ကော်တင်ဟိုခေတ်လွန် လီဗာပူးရဲ့ ပဟေဠိဆန်တဲ့ အနာဂတ်

နွေရာသီကတည်းက သတင်းကြီး နေတဲ့ အပြောင်းအရွှေ့ တစ်ခုဟာ ဇန်နဝါရီမှာတော့ အမှန်တကယ်  ဖြစ်မြောက်လာခဲ့ပါတယ်။ ဘရာ ဇီးလက်ရွေးစင် ကွင်းလယ်ဖန်တီး ရှင် ဖိလစ်ပီ ကော်တင်ဟိုဟာ လီဗာပူးကို စွန့်ခွာပြီး ဘာစီလိုနာ ကို စတာလင်ပေါင် ၁၄၂ သန်း (ယူရိုသန်း ၁၆၀) နဲ့ ပြောင်းရွှေ့ ရောက်ရှိသွားပါပြီ။ လီဗာပူးအ တွက်တော့ အသင်းရဲ့အကောင်း ဆုံးကစားသမားကို လက်လွှတ် လိုက်ရခြင်းက ကြီးမားတဲ့ ထိုးနှက် ချက်တစ်ခု ဖြစ်လာမှာ သေချာပါ တယ်။ ကော်တင်ဟို မရှိတော့တဲ့ အချိန်မှာ လီဗာပူး ဘာတွေ ဆက် လုပ်မလဲ ဆိုတဲ့အချက်က စိတ်ဝင် စားစရာပါပဲ။

လီဗာပူး မန်နေဂျာ ဂျာဂင်က လော့ပ်ကအသင်းရဲ့ လက်ရှိစုဖွဲ့မှု ဟာ ကော်တင်ဟိုခေတ်လွန် စိန် ခေါ်မှုတွေကို အကောင်းဆုံးတုံ့ပြန် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ပရိသတ် တွေကို အားပေးစကား ပြော ထားပါတယ်။ဘာစီလိုနာအနေနဲ့ ကတော့ နှစ်အနည်းငယ်အတွင်း မှာ လီဗာပူးရဲ့ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို ခူးပြီး ခပ်ပြီး သား အခြေအနေမျိုးမှာ အရခေါ် ယူသွားတာ ဒုတိယအကြိမ် ဖြစ်ပါ တယ်။ ၂၀၁၄ တုန်းကလည်း  ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး လူးဝစ်ဆွာ ရက်ဇ်ဟာ အန်ဖီးလ်ကို  စွန့်ခွာပြီး စပိန်ထိပ်တန်းကလပ်ရဲ့  နူးကမ့်ကွင်းကြီးဆီ ခိုလှုံခဲ့ပြီးပါပြီ။

တကယ်တော့ ကော်တင်ဟို ဟာ ၂၀၁၃ မှာ အင်တာမီလန်က နေ လီဗာပူးကို စတာလင်ပေါင် ရှစ်သန်းခွဲနဲ့ ပြောင်းရွှေ့လာပြီး ကတည်းက လျင်လျင်မြန်မြန် တိုး တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘော လုံးရာသီ နှစ်ခုလောက်မှာသူဟာ လီဗာပူးရဲ့ ကွင်းလယ်တိုက်စစ်ကို အဓိကမောင်းနှင်သူ ဖြစ်လာပြီး မန်နေဂျာကလော့ပ်ရဲ့ အားအ ထားရဆုံး လက်ရုံးတစ်ယောက်  ဖြစ်လာတယ်။ နွေရာသီမှာတော့  ဘာစီလိုနာ တိုက်စစ်မှူး နေမာရဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မှုဟာ  ကော်တင်ဟိုအပေါ် စတင်ရိုက် ခတ်မှုတွေ ရှိလာပါတယ်။ နေမာ နေရာကို တိုက်ရိုက် အစားထိုးဖို့ အတွက် ဘာစီလိုနာက ကော်တင် ဟိုကို ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၉၀ နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် လီဗာပူးက အပြတ်ငြင်း ဆိုခဲ့တယ်။ ဘာစီလိုနာကလည်း  သူတို့ရဲ့ ပစ်မှတ်ကို ဒေါ့မွန်က ပြင်သစ် လူငယ်ခြေတက်လေး အူစမာနီ ဒမ်ဘီလီဆီ ပြောင်းလဲ ပြီး အရခေါ်ယူခဲ့ပါတယ်။ ဖြစ်ချင် တော့ ဒဏ်ရာကြောင့် ဒမ်ဘီလီကာ လရှည်ကြာ  အနားယူဖို့ အကြောင်း ဖန်လာပြီးဘာစီလိုနာနဲ့ ကော် တင်ဟိုဇာတ်လမ်းက ပြန်လည်ရှင် သန်လာပါတော့တယ်။

အခု ဇန်နဝါရီမှာတော့ကစား သမား ကိုယ်တိုင်ရဲ့ ဆန္ဒကြောင့် ရော၊ မက်မောလောက်စရာ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု ကြောင့်ပါ လီဗာပူးက ကော်တင် ဟိုကို လက်လွှတ်ခံလိုက်တာ ဖြစ် ပါတယ်။ ဘာစီလိုနာအနေနဲ့လည်း ကော်တင်ဟိုကို ဝယ်လိုက်နိုင်တာ ကြောင့် အက်သလက်တီကို မက် ဒရစ် တိုက်စစ်မှူး အန်သိုနီ ဂရိစ်ဇ် မန်းအပေါ် စိတ်ဝင်စားမှုတွေလုံးဝ အဆုံးသတ်သွားပြီလို့ ယူဆရပါ တယ်။ အခုအချိန်မှာ ဘောလုံးပရိ သတ်တွေ စိတ်ဝင်စားနေတာက  ကော်တင်ဟို မရှိတော့ချိန်မှာ လီဗာပူးရဲ့ စုဖွဲ့မှုက ဘယ်လိုဖြစ် လာမလဲဆိုတဲ့ မေးခွန်းပါ။

တကယ်တော့ ကလော့ပ် ဟာ ဒီအခြေအနေကို ကြိုတွေးခဲ့ပြီး သား ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လည်း နွေရာသီမှာကတည်းက ရိုး မားအသင်းရဲ့ တောင်ပံတိုက်စစ် သမား မိုဟာမက်ဆာလက်ကို စတာလင်ပေါင် သန်း ၄၀ လောက် နဲ့ ကြိုတင် ခေါ်ယူထားခဲ့ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ မှန်ကန်ခဲ့ပြီး ဆာလက်က အခုရာသီ ပရီးမီးယား လိဂ်မှာ ၁၇ ဂိုးထိ သွင်းယူပြီး ပြိုင် ပွဲရဲ့ ဂိုးသွင်းဘုရင်အဖြစ် ဦး ဆောင် နေပါတယ်။ ဒါပေမဲ့ ဆာ လက်ဟာ ကော်တင်ဟိုလိုမျိုး တိုက်စစ်ဟန်ချက် တစ်ခုလုံးကို ဆွဲတင်နိုင်တဲ့ အမြင်မျိုးပိုင်ဆိုင် ထားသူတော့ မဟုတ်ပါဘူး။

ဆောင်းရာသီ ဈေးကွက်မ ဖွင့်ခင်မှာ လီဗာပူးကဆောက်သမ် တန်ရဲ့ နယ်သာလန် နောက်ခံလူ ဗာဂျယ်လ်ဗန်ဒိုက်ကို စတာလင် ပေါင် ၇၅ သန်းနဲ့ ရုတ်တရက် ခေါ်ယူလိုက်ပါတယ်။ ဒါဟာဘော လုံးလောက တစ်ခုလုံးကို အံ့အား သင့်သွားစေခဲ့တဲ့ အပြောင်းအရွှေ့ ပါ။ ဘာကြောင့်လဲဆိုတော့ လီဗာ ပူးဟာ ခံစစ်သမား တစ်ယောက် အတွက် ကမ္ဘာ့စံချိန်တင် ပြောင်း ရွှေ့ကြေးထိ သုံးစွဲလိုက်တာ ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ဗန် ဒိုက်အတွက် ငွေသုံးကြမ်းလိုက် ခြင်းက လီဗာပူးအနေနဲ့ ကော်တင် ဟိုရဲ့ အပြောင်းအရွှေ့ကို ခွင့်ပြုဖို့ သေချာနေပြီ ဆိုတာကိုလည်း ကြို တင်မှန်းဆလို့ ရလာစေပါတယ်။

လောလောဆယ်တော့ ကော် တင်ဟိုရဲ့ နေရာကို တိုက်ရိုက်ဖြည့် ဖို့ လက်စတာစီးတီးရဲ့ ရီယတ်ဒ် မာရက်ဇ်ကို ချိတ်နေ ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ မာရက်ဇ်ဟာ ၂၀၁၆ တုန်းက လက်စတာရဲ့ အံ့ဩစရာ ပရီးမီး ယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှုမှာ အပြောင်မြောက်ဆုံး ခြေစွမ်းပြခဲ့ သူ ဖြစ်ပြီး အဲဒီနှစ်ရဲ့ ပီအက်ဖ်အေ အကောင်းဆုံးဆုကိုလည်း ရရှိခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပဲ မာရက်ဇ်အနေနဲ့သူ့ရဲ့ အပြောင်း အရွှေ့ကို နွေရာသီထိ အချိန်ဆိုင်း ထားဖို့ ရှိနိုင်ကြောင်းလည်း သ တင်းတွေ ထွက်ပေါ်နေပြန်တယ်။

ကလော့ပ်ရဲ့ နောက်ထပ်ပစ် မှတ် တစ်ခုကတော့ မိုနာကိုရဲ့ ဘရာဇီး တောင်ပံတိုက်စစ်မှူး လေး မယ်လ်ကွန်ပါ။ ဒီကစားသ မားကိုတော့ ပရီးမီးယားလိဂ် ပြိုင် ဘက်ကြီး မန်ချက်စတာ ယူနိုက် တက်ကလည်း အပြိုင်အဆိုင် စိတ် ဝင်စားနေပါတယ်။ အံ့ဩစရာ တစ်ခုက ကလော့ပ်ဟာကော်တင် ဟို ထွက်ခွာသွားချိန်မှာကွင်းလယ် ဖန်တီးမှု အားသန်တဲ့ ကစားသမား မျိုး ပြန်ရှာဖို့ထက် တောင်ပံတိုက် စစ်သမားဆန်ဆန်၊ နောက်ချန် တိုက်စစ်သမား ဆန်ဆန် ကစားသ မားတွေကို လိုက်နေခြင်း ဖြစ်ပါ တယ်။ ဒါဟာ ကော်တင်ဟိုခေတ် လွန်မှာ ကစားဟန်အရပါ ကွဲလွဲ သွားတဲ့ လီဗာပူးရဲ့ ပုံစံသစ်ကို တွေ့မြင်ရလေမလားဆိုတာ စိတ် ဝင်စားစရာပါ။

ဆောင်းရာသီ ဈေးကွက်မှာ တော့ ဘာစီလိုနာက လိုချင်တာကို အရယူသွားပါပြီ။ လီဗာပူးအနေ နဲ့လည်း ကော်တင်ဟိုကို ရောင်း ချရတဲ့ ငွေကြေးတွေကိုသုံးပြီး အ သင်းရဲ့ လစ်ဟာမှုရှိနေတဲ့ခံစစ်ဇုန် ကို စတင်ပြင်ဆင်ထားပြီ ဖြစ်ပါ တယ်။ ကော်တင်ဟိုနေရာကို တိုက်ရိုက် အစားထိုးဖို့ အသစ်ခေါ် ယူမယ့် ကစားသမားကကော ဘယ်သူ ဖြစ်လာမလဲဆိုတာနဲ့ ကော်တင်ဟို မရှိတော့တဲ့ လီဗာ ပူးရဲ့ ကစားကွက်ဟာ ဘယ်လို ဘယ်ပုံ ပြောင်းလဲလာမလဲဆိုတာ တွေကတော့ လာမယ့်ဘောလုံးရာ သီဒုတိယနှစ်ဝက်ကို စောင့်ကြည့် အဖြေထုတ်ရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ်။။

Top News