ဆောင်းရာသီအိုလံပစ် အားကစားသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ တောင်ကိုရီးယားမင်းသား လီဒေါင်ဝူ

 တောင်ကိုရီးယား မင်းသားလီဒေါင်ဝူသည် ၂၀၁၈ ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပွဲတော်အ တွက် သံတမန်အဖြစ် ရွေးချယ်ခံ ရသည်။

အသက် (၃၆) နှစ်အရွယ် လီဒေါင်ဝူသည် တောင်ကိုရီးယား ၌ ဖေဖော်ဝါရီတွင် ကျင်းပမည့် ပြုံချမ်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွက် သံတ မန်အဖြစ် ခန့်အပ်ခံရကြောင်း အိုလံပစ်အဖွဲ့ ကော်မတီက ဗုဒ္ဓ ဟူးနေ့တွင် ကြေညာခဲ့သည်။

၎င်းကို အဆိုပါအိုလံပစ်ပွဲ တော်အတွက် သံတမန်အဖြစ် တ ရားဝင်အပ်နှင်းခြင်း အခမ်းအနား ကို ဇန်နဝါရီ ၁၂ ရက်တွင် ForeignPress Center Korea ၌ ပြုလုပ် မည်ဖြစ်သည်။

လီဒေါင်ဝူသည် ‘My Girl ’ ၊ ‘Hotel King’ စသည့်ဇာတ်လမ်း တွဲများဖြင့် အောင်မြင်ခဲ့သည့်အ ပြင် ယမန်နှစ်က ထွက်ရှိသော ‘Goblin’ ရုပ်ရှင်ဇာတ်လမ်းတွဲ လည်း ပရိသတ်အားပေးမှု အများ အပြားရရှိခဲ့သည်။

—Ref:allkpop