■ အားကစား သတင်းတိုများ

အာဆင်နယ်မှ ပြင်သစ်ကွင်းလယ်လူ ဖရန်စစ်ကိုကွယ် လင်ကို ဗလင်စီယာအသင်းသို့ ရောင်းရရေး သဘောတူညီ ခဲ့သည်ဟု လိဂ်ပွဲဆီမီးဖိုင်နယ် ပထမအကျော့ပြီးချိန်တွင် အာဆင်နယ်နည်းပြဝင်းဂါးက အတည်ပြုသည်။
 

ယနေ့ည လေဗာကူဆင်နှင့်ပွဲတွင် လီဝမ်ဒေါစကီးနှင့်ဟမ်းမဲလ်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ဟု ဘိုင် ယန်နည်းပြ ဂျပ်ဟိုင်းနက်စ်က ပြောသည်။

လိုက်ပ်ဇစ်အသင်းသည် လီဗာပူးက အလိုရှိနေသော ကွင်းလယ်လူ နာဘီကီတာကို နွေရာသီတွင် ထွက်ခွာခွင့်ပြုရန် သဘောတူထားသော်လည်း ကစားသမားကိုယ်တိုင်က ဇန်နဝါရီ၌ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေပြီး ကမ်းလှမ်းမှုဈေးပိုလာသဖြင့် ယခုလအတွင်း ထွက်ခွာခွင့်ပြုဖွယ် ရှိသည်။

ရီးရဲလ်နောက်တန်းလူ မာဆယ်လိုသည် စပိန်အခွန်ရုံးကတောင်းဆိုသော ယူရို ၅၀၀,၀၀၀ ကို အသင်းဖော် လူကာမို ဒရစ်လမ်းကြောင်းအတိုင်း စိန်ခေါ်မှုမလုပ်ဘဲ ပေးဆောင် ရန် ဆုံးဖြတ်ခဲ့သည်။

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားမတိုင်မီ ခြေစမ်းပွဲများကစားရန် နိုင်ဂျီးရီးယားနှင့် ဇွန်လ ၂ ရက်၊ ကော်စတာရီကာနှင့် ဇွန်လ ၇ ရက်တွင် စီစဉ်ထားသည်။ ယင်းနှစ်သင်း စလုံး ဗြိတိန်နိုင်ငံသို့ လာရောက်ကစားမည်ဖြစ်သည်။

လာမည့်လတွင် အသက် (၅၁)နှစ်ပြည့်တော့မည့် ဂျပန်တိုက်စစ်မှူး ကာဂူယိုရှိမူရာသည် ဂျပန်ဒုတိယတန်းကလပ် ယိုကိုဟားမားအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီး ယင်းမှာ ၎င်း၏ ကစားသမားဘဝ ၃၃ ရာသီမြောက်အတွက် ပြင်ဆင် ခြင်းဖြစ်သည်။