လွတ်ငြိမ်းချမ်းသာခွင့် ပေးထိုက်သူများကို လွှတ်ပေးရန် ယခုလအတွင်း သမ္မတထံ တင်ပြမည်ဟုဆို

အစိုးရအနေဖြင့် တစ် နိုင်ငံလုံးရှိ အကျဉ်းထောင်များအ တွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေး ထိုက်သူများကို လွှတ်ပေးနိုင်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်က စီမံချက်ရေး ဆွဲ၍ နိုင်ငံတော်သမ္မတထံ ယခုလအတွင်း တင်ပြမည်ဟု ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင် အောင်က ပြောသည်။

‘‘ထောင်တွေမှာ လူတွေ ကျပ်နေတော့ လွှတ်သင့် လွှတ် ထိုက်သူတွေကို လွှတ်ဖို့စီမံချက် ဆွဲတာပါ’’ ဟု ဦးယုလွင်အောင်က ကော်မရှင်၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။

နိုင်ငံတော်သမ္မတထံတင်ပြ မည့် စီမံချက်၌  အကျဉ်းသားများ ၏ အမည်စာရင်းများ ပါဝင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

ကော်မရှင်အနေဖြင့်  အ ကျဉ်းထောင် ၃၀ ခန့်ရှိ အကျဉ်း သားငါးသောင်းခန့်ကို လူ့အခွင့် အရေးအခြေအနေများနှင့် ပတ် သက်၍ စစ်ဆေးခဲ့ရာ အကျဉ်း သားများ သတ်မှတ်ဦးရေထက်ပို များနေပြီး ကျပ်တည်းစွာ နေထိုင် ရသဖြင့် ယင်းသို့တင်ပြရခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

တစ်နိုင်ငံလုံးတွင် အကျဉ်း ထောင် ၄၀ ကျော်ရှိပြီး ကော်မရှင် က စစ်ဆေးရန်ကျန်သည့် အ ကျဉ်းထောင် ၁၄ ခုကို ယခုနှစ် အတွင်း အပြီးသတ်စစ်ဆေးမည် ဟု ၎င်းကဆက်လက်ပြောသည်။

ထို့အပြင် လူ့အခွင့်အရေး ကော်မရှင်က သွားရောက်စစ် ဆေးခဲ့သည့် ထုံးဘိုနှင့် မုပ္ပလင် အမျိုးသမီးရဲဘက်ကျောက်ထုတ် စခန်းနှစ်ခုတွင် အမျိုးသမီးအလုပ်သမားများသည် အလုပ်ကြမ်းများလုပ်ကိုင်နေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသောကြောင့် ယင်းစခန်းများကို အပြီးတိုင်ပိတ် သိမ်းပေးရန် နိုင်ငံတော်သမ္မတထံ ၂၀၁၇ ဇွန်လက အကြံပြုတိုက် တွန်းထားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းသားဦးရေဝင်ဆံ့သည်ထက်  နှစ်ဆခန့်ဖြစ်နေသဖြင့် လျှော့ချရန်  လိုအပ်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးအောင်မျိုးကျော်ကပြောသည်။

‘‘ခေတ်အဆက်ဆက် မမျှ တတဲ့ တရားစီရင်ရေးအောက်က နေပြီးတော့ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှ တဲ့ သူတွေရှိတယ်။ တကယ်မကျူးလွန်ဘဲနဲ့ ပြစ်ဒဏ်ချခံရတဲ့  သူ တွေလည်း ရှိတယ်။ သက်ကြီးရွယ် အို အကျဉ်းသားတွေ၊ ကျန်းမာ ရေး မကောင်းတဲ့ အကျဉ်းသား တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လည်းရှိတယ်။ ဒီဟာတွေကို စနစ် တကျစိစစ်ပြီးမှ ပြန်လွှတ်ပေးဖို့ အရေးတကြီးလိုအပ်နေပါတယ်’’ ဟု ၎င်းကပြောသည်။

ပတ်ဝန်းကျင်ကို မနှောင့် ယှက်နိုင်သောသူများ၊ ထောင် တွင်း ကျန်းမာရေးချို့တဲ့သူများ၊ နောင်တရနေသူများကို လွှတ်ပေး ခြင်းအားဖြင့် အကျဉ်းသားဦးရေ လျှော့ချပြီးဖြစ်သလို နိုင်ငံတော် ဘတ်ဂျက်ကိုလည်း ခြိုးခြံချွေ တာပြီး ဖြစ်လိမ့်မည်ဟု ဦးအောင် မျိုးကျော်က ပြောသည်။

လက်ရှိ ဒီချုပ်အစိုးရသစ် လက်ထက် ပြီးခဲ့သည့် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံ ရေးအကျဉ်းသားများကို လွတ် ငြိမ်းခွင့်မပေးသည့်အပေါ်  နိုင်ငံ ရေး  အကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အ စည်းများ၊ နိုင်ငံရေးအသိုင်းအဝိုင်း မှ ထင်ရှားသူများအပါအဝင် ပြည် သူများအကြား ဝေဖန်မှုများရှိခဲ့ သည်။

More in News Section

Top News