်းသို့ ရောင်းချရန် သဘောတူခဲ့ပြီး ပါမီးရက်စ်မှ ကိုလံဘီယာနောက်ခံလူ ယယ်ရီ မီနာကို ယူရို ၁၁ ဒသမ ၈ သန်း ဖြင့် ခေါ်ယူခဲ့သည်။


မာရှေယာနို (၃၃)နှစ်သည် ဟီဘေအသင်းတွင် တစ်နှစ်လျှင် ယူရိုခုနစ်သန်းရမည်ဖြစ်ပြီး ယင်း အသင်း၌ ၎င်း၏ အာဂျင်တီးနား အသင်းဖော် လာဗက်ဇီနှင့် ပြန် လည်ဆုံစည်းမည်ဖြစ်သည်။

ဘာစီလိုနာက ၂၀၁၈ တွင် ဒုတိယမြောက် ကစားသမားသစ် အဖြစ် ယယ်ရီမီနာကို ငါးနှစ်ခွဲ စာချုပ်ဖြင့် ခေါ်ယူကြောင်း ကြေ ညာခဲ့သည်။

ယယ်ရီမီနာသည် ဥရောပသို့ပြောင်းလာပြီးနောက် ဆက်လက် တိုးတက်ရေး ဘာစီလိုနာသို့ ရောက်လာပြီဖြစ်ကြောင်း အသင်း၏ ကြေညာချက်၌ ဖော်ပြထား သည်။

ဘာစီလိုနာမှ မာရှေယာနို ထွက်ခွာရန် သေချာနေစဉ် ယခု ရာသီတွင် ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက နောက်တန်းတွင် ပီကေး၏ လက်တွဲဖော်အဖြစ် ဗာမီလန်ကို ရွေးချယ်ပြီး အွမ်တီတီသည် ဒဏ်ရာကြောင့်နားနေရသည်။

အွမ်တီတီကို မန်စီးတီးနှင့် မန်ယူတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ဘာစီလိုနာသည် ယခုနှစ်တွင် လီဗာပူးမှ ဘရာဇီးကွင်းလယ်လူ ကော်တင်ဟိုကိုခေါ်ယူပြီးနောက် ယယ်ရီမီနာကို ခေါ်ယူခြင်းဖြစ်သည်။ ၎င်းအတွက်စာချုပ်ဖျက်သိမ်းကြေး ကို ဘာစီလိုနာက ယူရိုသန်း ၁၀၀ သတ် မှတ်ထားသည်။

ယယ်ရီမီနာ (၂၃)နှစ်ကိုဘာစီလိုနာက ယနေ့ တရားဝင်မိတ်ဆက်မည်ဖြစ်သည်။

—Ref:AS/Goal