လိမ်လည်ထွက်ပြေးသော ဆန်ကုန်သည်ကို ထပ်မံအမှုဖွင့်မည်

 ဆန်ကုန်သည်များထံက ကျပ်သိန်းသောင်းချီလိမ်လည်ခဲ့ သည့် ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးကို လိမ်လည်ခံရ သည့် ဆန်ကုန်သည်များအနက် ခြောက်ဦးက ထပ်မံအမှုဖွင့်မည် ဖြစ်ကြောင်း ဆန်စပါးကုန်စည်ဒိုင် ဘုရင့်နောင်ကော်မတီဥက္ကဋ္ဌဦးလူ မော်မြင့်မောင်က ပြောသည်။

လိမ်လည်ခံရသည့် ဆန် ကုန်သည်များအနက် နှစ်ဦးသည် ဇန်န၀ါရီ ၇ ရက်က အမှုဖွင့်ခဲ့ပြီး နောက် တရားစွဲဆိုရန် အချက်အ လက်ပြည့်စုံသည့် ဆန်ကုန်သည် ခြောက်ဦးက ထပ်မံအမှုဖွင့်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ဇန်န၀ါရီ ၁၂ (ယနေ့)အမှု ဖွင့်မှာပါ။ အချက်အလက်စုံ အောင်စုဆောင်းပြီး ရှေ့နေနဲ့တိုင် ပင်နေကြလို့ပါ။ တရားစွဲဆိုတာ ခုနစ်ဦးလည်း ဖြစ်သွားနိုင်ပါ တယ်။ ဒီနေ့မဖွင့်ဖြစ်ရင်လာမယ့် တနင်္လာနေ့(ဇန်န၀ါရီ ၁၅ ရက်) ဖွင့်သွားမှာပါ။ အခုထိတော့ ဦး အောင်ဆွေဦးကို ဖမ်းလို့မရသေး ဘူး။ ဟောင်ကောင်ဘက်ကနေ တစ်ဆင့်ကိုရီးယားဘက်ကို ထွက် ပြေးသွားတဲ့အထောက်အထား တွေ တွေ့ရတယ်။ အဲဒီအပိုင်း တွေကတော့ ပြည်ထဲရေးက ဆောင်ရွက်မှာပါ’’ ဟု ဦးလူမော် မြင့်မောင်ကဆိုသည်။

ဇန်န၀ါရီ ၁၁ ရက်အထိ စာ ရင်းအရ ငွေကြေးလိမ်လည်ခံခဲ့ရ ကြောင်း တရားဝင်တိုင်ကြားသူ ဆန်ကုန်သည် ၆၇ ဦးရှိလာပြီး လိမ်လည်ခံရသည့် ငွေကြေး ပမာ ဏကျပ်သိန်းငါးသောင်းလေး ထောင်ခန့်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်းက ထုတ်ပြန်သည်။

ASO ကုမ္ပဏီပိုင်ဆန်ကွဲနှစ် ထောင့်လေးရာ၊ ဆန်အိတ်နှစ် သောင်းသုံးထောင့်ခြောက်ရာ၊ပီနန်အိတ်ခွံအရေအတွက် တစ်သိန်း ကျော်၊ လုပ်ငန်းသုံးဆက်စပ် ပစ္စည်းများကို ထိန်းသိမ်းထားပြီး မန္တလေးမြို့ရှိ ၎င်းပိုင်ဆိုင်သည့် မြေကွက်ကို လွှဲပြောင်းရောင်းချ ခြင်းမပြုနိုင်ရန် မန္တလေးဆန်စပါး ကုန်စည်ဒိုင်အကူအညီဖြင့် ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအ သင်းဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောကြားထားသည်။

ငွေကြေးလိမ်လည်သူသည် ဘုရင့်နောင်ကုန်စည်ဒိုင်အသင်း ၀င်မဟုတ်သဖြင့် တိမ်းရှောင်မှု မဖြစ်ပေါ်မီကပင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တာဝန်ရှိသူများက အကြိမ်ကြိမ်ခေါ်ယူတွေ့ဆုံဆွေး နွေး၍ သတိပေးထားပြီးဖြစ် ကြောင်း၊ ယင်းကုမ္ပဏီအခြေအ နေနှင့်ပတ်သက်၍ ဆန်ရောင်းချ နေသည့် ကုန်သည်များနှင့်အကျိုး ဆောင်ကုန်သည်များကို အသိ ပေးထားပြီးဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအ သင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၇ စက်တင်ဘာလကုန် က ပြည်ပဆန်တင်ပို့သူတစ်ဦးက ကျပ်သိန်းနှစ်သောင်းကျော် လိမ် လည်တိမ်းရှောင်ခဲ့ကာ ယင်းအမှု သည် လက်ရှိအချိန်ထိ တရားရုံး တွင် ဖြေရှင်းမှုမပြီးသေးကြောင်း ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

Top News