တကောင်းနီကယ်စက်ရုံ၌ ဝိုင်ယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွား

တကောင်းနီကယ်စက်ရုံတွင် ဂဟေဆော်ရာမှတစ်ဆင့် ၀ိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − တကောင်းနီကယ် အလုပ်သမားများ FB)

 စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ တကောင်းနီ ကယ်စက်ရုံတွင် ဇန်နဝါရီ ၁၁ ရက် ညနေက ဝိုင်ယာရှော့ခ်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ထီး ချိုင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦး စိုးသူက ပြောသည်။

တကောင်းနီကယ်စက်ရုံရှိ ရေပူ၊ရေအေးလဲလှယ်သော သံ ကန်ကို ဂဟေဆော်ပြင်ဆင်ရာမှ ဝရိန်ပုံးဝိုင်ယာရှော့ခ်ဖြစ်ပြီး မီး လောင်ခဲ့ကြောင်း ၎င်းကပြော သည်။

‘‘သိသိချင်း သူတို့စက်ရုံမှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့ မီးသတ် ကားကလည်း အရန်သင့်ရှိတော့ ငြှိမ်းသတ်လိုက်တာ။ စက်ရုံမှာရှိ တဲ့ ရေပူ၊ ရေအေးလဲလှယ်ကန်မှာ အပေါက်ရှိတော့ ဖာတာတဲ့။ ဂ ဟေဆော်ပြီး ဖာတာပေါ့။ ဂဟေ ဆော်တဲ့ဟာက ဝိုင်ယာရှော့ခ်ဖြစ် ပြီး ဖြစ်သွားတာ။ ဘေးမှာကာ ထားတဲ့ ဖိုက်ဘာတွေ လောင် သွားတယ်။ ကျွန်တော်တို့ သွား ပြီးတော့ မငြှိမ်းသတ်လိုက်ရဘူး။ သိသိချင်း လုပ်နိုင်တာဆိုတော့ ဆုံးရှုံးတန်ဖိုးမရှိပါဘူး’’ ဟု ဦး စိုးသူက ပြောသည်။

ယင်းလောင်ကျွမ်းမှုတွင် ရေ အအေးခံသော ဘေးအကာအရံ နှင့် အင်ဂျင်ပန်ကာအချို့ လောင် ကျွမ်းခဲ့ကြောင်း စက်ရုံအလုပ်သ မားများက ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ် ကြောင့် လူသေဆုံးထိခိုက်ဒဏ် ရာရရှိခြင်း မရှိသော်လည်း စက် သုံးဆီများ သိုလှောင်ထားသော စွမ်းအင်ဌာနနှင့် နီးကပ်နေခြင်း၊ မီးလောင်ကျွမ်းချိန်တွင် စက်ရုံ အလုပ်သမားများ အချို့လောင် ကျွမ်းသည့်  အဆောက်အအုံပေါ် ၌ရှိနေခြင်းကြောင့်  စက်ရုံလုပ် သားများ  အန္တရာယ်ဖြစ်မည်ကို စိုး ရိမ်ခဲ့ရကြောင်း  စက်ရုံလုပ်သား တစ်ဦးက ပြောသည်။

‘‘အရင်က မကြာမကြာ တော့ဖြစ်တယ်။ ဒါပေမဲ့ ဒီလောက် ကြီးတော့ မဖြစ်ဘူး။ အရင်ခြောက် လလောက်ကလည်း ချော်ရေအိုး ပေါက်ပြီး မီးထလောင်သေး တယ်။ ဒီလောက်မီးတောက်ကြီး တော့ မဖြစ်ဘူးပေါ့။ အခုကတော် တော်ဆိုးတယ်။ လောင်တဲ့အ ဆောက်အအုံ အမိုးပေါ်မှာဆို အ လုပ်သမားတချို့ရှိတယ်။ မီးသတ် ကား အချိန်မီလာလို့ပေါ့။ နောက်  ပြီး အနီးမှာ လောင်စာကန်တွေ’’ ဟု ၎င်းကပြောသည်။

မီးလောင်ကျွမ်းမှုတွင် ပျက် စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ် မှု မရှိခြင်းကြောင့် အမှုဖွင့်အရေး ယူထားမှုမရှိဘဲ နောင်ဖြစ်ပွားမှု မရှိစေရန် သတိပေးခဲ့ကြောင်း မြို့ နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူက ပြောသည်။  တကောင်းတောင် ဖယ်ရိုနီကယ်သတ္တု တူးဖော်ရေး လုပ်ငန်းကို  တရုတ်သတ္တုတူးဖော် ရေးကုမ္ပဏီမြန်မာ CNICO (Myan-mar CNMC Nikel) က တူးဖော်လုပ်ကိုင်နေသည်။