လောက်ကိုင်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်၍ လူတစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

 လောက်ကိုင်သုသာန် အတွင်း လူ ၂၀ ခန့်စုပေါင်း၍ ဒေသရိုးရာအစဉ်အလာအရ ကန် တော့ပွဲပြုလုပ်နေစဉ် လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့၍ လူတစ်ဦးသေဆုံးကာ  ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ 

ကိုးကန့်လူမျိုးအများစုနေ ထိုင်သော လောက်ကိုင်မြို့နယ် ဟဲဟော်ကျေးရွာဒေသခံ ၂၀ ခန့်သည် သုသာန်၌ သေဆုံးသူဆွေ မျိုးများကို ရည်စူး၍ ကန်တော့ပွဲ ပြုလုပ်နေစဉ် လက်နက်ကိုင်အဖွဲ့ (စိစစ်ဆဲ)က တောစပ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းဖြစ် ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။ 

ဇန်နဝါရီ ၁၀ ရက်နေ့လယ် က ဖြစ်ပေါ်ခဲ့သော အဆိုပါဖြစ် စဉ်ကြောင့် အသက်(၅၉)နှစ်အ ရွယ်  ကိုးကန့်အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦး ဒဏ်ရာရခဲ့ပြီး လောက်ကိုင်မြို့ရှိ တပ်မတော် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေသည်။ 

‘‘အပစ်ခံရတဲ့အထဲမှာ ပြည် သူ့စစ်တစ်ယောက်ပါတယ်လို့ ကြားတယ်။ ဖြစ်တဲ့နေရာက မြို့ နဲ့ အရမ်းမဝေးဘူး’’ဟု လောက် ကိုင်မြို့ ဒေသခံတစ်ဦးက ပြောကြားသည်။ 

လောက်ကိုင်ခရိုင် ကုန်း ကြမ်းမြို့နယ်တွင် အရပ်ဝတ်သေ နတ်သမားနှစ်ဦးက ဈေးဆိုင်တစ် ဆိုင်အတွင်း သေနတ်ဖြင့်  ဝင်ပစ်၍ ကလေးငယ်တစ်ဦးဒဏ်ရာ ရခဲ့သည့်ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၂ ရက်က ဖြစ်ပွားခဲ့သည်။ ၂၀၁၅နှင့် ၂၀၁၆ အတွင်း တပ်မတော် နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သော လောက်ကိုင်မြို့ တွင် ယခုအခါ အခြေအနေတည် ငြိမ်နေပြီဖြစ်သော်လည်း ည ၈ နာရီမှ နံနက် ၅ နာရီအထိ သတ် မှတ်ထားသော ညမထွက်ရအမိန့် ဆက်လက်ထုတ်ပြန်ထားသည်။