ဘုရားပြီး ငြမ်းဖျက် ဘေဂျင်း

ဘေဂျင်းမြို့ပြင်ရှိ ရွှေ့ပြောင်းများနေထိုင်သောရွာမှ နှင်ထုတ်ခံရပြီးနောက် လင်ဟူကင်းကို ယာယီနေထိုင်သော အိမ်အတွင်း တွေ့ရစဉ် (Nicolas ASFOURI / AFP)

သူတို့တစ်တွေက နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လောင်စာ ဖြည့်ပေးခဲ့သည်။ သူတို့အိမ်မှ ဝေး လံသော အရပ်ဒေသတွင် နေ့မ အား၊ ညမနားအလုပ်လုပ်ခဲ့သည်။ သို့သော် ယခုအခါတရုတ်နိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ သည် မြို့ကြီးများက သူတို့ကို ကြိုဆိုမှုနည်းပါးနေခြင်းနှင့် ကြုံနေရသည်။ အကြောင်းမှာ မြို့ကြီးများ၌ လူဦးရေပေါက်ကွဲနေခြင်းကို အာဏာပိုင်များက ကန့်သတ်ချင်လာ ၍ဖြစ်သည်။

လင်ဟူကင်းသည် သူ့ ကလေးများ သေးစိုခံအဖတ် (Diaper)မလွတ်သေးချိန်မှာပင် အလုပ်လုပ်ရန် ဘေဂျင်းမြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ လွန်ခဲ့ သော ၁၈ နှစ်တာကာလလုံးလုံး သူသည် မိသားစုထံ တစ်နှစ်တစ် ကြိမ်သာ ပြန်ပြီး ကျန်အချိန်များ တွင် ဘေဂျင်းမြို့သားများ လက် ရှောင်ကြသည့် ခက်ခဲပင်ပန်းသော အလုပ်များလုပ်နေခဲ့သည်။

အသက် (၅၀)ရှိပြီဖြစ်သော လင်ဟူကင်းသည် တရုတ်နိုင်ငံ ကို ကြီးမားသော ဖွံ့ဖြိုးတိုးတက် မှုရရှိစေခဲ့သည့် ကျေးလက်မှ မြို့ ကြီးများသို့ တက်၍ အလုပ်လုပ်ခဲ့ သည်။ သန်းပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများအ နက်မှ တစ်ဦးဖြစ်သည်။ သို့သော် လည်း ပြီးခဲ့သည့်လကတော့ လင် သည် ၎င်းနေထိုင်ရာ ဘေဂျင်းမြို့ ဆင်ခြေဖုံးကျေးရွာမှ ဖယ်ရှားခံခဲ့ ရသည်။ ယင်းမှာ ၂၀၂၀ ပြည့်နှစ် တွင် ဘေဂျင်းမြို့၏ လူဦးရေကို  ၂၃ သန်းသာကန့်သတ်ထားရှိရေး မြို့တော်တစ်ဝန်းအဆောက်အအုံ များ ဖျက်သိမ်းရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်း အစီအစဉ်သည် စီးပွားရေးကို ထိ ခိုက်နိုင်သည်။

‘‘ကျွန်တော်အိမ်ပြန်သွားရင် မိန်းမနဲ့ ကလေးတွေကို ထောက်ပံ့ နိုင်မှာမဟုတ်တော့ဘူး’’ဟု လင် က ညည်းတွားသည်။

ကွန်မြူနစ်ပါတီ၏ သတင်းစာ အဆိုအရဆိုလျှင် ဘေဂျင်းမြို့သည် စတုရန်းမီတာသန်း ၄၀ အကျယ်အဝန်းပေါ်ရှိ တရားမဝင် အဆောက်အအုံများကို ရှင်းလင်းဖယ်ရှားသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။ ယင်းအဆောက်အအုံအများစုသည် လင်ကဲ့သို့ ဝင်ငွေနည်းပါးသော ရွှေ့ပြောင်းနေထိုင် သူများ၏ အိမ်များနှင့် ဈေးဆိုင်များဖြစ်သည်။

ဘေဂျင်းမြို့သို့ အစပထမ ရောက်ရှိလာချိန်တွင် လင်နှင့် သူ့ သူငယ်ချင်းများသည် သူတို့ရှိသမျှ ငွေကြေးကို စုပေါင်း၍ ဘဏ်မှအ ကြွေးများရယူကာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ထရပ်ကား များ ဝယ်ယူခဲ့သည်။ ၎င်းတို့က  ဈေးဆိုင်နှင့် ကုန်သည်အသေးစားများ ၏ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရင်း ရပ်တည်ခဲ့သည်။ သို့သော်အဆောက်အအုံများကို အစုလိုက်အပြုံလိုက် ဖြိုဖျက်ပြီး လူပေါင်းများစွာကို ဖယ်ရှားသောအခါ ၎င်းတို့၏ စီးပွားရေးလည်း ထိခိုက်လာ သည်။

‘‘ကျွန်တော်တို့ရဲ့ ဖောက် သည်တွေက ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ သူတို့ရဲ့ အ သေးစားစီးပွားရေးလုပ်ငန်းလေး တွေကို ပိတ်သိမ်းလိုက်တော့ ကျွန် တော်တို့ သယ်ယူပို့ဆောင်ပေးစ ရာပစ္စည်းမရှိတော့ဘူး။ ကျွန်တော် တို့ အလုပ်လက်မဲ့ဖြစ်နေပြီလို့ ပြောလို့ရတယ်’’ဟု လင်ဟူကင်း က ပြောပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာက တရားမဝင်အဆောက်အအုံတစ်ခု မီးလောင်ပြီး လူ ၁၉ ဦးသေဆုံးခဲ့ ပြီးနောက် ရှင်းလင်းရေးလုပ်ငန်း များ ပိုမိုပြင်းထန်လာကာ မြို့တော်ကို ရှင်းလင်းသန့်ရှင်းစေရန် ဖယ်ရှားရှင်းလင်းရေးစီမံကိန်း လိုအပ် သည်ဟု အာဏာပိုင်များက ပြောကြားသည်။ သို့သော်ယင်းစီမံကိန်း သည် မြို့တော်တွင် သက်ဝင်လှုပ်ရှားနေသည့် ကြီးမားသော အစိတ် အပိုင်းများကို ဖယ်ရှားခြင်းဖြစ် သည်။ ဥပမာအားဖြင့် လက်လီလုပ်ငန်းနှင့် အသေးစားကုန်ထုတ် လုပ်ငန်းများ၊ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာနေသော အီ လက်ထရွန်နစ်ကုန်သွယ်ရေး (e-commerce trading) ၏ ကျောရိုးဖြစ်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့သည်။

မြို့တော်၏ အစွန်အဖျားသို့ တွန်းပို့ခံခဲ့ရသော်လည်း ရွှေ့ ပြောင်းအလုပ်သမားများသည် နိုင်ငံ၏ စီးပွားရေးပုံမှန်လည်ပတ် စေရန် လုပ်ဆောင်ခဲ့ပြီး မြို့တော် တွင် နေထိုင်သူများမလုပ်ချင် သည့် ခက်ခဲသော၊ ညစ်ပတ်သော၊ တစ်ခါတစ်ရံအန္တရာယ်များသော (3D) အလုပ်များကို လုပ်နေခဲ့ သည်။ ထို့အပြင် မြို့ပြလုပ်ငန်းများ ဖြစ်သည့် ဆောက်လုပ်ရေး၊ အိမ် ဖော်လုပ်ငန်းနှင့် သန့်ရှင်းရေးလုပ်ငန်းများသည် ရွှေ့ပြောင်းအလုပ် သမားဖြင့်သာ ဝန်ထမ်းဖြည့်တင်း ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ ကြီးများသည် ရွှေ့ပြောင်းအလုပ် သမားများမရှိဘဲနှင့် မလည်ပတ် နိုင်ဟု ကော်နယ်လ်တက္ကသိုလ်မှ နိုင်ငံတကာနှင့် နှိုင်းရအလုပ်အ ကိုင်ဆိုင်ရာ တွဲဖက်ပါမောက္ခ အယ်လီဖရိုက်မန်းက ပြောသည်။

‘‘ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ ဂွမ်ဇူး လို မြို့ကြီးတွေကနေ ဒေသခံ မဟုတ်သူတိုင်းကိုသာ ဖယ်ရှားပစ် မယ်ဆိုရင် အဲဒီစီးပွားရေးအင်ဂျင် တွေအကုန်လုံး ရပ်တန့်သွားလိမ့် မယ်’’ဟု ဖရိုက်မန်းက ဆက်ပြော သည်။

လက်ရှိအခြေအနေသည် ထို အတိုင်းပင် ဖြစ်နေသည်ဟု ဘေ ဂျင်းမြို့တွင် ပြေးလွှားနေသော သယ်ယူပို့ဆောင်ရေးယာဉ်မောင်း ခြောက်သောင်းအနက် တစ်ဦးဖြစ် သူ လီနင်းကပြောသည်။ လီနင်း သည် မကြာမီကပင် ၎င်းနေ ထိုင်ရာ ဘေဂျင်းမြို့စွန်ကျေးရွာ မှ အတင်းအကျပ်ဖယ်ရှားခံခဲ့ရ ပြီး အိမ်ငှားခလေးဆပိုများသော တိုက်ခန်းသို့ ပြောင်းနေခဲ့ရသည်။

ထို့နောက် အာဏာပိုင်များ သည် ၎င်းတို့၏ သယ်ယူပို့ဆောင် ရေးလုပ်ငန်း တည်ရှိရာသို့ ရောက် လာခဲ့ရာ ဝန်ထမ်းများသည် ပို့ ဆောင်ပေးရမည့် ပစ္စည်းများကို လမ်းဘေးတွင် ခွဲခြားထုတ်ပို့ရသ ဖြင့် သူဝင်ငွေလည်း ထိုးကျသွားခဲ့ သည်။

‘‘ဘေဂျင်းမြို့မှာ ရွှေ့ပြောင်း နေထိုင်သူတွေ အကုန်လုံးထွက် သွားနေကြပြီ။ ကျွန်တော်တို့ ဒီမှာ လာပြီး လုပ်ကိုင်စားသောက်လို့ မရတော့ဘူး’’ဟု လီနင်းကပြော ကြားပြီး ၎င်းကိုယ်တိုင်လည်း လာ မည့်နွေရာသီပွဲတော်ကာလတွင် အပြီးအပိုင် စွန့်ခွာတော့မည်ဟု ပြောသည်။

ဝမ်ဟုသာခေါ်သော အခြား သယ်ယူပို့ဆောင်ရေးလုပ်ငန်း ပိုင် ရှင်တစ်ဦးကလည်း မိမိ၏ လက်ရှိ ကုန်ပစ္စည်းသိုလှောင်ရာ ဂိုဒေါင် ကို အာဏာပိုင်များက ဖြိုချခဲ့ပါ က လက်လျှော့တော့မည်ဟု ဆိုသည်။ သူ၏ ဂိုဒေါင်သည်လည်းဆေးမည်းကြီးဖြင့် Chai (ဖြိုချရန်)ဟု ဒီဇင်ဘာလလယ်က အမှတ် အသားပြုခံထားရပြီဖြစ်သည်။ ယခုနှစ်အတွင်း အခြားနှစ်နေရာ တွင် ၎င်း၏လုပ်ငန်းပိတ်သိမ်းခံ ခဲ့ရပြီးနောက် ဝမ်သည် ယခုနေရာ သို့ ဒီဇင်ဘာ ၁ ရက်ကမှ ရွှေ့ ပြောင်းလာခြင်းဖြစ်သည်။ သူ့လုပ်ငန်း၏ သယ်ယူပို့ဆောင်ရေး အလုပ်သမားအင်အားကိုလည်း ၂၄၀ မှ ၆၀ အထိ လျှော့ချခဲ့ရပြီဖြစ်သည်။ ‘‘တည်တည်ငြိမ်ငြိမ်မရှိဘူး။ မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ကျွန်မမသိဘူး’’ဟု မျက်ရည်ဝဲဝဲ ဖြင့် မစ္စစ်ဝမ်က ဆိုသည်။

အစိုးရ၏ ရှင်းလင်းဖယ်ရှား ရေးလုပ်ငန်းများက ဘေဂျင်းမြို့ ၏ လက်လီဈေးကွက်ကိုလည်း ထိခိုက်ခဲ့သည်။ အဘိုးကြီး၊ အဘွားကြီးများ ဖွင့်ထားသည့် သက်သက် သာသာဈေးဆိုင်လေးများ ပျောက်ကွယ်သွားကာ စားသုံးသူများကိုအွန်လိုင်ဈေးကွက် (သို့မဟုတ်) ဈေးကြီးသော ရှော့ပင်းမောလ်များ ဆီ တွန်းပို့ခဲ့သည်။

ဂီဂူစင်းသည် ၎င်းမွေးဖွား ရာ ကျန်းစုပြည်နယ်မှ အစ်ကိုဖြစ်သူ ၏ အထည်ဆိုင်လုပ်ငန်းကို လွှဲပြောင်းရယူရန် လွန်ခဲ့သော ၂ နှစ်က ဇနီးသည်နှင့်အတူ ပြောင်း ရွှေ့လာခဲ့သည်။ ထိုအထည်ဆိုင် လေးသည် ဘေဂျင်းမြို့၏ တီ ယန်ယူဈေးတွင် နှစ်ပေါင်း ၂၀ ကျော် တွင်ကျယ်ခဲ့သည်။ သို့ သော်လွန်ခဲ့သော သုံးလက ဈေး ကို ပိတ်သိမ်းတော့မည်ဟု အာ ဏာပိုင်များက အကြောင်းကြား လာခဲ့သည်။

ယခုနှစ်အတွင်းမှာပင် ရပ် ကွက်နှင့် မြို့ငယ်၊ ဈေးငယ်အများ အပြား ပိတ်သိမ်းခံခဲ့ရသည်။ ယင်းတွင် ဘေဂျင်းမြို့၌ ထင်ရှား သော ဘေဂျင်းတိရိစ္ဆာန်ရုံဈေး (Zoo Market)လည်းပါဝင်သည်။  ထိုဈေးမှ ဆိုင်ပိုင်ရှင်များက အ တင်းအကျပ်ရွှေ့ပြောင်းမှုများကို ရှားရှားပါးပါးကန့်ကွက်ဆန္ဒပြခဲ့ သည်။

ကုန်သည်များအနေဖြင့် ၎င်း တို့၏ စီးပွားရေးလုပ်ငန်းများကို ရွှေ့ပြောင်းနိုင်ရန် အိမ်နီးချင်း ဟီ ဘေးပြည်နယ်တွင် နေရာသတ် မှတ်ပေးထားသည်ဟု တာဝန်ရှိ သူများကပြောကြားသည်။

သို့သော် ဂီဂူစင်းကတော့ စိတ်မချနိုင်ပါ။

‘‘ကျွန်တ်ာတို့လို စီးပွားရေး လေးတွေက ဖောက်သည်ရဖို့ဆို တာ နှစ်ပေါင်းများစွာ လုပ်ခဲ့ရ တာ။ အခုအားလုံးကို အသစ်က ပြန်စရတော့မယ်။ ဖောက်သည် အများစုကလည်း အွန်လိုင်းကနေ ဈေးမဝယ်တတ်တဲ့ လူကြီးပိုင်း တွေ။ သူတို့ ဘယ်သွားပြီး ဈေး ဝယ်ကြမလဲ’’ဟု ၎င်းက စကားကို လက်စသတ်သည်။

—Ref:Migrant Worker Evictions Tear at Beijing’s Backbone