၂၀၁၈ မှာ အက်ရှင်ဇာတ်ကားတွေ ဦးစားပေးရိုက်ကူးမယ့် နေတိုး

၂၀၁၈ အတွင်း အက်ရှင်နှင့်ပတ် သက်သည့် ဇာတ်ကားပုံစံများ ဦးစားပေးရိုက်ကူးရန်   အစီအ စဉ်ရှိကြောင်း  နေတိုးက  ပြော သည်။

‘‘ကိုစတီးလ်နဲ့ရိုက်မယ့် ဇာတ်ကားက အက်ရှင်ဒရာမာလေး။ လက်သီးတွေနဲ့ထိုးတဲ့ ဖိုက်တင် မဟုတ်ဘဲ Gun Shot (သေနတ် ပစ်ခန်း) တွေနဲ့ ဖိုက်ရမယ့် ဖိုက်တင်ဆိုတော့ အမြင်ဆန်းအောင်၊ အက်ရှင်ကားတွေထဲမှာလည်း Gun Shot က သိပ်မရှိဘူးဆိုတော့ ဒီကားလေးတည်ဖြစ်သွားတာပါ’’ ဟု ယခုနှစ်အတွင်း အက်ရှင် ဇာတ်ကားအနေဖြင့် ၎င်းပထမ ဆုံးရိုက်ကူးရန် လက်ခံထားသည့် ဇာတ်ကားအကြောင်းကို ပြော သည်။

ယင်းဇာတ်ကားကို ‘ဗိုလ်နေ တိုး’ဟု အမည်ပေးထားပြီး နေတိုး နှင့်အတူ သက်မွန်မြင့်၊ ပိုင်ဖြိုးသု တို့ ပါဝင်သရုပ်ဆောင်မည်ဖြစ် ကာ ဒါရိုက်တာစတီးလ်က ရိုက် ကူးပုံဖော်မည်ဖြစ်သည်။

ယင်းဇာတ်ကားကို ပြင်ဦး လွင်မြို့တွင် သွားရောက်ရိုက်ကူး မည်ဖြစ်ပြီး ဇန်နဝါရီ ၁၉ နှင့် ၂၀ ရက်၌ နှင်းဆီဖျော်ဖြေပွဲကို ရန် ကုန်မြို့တွင် ကပြရန် အစီအစဉ်ရှိ ကြောင်း ၎င်းက ဆိုသည်။

‘‘ရခိုင်ပြည်နယ် ခြံစည်းရိုး ကာဖို့အတွက် ‘နယ်နိမိတ်နှင်းဆီ’ အငြိမ့်ကို ကဖို့ စီစဉ်ထားပါတယ်။ နှစ်ရက်က ပုံစံတော့မတူဘူး။ နောက်ရက်ထဲမှာ အဖွဲ့တွေဆုံပြီး ပြက်လုံးတိုက်ဖို့ရှိပါတယ်’’ဟု အ ငြိမ့်ဖျော်ဖြေပွဲပြင်ဆင်မှုနှင့်ပတ် သက်၍ ပြောသည်။

လတ်တလော ရုံတင်ပြသ နေသည့် ‘လရောင်ဖြာတဲ့ အင်း လေးမှာ’ရုပ်ရှင်ဇာတ်ကားနှင့်ပတ် သက်၍ နေတိုးက ‘‘ပရိသတ်အ တွက်ဆိုတဲ့စိတ်နဲ့ အကြိမ်ကြိမ် ပြန်ထခဲ့ရသောဇာတ်ကား ပရိ သတ်ဆီက အခုလိုတွေပြန်ကြားရ တော့ အင်အားတွေဖြစ်မိပါ တယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။

‘လရောင်ဖြာတဲ့အင်းလေး မှာ’ ရုပ်ရှင်ဇာတ်ကားတွင် နေတိုး က နှစ်ကိုယ်ခွဲ ပါဝင်သရုပ်ဆောင် ထားပြီး ဇာတ်ဝင်တေးသီချင်းများ ကိုလည်း ကိုယ်တိုင်သီဆိုထား သည်။