ခြေစမ်းပွဲတွင် မြန်မာဖူဆယ်အသင်း ထိုင်းယူ-၂၃ အသင်းကို ရှုံးနိမ့်

 မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ ထိုင်းနိုင်ငံ ခြေစမ်း ခရီးစဉ် စတုတ္ထခြေစမ်းပွဲတွင် ထိုင်းယူ-၂၃ ဖူဆယ်လက်ရွေး စင်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။

ဇန်န၀ါရီ ၁၁ ရက်က ဘန် ကောက်မြို့၌ ယှဉ်ပြိုင်သည့် ယင်းပွဲတွင် ထိုင်းယူ-၂၃ အသင်းက မြန်မာအသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ မြန်မာအသင်း သည် ခံစစ်ကိုသာ အဓိကအားပြု ကစားခဲ့ရပြီး တန်ပြန်တိုက် စစ်ဖြင့်သာ ထိုင်းယူ-၂၃ အသင်း ဘက်သို့ တစ်ခါတစ်ရံထိုးဖောက် နိုင်ခဲ့သည်။

ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ် ခဲ့သော်လည်း ဒုတိယပိုင်းတွင် ထိုင်းယူ-၂၃ အသင်းက နှစ်ဂိုးထပ်မံသွင်းယူကာ မြန်မာအသင်းကို အနိုင်ယူခဲ့သည်။ မြန်မာဖူဆယ် အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကိုနိုင်ရဲကျော်က သွင်းယူခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းခြေစမ်းခရီး စဉ်ပထမပွဲတွင် ထိုင်းကလပ် Cat ဖူဆယ်အသင်းကို ၃-၂ ဂိုးဖြင့် အ နိုင်ရခဲ့ပြီး ဒုတိယပွဲ၌ ထိုင်းကလပ် သာခန်း ဖူဆယ်အသင်းနှင့် နှစ်ဂိုး စီသရေကျခဲ့သည်။ ခြေစမ်းပွဲ တတိယပွဲနှင့် စတုတ္ထပွဲအဖြစ် ထိုင်းယူ-၂၃ လက်ရွေးစင်အ သင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့သည်။

အာရှဖူဆယ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကစားသမား ၁၆ ဦးပါဝင်သည့် မြန်မာဖူဆယ်အ သင်းသည် ဇန်န၀ါရီ ၃ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲလေး ပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲရှုံးရလဒ်ထွက်ပေါ် ခဲ့သည်။

၂၀၁၈ အာရှဖူဆယ်ပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၁ ရက် အထိ တိုင်ပေတွင် ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းက အုပ်စု (ဂ)၌ လက်ရှိချန်ပီယံ အီရန်၊ အီရတ်၊ တရုတ်အသင်းတို့နှင့် ကျ ရောက်နေသည်။