ဘီလူးချောင်းအတွင်း အပျော်စီးလှေခရီးစဉ် ကယားပြည်နယ်နေ့မတိုင်မီ စတင်နိုင်ရန် စီစဉ်

ကယားပြည်နယ် လွိုင်ကော်မြို့အ လယ်မှ ဖြတ်သန်းစီးဆင်းနေသည့် ဘီလူးချောင်းတွင် နေ့ရော ညပါ အပန်းဖြေလည်ပတ်နိုင်မည့် အ ပျော်စီးလှေ ခရီးစဉ်ကို ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် ကယားပြည်နယ်နေ့မတိုင်မီ ဖွင့် လှစ်ရန် စီစဉ်နေကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (လွိုင်ကော်) ညွှန်ကြား ရေးမှူး ဦးလင်းဇော်ထွဋ်က ပြော သည်။ ‘‘မြန်မာတစ်နိုင်ငံလုံးမှာ မြို့ အလယ်ကို ဖြတ်စီးတဲ့ ဘီလူး ချောင်းလိုမျိုး ချောင်းက ဒီကယား ပြည်နယ်မှာပဲရှိတယ်။ ဘယ်ပြည် နယ်မှ မရှိဘူး။ မိုးဗြဲဆည်ကလည်း ဖွင့်ပြီးသွားပြီဆိုတော့ နေ့ပိုင်းမှာ အင်းထဲအထိ တိုက်ရိုက်သွားလို့ရ အောင် စီစဉ်မယ်။ ညပိုင်းဆိုလည်း အလှမီးလေးတွေနဲ့ ဘီလူးချောင်း မှာ အပျော်စီးလှေစီးပြီး အပန်းဖြေ နိုင်အောင် ခရီးစဉ်တစ်ခုအနေနဲ့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

လွိုင်ကော်မြို့ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီး ဌာနရုံးသည် ဘီလူးချောင်းဘေး တွင် တည်ရှိ၍ အပျော်စီးလှေများ ပြေးဆွဲနိုင်ရေး အဆိုပါရုံးအနီး တွင် လှေဆိပ်တစ်ခု တည်ဆောက် ကာ နေ့ပိုင်းနှင့် ညပိုင်း နှစ်ခုစလုံး အပန်းဖြေခရီးစဉ် ပြေးဆွဲမည်ဖြစ် ကြောင်း၊ ကယားပြည်နယ်၏ အလှအပများကို ခံစားနိုင်မည့်အပြင် ကျေးရွာများသို့လည်း သွားရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ပြောသည်။

‘‘နေ့ခင်းပိုင်းမှာ မိုးဗြဲဆည် အထိ သွားလေ့လာမယ်။ လမ်း ကြောင်းတစ်လျှောက်က ရွာတွေ ကို လေ့လာနိုင်မယ့် ခရီးစဉ်တစ်ခု ဆွဲမယ်။ ညပိုင်းကျတော့ ၆ နာရီ ကနေ ၉ နာရီလောက်အထိ မြို့ထဲ မှာ လှေပေါ်မှာ ရိုးရာအစား သောက်လေးတွေ၊ ဂီတလေးတွေ နဲ့ မီးလေးတွေထွန်းပြီးတော့ မြို့ရဲ့ ညပိုင်းအလှကို ပတ်ပြီးတော့ ကြည့်နိုင်အောင် လုပ်မယ်’’ဟု ၎င်းက ရှင်းပြသည်။

ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက် အထိ ကျင်းပမည့် ကယားပြည် နယ်နေ့ အခမ်းအနားသို့နိုင်ငံ တစ်ဝန်းမှ ခရီးသွားဧည့်သည်များ လာရောက်လေ့လာလေ့ရှိ၍ အဆိုပါအခမ်းအနားတွင် ဘီလူးချောင်းအတွင်း အပျော်စီးလှေခရီးစဉ်ကို မိတ်ဆက်ရန် စီစဉ်ခြင်းဖြစ်သည်။