တပ်ဖွဲ့ဝင်များအသတ်ခံရမှု အလေးထားစဉ်းစားဆောင်ရွက်ပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တပ်ချုပ်ထံ ထပ်မံစာပေးပို့မည်ဟု KNPP ပြော

တပ်ဖွဲ့ဝင်များအ သတ်ခံရခြင်းအပေါ် အမှုမှန်ပေါ် ပေါက်ရေးနှင့် ကျူးလွန်သူများကို အရေးယူနိုင်ရေး နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့ထံ စာထပ်မံပေးပို့ရန် ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်)က ပြုလုပ်သည့် အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်း ရေးမှူး ရွှေမျိုးသန့်ကပြောသည်။ 


‘‘တပ်မတော်ဘက်ကိုရော၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဘက်ကိုရောပေါ့။ ဒါက အောက် ခြေနားလည်မှုလွဲမှားတဲ့ အဆင့် မကဘူး။ ငြိမ်းချမ်းရေးကိုပါ ထိ ခိုက်စေတဲ့ ကိစ္စဖြစ်တယ်။ အဲဒါ ကြောင့်မို့ အထက်ပိုင်းမှာ ရှိတဲ့ ခေါင်းဆောင်တွေကလည်း ဒီအ ချက်ကို စဉ်းစားပြီး ဆောင်ရွက်ဖို့ ဆိုတာကို ကျွန်တော်တို့ ပြောချင် တာကိုး။ အဲဒါစဉ်းစားပြီး အရေး ယူဆောင်ရွက်မှု လုပ်ပေးဖို့ပေါ့’’ ဟု ရွှေမျိုးသန့်ကပြောသည်။ 

KNPP အနေဖြင့် ဇန်နဝါရီ ၉ ရက်မှ ၁၉ ရက်အထိ ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပ သော ကယားပြည်နယ်နေ့နှင့် ပတ်သက်၍ လုံခြုံရေးအရ စိတ်မချရ ဟူသည့် ကောလာဟလသတင်း များဖြစ်ပေါ်နေသည့်အပေါ် ရှင်းလင်းအသိပေးသည့် ကြေညာ ချက်တစ်စောင်ကို ဇန်နဝါရီ ၉ ရက်က ထုတ်ပြန်ထားသည်။ 

KNPP အနေဖြင့် ဖြစ်ပျက်ခဲ့ သော မှုခင်းကိစ္စကို အဖြစ်မှန်ဖော် ထုတ်နိုင်ရေး အမှန်တရားအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး ကျင်းပ နေသော ကယားပြည်နယ်နေ့နှင့် ပတ်သက်၍ မည်သည့်လုံခြုံရေး ဆိုင်ရာ စိတ်မချရသည့် အခြေ အနေမျိုးကိုသော်လည်းကောင်း၊ ပစ်မှတ်ထားတိုက်ခိုက်မှုကိုသော် လည်းကောင်း လုံးဝလုပ်ဆောင် ရန်မရှိကြောင်း အသိပေးခဲ့သည်။

More in News Section