သီချင်းဖန်တီးတာထက် Noise Music ကို ပိုမိုစိတ်ဝင်စားနေတဲ့ အီတိုး

ဂီတပိုင်းနှင့်ပတ်သက်၍ သီချင်း ဖန်တီးပြီး အခွေထွက်ခြင်းထက် Noise Musicပိုင်းကို စိတ်ဝင် စားသောကြောင့် Public Space (အများပိုင်ဧရိယာ)များတွင် လိုက်တီးဖြစ်နေကြောင်း  အဆိုတော် အီတိုးက ပြောသည်။

‘‘မြူးဇစ်မလုပ်ချင်ရာကနေ ဘယ်သူနဲ့မှ စကားပြောလို့မရ တော့ဘူး။ စာသားတွေလည်း စိတ်မဝင်စားတော့ဘူး။ အသံကို ပဲ နားဆင်ချင်တယ်။ အသံတစ်ခု ကိုပဲ စိတ်ဝင်စားတယ်။ အသံတစ် ခုကို ပြောင်းလဲလိုက်ရင် ဘယ်လို ဖြစ်သွားတယ်။ သဘာဝအသံ တွေကို လိုက်ဖမ်းတယ်။ မြူးဇစ် မဟုတ်တော့ဘူး။ မြူးဇစ်ကို နှစ် သက်ရာကနေ အသံတွေအားလုံး ကို နှစ်သက်လာတယ်။ လော်စပီ ကာသံဆိုရင်လည်း နှစ်သက် တယ်။ အဲဒီအသံတွေကို ကျွန် တော်တို့က ပြန်တီးတာပေါ့’’ဟု ၎င်းက ပြောသည်။

သီချင်းဆိုရန် အစီအစဉ်မရှိ သလို Noise ပိုင်းက မြန်မာနိုင်ငံ တွင် လက်ခံသူ နည်းနေသေး သောကြောင့် တိုးတက်ရန် ကြိုး စားနေသည်ဟုဆိုသည်။

‘‘တိုးတက်တဲ့နိုင်ငံတွေမှာ ဆိုရင် Public Space တွေမှာ မြူးဇစ်တီးခတ်လို့ရတယ်။ ဘယ် နေရာမှာပဲဖြစ်ဖြစ်ပေါ့။ ကြိုက်တဲ့ နေရာမှာ မြူးဇစ်လုပ်လို့ရတယ်။ မြန်မာနိုင်ငံမှာကျတော့ မြူးဇစ် လုပ်ရင် ဆူညံပူညံနဲ့ ရပ်ကွက်က လာပြောကြတာတွေရှိတယ်။ အဓိက ကျွန်တော်က အခွေထွက် တဲ့ဟာမျိုးထက် ချက်ချင်းတီး၊ ချက်ချင်းကိုယ်ဘယ်သူမှန်းမသိ ဘူး။ ပုဂ္ဂိုလ်စွဲလည်းမရှိဘူး။ ကိုယ်ကဘယ်ကမှန်းလည်း ဘယ် သူမှမသိဘူး။ ဒါပေမဲ့ ကိုယ်က တီးလိုက်တဲ့ အချိန်မှာ ကြားတဲ့ သူက ပြန်လှည့်ကြည့်တယ်။ အဲဒီ အရသာကို ကြိုက်တယ်။ အဲဒါ ကြောင့် အခွေမထွက်ဖြစ်တာ ပါ’’ဟု အီတိုးကပြောသည်။

မြေအောက်ကားပါကင်များ တွင် သွားတီးဖြစ်ပြီး လုံခြုံရေးက လာပြောသည့်အချိန်ပြန်တောင်းပန်ရသည့် အခြေအနေများနှင့် လည်း ကြုံရသည်ဟု အီတိုးက ပြောသည်။

အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံ တွင် Noise များ အလွန်ခေတ် စားသော်လည်း မြန်မာနိုင်ငံ၌ အရမ်းသစ်နေသေးသောကြောင့် Public Space များတွင် သွား ရောက်တီးဖြစ်နေကြောင်း ၎င်း ကပြောသည်။

ဇန်နဝါရီ ၂၀ ရက်တွင် Rose Garden ဟိုတယ်၌ ပြုလုပ် မည့် ဖခင်ဇော်ဝင်းထွဋ်၏ တစ် ကိုယ်တော်ရှိုးတွင် အီတိုးက ပါဝင်သီဆိုမည်ဖြစ်သည်။

‘‘အဖေ့ပွဲမှာတော့ ပွဲစီစဉ်တဲ့ သူတွေက ဆိုခိုင်းတယ်။ အဖေနဲ့ ကျွန်တော်နဲ့ လိုင်းမတူဘူးဆိုတာ ကို အဖေကတော့သိတယ်။ အဖေက လျှောက်ပြောတယ်။ အီတိုးကိုဆိုခိုင်းရင် အီတိုးက စိတ်ဆိုးမှာတဲ့။ ကျွန်တော်က စိတ်မဆိုးပါဘူးလို့။ ဆိုပါ့မယ်လို့ ပြောထားပါတယ်။ တစ်ခါတလေ တော့ဆိုတယ်။ ဒါပေမဲ့ သီချင်းဆို တဲ့အလုပ်နဲ့တော့ အခွေထွက်ပြီး မရပ်တည်တော့ဘူး။ ဝါသနာအရ တစ်ခါတလေတော့ဆိုမယ်။ အဓိက စတူဒီယိုနဲ့ Technical ပိုင်းကို ပိုစိတ်ဝင်စားတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ဇန်နဝါရီလကုန် တွင် အင်ဒိုနီးရှား၌ ပြုလုပ်မည့် Noise bombing festival တွင် သွားရောက်ဖျော်ဖြေရန်ရှိပြီး တစ် ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း အီတိုးက ပြောသည်။