နားဆင်ရဖို့ရှိတဲ့ မီမီဝင်းဖေတေးစီးရီးအသစ်များ

တစ်ကိုယ်တော်အခွေ  မထွက် သည်မှာ (၁၀)နှစ်ကျော်ရှိပြီဖြစ် သောကြောင့် ‘ပန်ဆင်မယ်ဆို’ အမည်ရှိသော တေးအယ်လ်ဘမ် ကို  ယခုနှစ်သင်္ကြန်အပြီးတွင် ထွက်နိုင်ရန် စီစဉ်နေကြောင်း အဆိုတော်မီမီဝင်းဖေက ပြော သည်။

‘‘တစ်ကိုယ်တော်အခွေက တော့ ညီညီသွင်တစ်ယောက် တည်းရေးတယ်။ Lazy Club တီး တယ်။ န၀ရတ်(စတူဒီယို)မှာ ဆို ထားတဲ့အခွေပါ။ မိန်းကလေးဆန် တဲ့သီချင်းလေးတွေဆိုထားပါ တယ်’’ ဟု ၎င်းကပြောသည်။

‘ပန်ဆင်မယ်ဆို’ တေး အယ်လ်ဘမ်သည် ၎င်း၏ ၂၀ ကျော်မြောက်တေးအယ်လ်ဘမ် ဖြစ်ပြီး သီချင်း ၁၂ ပုဒ်ပါဝင်မည် ဖြစ်သည်။

‘‘အခုကတော့ ကိုယ်နိုင်သ လောက် ပွဲလေးတွေ နည်းနည်း ပါးပါးဆိုဖြစ်တယ်။ သိပ်အများ ကြီးမဆိုဖြစ်ပါဘူး။ ကျန်းမာရေး ကြောင့်လည်းပါတယ်။ မိဘကို အချိန်ပေးချင်တာကြောင့်လည်း ပါတယ်။ တစ်ကိုယ်တော်ခွေ ထွက်ပြီးရင်လည်း ဆရာစိုင်းခမ်း လိတ်သီချင်းတွေကို ကိုဘိုဖြူနဲ့ လုပ်နေတာလည်း တစ်ဝက်တစ် ပျက်ကြီးဖြစ်နေပါတယ်။ အဲဒါ လေးလည်း ထွက်ဖို့ရှိပါတယ်’’ ဟု မီမီဝင်းဖေက ပြောသည်။

ရှိုးပွဲအနေဖြင့် ပြီးခဲ့သည့် ခရစ္စမတ်ကာလက မန္တလေး၌ အဆိုတော်ကော်နီနှင့်အတူ ရှိုးပွဲ နှစ်ပွဲသီဆိုခဲ့ကြောင်း ဆိုသည်။

‘‘ပရိသတ်တွေအနေနဲ့က တော့ မမီတို့ရဲ့နောက်မှာ Gene-ration တွေအများကြီးပြောင်းလဲ သွားပါပြီ။ ဒါပေမဲ့ ကိုယ့် Gener-ation ပရိသတ်တွေ ကိုယ့်ကိုဆို ပါဦး၊ ဘာညာအားပေးနေကြ တယ်။ ကျေးဇူးအရမ်းတင်တယ်။ သူတို့အတွက် အခွေလေးတွေ ထွက်လာပါလိမ့်မယ်။ ဆက်ပြီး အားပေးကြဖို့ ပြောချင်ပါတယ်’’ ဟု ၎င်းကပြောသည်။

မီမီဝင်းဖေသည် ဂီတသက် တမ်းနှစ်(၃၀)ကျော်ပြီဖြစ်သကဲ့သို့ လက်ရှိအချိန်ထိ သီချင်းချိုချို အေးအေးကြိုက်နှစ်သက်သည့် ပရိသတ်များ လက်ခံအားပေးနေ ဆဲအဆိုတော်ဖြစ်သည်။