ကလေးစစ်သားဟောင်းအမှု စွဲချက်တင်ရန် သင့်၊ မသင့် ဇန်နဝါရီ ၁၇ ရက် အမိန့်ချမည်

တပ်မတော်က တရားစွဲ ဆိုထားသည့် ကလေးစစ်သား ဟောင်းအမှုကို ဇန်နဝါရီ ၁၇ ရက် တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက စွဲချင်တင်ခြင်းနှင့်ပတ်သက် သည့် အမိန့်ချမှတ်မည်ဖြစ်သည်။

ဖြစ်စဉ်သည် ယခု အသက် (၂၆)နှစ်အရွယ်ရှိ ကိုအောင်ကို ထွေးသည် (၁၄)နှစ်အရွယ်က ကလေးစစ်သားအဖြစ် စုဆောင်း ခံရချိန်ကစတင်ကာ အိမ်ပြန် ရောက်သည်အထိ ၁၀ နှစ်ကျော် ဘဝ အတွေ့အကြုံများကို RFA သတင်းဌာနအား ရုပ်သံအင်တာ ဗျူးဖြေကြားခဲ့သည်။ ထိုသို့ ဖြေ ကြားသဖြင့် တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်အောင်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားလိုပြုလုပ်၍ ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား တိုင်တန်း ခြင်းဖြစ်သည်။

စွဲချက်အမိန့်နှင့်ပတ်သက်၍ စွပ်စွဲခံရသူ ကလေးစစ်သား ဟောင်း၏ ရှေ့နေက အမှုသည် RFA သတင်းဌာနတွင် ဖြေကြားခဲ့ သော တပ်မတော်တွင်း ဖြစ်ပွားခဲ့ သည့် အခြေအနေများ မှန်၊ မမှန် တရားလိုနှင့် တရားလိုပြသက် သေများက   စစ်ဆေးခြင်းမရှိ သဖြင့် အမှုကို စွဲချက်တင်၍ ဆက်လက်စစ်ဆေးရန် မသင့်ကြောင်း သုံးသပ်သည်ဟု 7Day Daily သတင်းစာအား ပြောကြားသည်။

‘‘တရားစီရင်ရေးရဲ့ သဘော တရားမှာ တရားစွဲတဲ့သူက စွဲတဲ့ ပုဒ်မနဲ့အညီ အပြစ်ရှိကြောင်း ခိုင် လုံအောင် သက်သေပြဖို့လည်း တာဝန်ရှိတယ်။ အောင်ကိုထွေး က စတင်စုဆောင်းခံရတဲ့အချိန် ကနေစပြီး တာဝန်ထမ်းဆောင်ခဲ့ တဲ့အချိန်ရယ် သူပြောခဲ့သမျှ အ ကြောင်းအရာတွေ မှန်၊ မမှန်ကို တရားလိုရော၊ တရားလိုပြသက် သေတွေရောက သက်ဆိုင်ရာ တပ်ရင်းတွေမှာ ဘယ်နေရာမှာမှ စစ်ဆေးခြင်းမရှိဘူး။ တပ်မတော် က ချမှတ်ထားတဲ့ မူဝါဒက ဘယ် နေရာမှာမဆို တစ်ပြေးညီတည်းပဲ ဆိုတဲ့ အချက်တစ်ချက်တည်းမှာ လာရောက်ထွက်ဆိုတယ်။ အဲဒါ ကြောင့် စွဲချက်မတင်သင့်ဘူးလို့ သုံးသပ်ပါတယ်’’ဟု စွပ်စွဲခံရသူ ကလေးစစ်သားဟောင်း  ကိုအောင်ကိုထွေး ၏ ရှေ့နေက  ပြောသည်။ ထို့အပြင် တရားလိုသည်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး တစ် ဦးဖြစ်သလို တရားလိုပြသက် သေလေးဦးသည်လည်း ဗိုလ်ကြီးအဆင့်ရှိသူများဖြစ်၍ စွပ်စွဲခံရသူ ကလေးစစ်သားဟောင်းကဲ့သို့ တပ်သားအဆင့်များ မပါဝင် ကြောင်း ၎င်းက ထောက်ပြပြော ဆိုသည်။ ကိုအောင်ကိုထွေးသည် ၂၀၀၅ က နေပြည်တော်မှအပြန် ရန်ကုန်ဘူတာကြီး၌ ကလေးစစ် သားအဖြစ် စုဆောင်းခံရပြီး ၂ နှစ်ကျော်အကြာ တပ်မှ ထွက်ပြေး ချိန်တွင် အတူပြေးလာသူတစ်ဦး က ဆိုင်ကယ်လုယက်ရင်း လူ သတ်မိခြင်းကြောင့် ကြံရာပါအ ဖြစ် သေဒဏ်ချမှတ်ခံခဲ့ရသည်။

ထို့နောက် သေဒဏ်မှ တစ် သက်တစ်ကျွန်း၊ ယင်းမှ ထောင် ဒဏ် ၁၀ နှစ် ပြောင်းလဲကျခံ၍ ၂၀၁၇ ဇူလိုင် ၇ ရက်တွင် မန္တလေးအိုးဘိုထောင်မှ ၎င်း အသက် (၂၆)နှစ်အရွယ်၌   ပြန်လည်လွတ် မြောက်လာသည်။

ပုဒ်မ ၅၀၅ (ခ)သည် နိုင်ငံ တော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက် သောသူက ကျူးလွန်ချင်လာ အောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်း ကောင်း၊ ကြောက်ခြင်း၊ ထိတ် လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ် ဖြစ်စေတန်ရာသည့်အကြောင်းရှိ လျှင် ထိုသူကို ၂ နှစ်အထိ ထောင် ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထား သည်။

တပ်မတော်က အရွယ်မရောက်သေးသူ ကလေးစစ်သား များကို ၂၀၁၂ ကစ၍ နုတ်ထွက် ခွင့်ပြုခဲ့ရာ ၂၀၁၇ အထိ ကလေး စစ်သား ၈၇၇ ဦး နုတ်ထွက်ခွင့် ပေးခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ထားသည်။

More in Crime Section