ဝန်ကြီးနှစ်ဦး နုတ်ထွက်မှုကို စိတ်မကောင်းဖြစ်၍ မကွေးတိုင်းဝန်ကြီးချုပ် မျက်ရည်ကျ

မကွေးဝန်ကြီးချုပ် ယမန်နေ့က မီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ - မိုးကျော်)

 မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သော ဝန်ကြီးနှစ်ဦးသည် အခက်အခဲများ ဖြတ်သန်းနေရစဉ်ကပင် အတူတူ ရုန်းကန်ခဲ့သူများဖြစ်သဖြင့် ၎င်းတို့နုတ်ထွက်ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မီဒီယာများအားပြန်လည်ပြောပြစဉ် မျက်ရည်ကျခဲ့သည်။


‘‘ဒီဝန်ကြီးနှစ်ပါးက အင် မတန်ကို ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေမှာ ကျွန်တော်တို့နဲ့ ညီအစ်ကိုမောင်နှမလို၊ ညီရင်း အစ်ကိုလို အေးအတူပူအမျှ ရုန်း ကန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့နှစ် ယောက်စလုံး စိတ်မကောင်းဘူး။ စိတ်မကောင်းပါဘူး ဒီလောက်ပဲ ပြောပါရစေ’’ဟု ဇန်နဝါရီ ၁၁ရက်နေ့လယ်က ဝန်ကြီးချုပ်ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားရင်း မျက်ရည်ကျခဲ့သည်။

 မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးနေမျိုးကျော် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်တို့ နှစ်ဦး ဇန်နဝါရီ ၅ ရက်က ၎င်း တို့၏ သဘောဆန္ဒအရ ရာထူး တာဝန်များက နုတ်ထွက်ခဲ့ပြီး နိုင်ငံတော်သမ္မတက နုတ်ထွက် ခွင့်ပြုကြောင်း ဇန်နဝါရီ ၁၀ ရက် တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။