မြန်မာအိမ်ဖော်ကို နှိပ်စက်ခဲ့သည့် စင်ကာပူဇနီးမောင်နှံအမှု တရားရုံးကြားနာ

မြန်မာအိမ်အကူကို နှိပ်စက်မှုဖြင့် တရားရင်ဆိုင်နေသော လင်မယားနှစ်ဦး (ဓာတ်ပုံ − The Straits Times)

 မြန်မာနိုင်ငံမှ အိမ်ဖော်ကို နှိပ်စက်ခဲ့သည်ဟု စွပ်စွဲခံရ သော  စင်ကာပူဇနီးမောင်နှံ၏ အမှုဇန်န၀ါရီ ၈ရက်တွင် စစ်ဆေးကြားနာနေပြီး ၎င်းတို့သည် အိမ်ဖော်အား ကြမ်းတိုက်ဆေးရည်ဖြင့်  ရောထားသော ရေသောက်ခိုင်းခြင်း၊ ရေနွေးပူဖြင့် မိမိကိုယ်ကိုယ်လောင်းချစေခြင်းများ အဓမ္မစေခိုင်းခဲ့သည်ဟု ဆိုသည်။ ၂၀၁၆ က ဖြစ်ပေါ်ခဲ့သောနှိပ်စက်မှုများအတွက် လင်ဒါရှားလိုင်စီ (၃၈)နှစ်သည် စွဲချက်ခြောက်ခုဖြင့် ရင်ဆိုင်နေရသည်။

လင်ဒါသည် အသက် (၂၀) ကျော်အရွယ်မဖြူဖြူမာကို ဆံပင်များ ကျွတ်ထွက်သည်အထိ ဆွဲဆောင့်ခဲ့ကြောင်းနှင့် ကြမ်းတိုက်ဆေးရည်ဖြင့် ရောထားသော ရေကို သောက်ခိုင်းခြင်း၊ ရေနွေးပူဖြင့် မိမိကိုယ်ကိုယ်လောင်းခိုင်းခြင်း များ လုပ်ခဲ့သည်ဟု တရာရုံး၌ ကြားနာခဲ့သည်။

လင်ဒါရှား၏ ခင်ပွန်းလင် တွန်လန်သည်လည်း ရဲတပ်ဖွဲ့က ၎င်းတို့ အိမ်သို့ ရောက်မလာမီက တစ်ရက်အလို ၂၀၁၆ အောက်တို ဘာ ၁၃ ရက်က မဖြူဖြူမာ၏ နဖူးကို လက်သီးဖြင့် နှစ်ချက်ထိုးခဲ့ခြင်း အတွက် အမှုရင်ဆိုင်နေရသည်။

မစ္စတာလင်၏ အလှပြင် ဆိုင်မှ အလုပ်သမားတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ရဲ တပ်ဖွဲ့အား တိုင်ကြားခဲ့ပြီးနောက် ယခုနှိပ်စက်မှုများကို သိလာခဲ့သည်။ ယခုအခါအာမခံကိုယ်စား လှယ်တစ်ဦးဖြစ်သော မစ္စစ်လီလီယန်းက ထွက်ဆိုရာတွင် မဖြူဖြူမာက စားစရာမရှိဆိုသဖြင့် ဘီစကွတ်နှင့် သောက်စရာပေးခဲ့ကြောင်း၊ မူလကဝဝဖြိုးဖြိုးနှင့် အိမ်ဖော်သည် ကိုယ်အလေးချိန်လျော့ကျသွားကြောင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဘယ်ဘက်မျက်လုံးဖူးရောင်ပွန်းပဲ့နေသည်ကို သတိပြုမိကြောင်း ပြောကြားသည်။

ခင်ပွန်းသည်၏ အလှပြင် ဆိုင်ကို စီမံခန့်ခွဲနေသူ လင်ဒါရှား က မဖြူဖြူမာအား ထိုနေ့တွင် ဆိုင်သို့ ခေါ်လာခဲ့ပြီး ၎င်းကို စကားမပြောရန် ပြောကြားခဲ့ကာ ၎င်းကဒဏ်ရာများအကြောင်း တိုးတိုး တိတ်တိတ် မေးမြန်းခဲ့သည်ဟု  မစ္စစ်လီလီယန်းက ထွက်ဆိုသည်။

မစ္စစ်လီလီယန်းက မဖြူဖြူ မာကို ကူညီပေးမည်ဟု ပြောခဲ့ သော်လည်း မဖြူဖြူမာက လင်ဒါရှား ၎င်းကို မနှိပ်စက်ရန်သာ ပြောပေးရန်နှင့် ၎င်းမိသားစုအတွက် ဆက်လက်   အလုပ်လုပ်လို ကြောင်း ပြောကြားခဲ့သည်။ အလုပ်ပြုတ်မည်ကို စိုးရိမ်သော မစ္စစ်လီလီယန်းက လင်ဒါရှား အား ယင်းအကြောင်း မမေးမြန်း ဘဲ ရဲကို အကြောင်းကြားခဲ့သည်။

မစ္စစ်လီလီယန်း၏ တိုင် ကြားမှုသည် ဒုတိယအကြိမ်ဖြစ် ပြီး ယင်းမတိုင်မီတွင် နောက်ထပ် အလှပြင်ဆိုင်ဝန်ထမ်းတစ်ဦးဖြစ် သူ မက်ဂီက မဖြူဖြူမာအကြောင်းစိုးရိမ်သော်လည်း အလုပ်ပြုတ် မည်ကိုကြောက်၍ သူစိမ်းတစ်ဦး ကို ၎င်းကိုယ်စား ရဲတိုင်ပေးရန် ပြောကြားသည်။

မစ္စစ်လီလီယန်းအပြင် ၎င်း ၏ အောက်တိုဘာ ၁၄ ရက် ဖုန်း ခေါ်ဆိုမှုကို တုံ့ပြန်ခဲ့သော ရဲအရာ ရှိနှစ်ဦးကလည်း ထွက်ဆိုခဲ့ပြီး မဖြူဖြူမာသည် အလွန်စိတ်လှုပ် ရှားနေပုံရပြီး အလုပ်ရှင်များ အနားတွင်ရှိသဖြင့် ၎င်းတို့ကို နှိပ်စက်မှုအကြောင်း မပြောခဲ့ဟု ပြောကြားသည်။ အိမ်ဖော်ကို နှိပ်စက်ခဲ့ ကြောင်း တရားရုံးက တွေ့ရှိခဲ့ပါ က လင်ဒါရှားနှင့် ခင်ပွန်း လင်တွန်လန်သည် အမှုတစ်ခုချင်းစီအ တွက် ထောင်ဒဏ် သုံးနှစ်နှင့် ဒဏ်ငွေစင်ကာပူဒေါ်လာ ၇,၅၀၀ ပေး ဆောင်ရနိုင်ကြောင်း သိရသည်။ အမှုကို ဧပြီတွင် ဆက်လက်ကြားနာမည်ဖြစ်သည်။    —Ref:CNA