အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းရဲ့ နောက်ကွယ်မှာ

၂၀၁၇ ကုန်ခါနီးနဲ့ ၂၀၁၈ အစဟာ ဆောင်းတွင်းကာလ ဆိုပေမယ့် အချိန်အခါမဟုတ် မိုးရေ တွေကြားမှာ ဗျာများခဲ့ရသည်။ အဲဒီကာလအခိုက်အတန့်လေးမှာ ဆောင်းဟာ စကားပီပီသသ မ ပြောခဲ့ဘူး။ အနွေးထည်ထူထူထဲ ထဲ မဝတ်ခဲ့ဘူး။ သရက်ဖူးလေး တွေလည်း မဝေခဲ့ဘူး။ ဆောင် တော်ကူး၊ ဆိပ်ဖလူးပန်းတွေရဲ့ စကားသံတိတ်ဆိတ်။ အရူးမီးဝိုင်း နေတဲ့ လေတွေဟာ ကြမ်းရှရှ။ လရောင်ဟာ မိုးရေတွေထဲ ခိုက် ခိုက်တုန်လို့၊ တောင်သူတွေခမျာ မှာ ပါးစပ်ထဲရောက်ခါနီးထမင်း လုတ်ကို ပုတ်ချခံလိုက်ရတယ်။ မျှော်လင့်ခြင်းတွေ အညွန့်ကျိုး သွားတယ်။ သူတို့အတွက် ကောက်ရိုးတစ်မျှင်ဟာလည်း ဝေ ဝါးလွန်းခဲ့သည်။

တောင်သူတွေဟာ ပန်းတွေ အလန့်တကြားထပွင့်ပြီး အလန့် တကြား ကြွေကျသွားရတဲ့အ ကြောင်း၊ ထစ်ခနဲဆို လူသတ်ချင် နေတဲ့ အသွေးအသားတွေ ရုန်းကြွနေတဲ့အကြောင်း၊ ငယ်ထိပ် ရောက်နေတဲ့ တဏှာရမ္မက်စိတ်၊ လောဘ၊ မောဟစိတ်တွေအ ကြောင်း၊ အမြင့်ပေါ်တက်သွား ပြီး ပြန်ဆင်းမလာတဲ့ ကုန်ဈေးနှုန်း တွေအကြောင်း၊ ဟင်းတစ်ခွက် လျှော့စားရမယ့် ပုစွန်ဦးနှောက် တွေ အကြောင်း၊ ပညာသင်ခွင့်မရ တဲ့ကလေးတွေအကြောင်း၊ ဘဝ ကို ငွေနဲ့လဲလှယ်နေရတဲ့ မိန်းမပျို လေးတွေအကြောင်း၊ အလေး ထည့်တဲ့ဘက်ကို အမြဲတမ်းသာ နေတဲ့ လောကကြီးအကြောင်း၊ ညှဉ်းပန်းနှိပ်စက်ခံနေတဲ့ ကလေး သူငယ်တွေအကြောင်း၊ နာမည်နဲ့ မလိုက်ဖက်တဲ့ တရားဥပဒေစိုးမိုး မှုအကြောင်း၊ အရောင်တွေသာ ပြောင်းသွားတယ် အရသာမ ပြောင်းသေးတဲ့ သစ်သီးတစ်လုံး အကြောင်း၊ ဘုမသိဘမသိ မင် စွန်းခဲ့ရတဲ့ လက်သန်းလေးတွေအ ကြောင်းစသဖြင့် ပြောမဆုံးပေါင် တောသုံးတောင်အကြောင်း မသိ ချင်ဘူး။ သူတို့ သိချင်နေတာ အ ချိန်အခါမဟုတ်မိုးကြောင့် ပျက် စီးခဲ့ရတဲ့ အနာဂတ်တွေ၊ မျှော်လင့် ချက်တွေကို ဘယ်လိုပြန်တည် ဆောက်ရမလဲ၊ အတိုးပေါ် အတိုး ဆင့်နေတဲ့ ချေးငွေတိုးတွေကို ဘယ်လိုဖြိုချရမလဲ၊ အစိုးရချေး ငွေအတွက် ဘယ်လိုပေးဆပ်ရမ လဲဆိုတာပါပဲ။

ပြန်စဉ်းစားကြည့်တော့ အ ချိန်အခါမဟုတ်မိုးက ၂၀၁၇ နိုဝင် ဘာကတည်းက ရွာခဲ့ပြီး သီးနှံ စိုက်ခင်းတွေကို ပျက်စီးစေရုံသာ မက သဘာဝဘေးတွေကိုလည်း ဖန်တီးခဲ့တာ မြင်ယောင်လာ တယ်။ အဲဒီကတည်းက တောင် သူတွေရဲ့ ဒုက္ခနိဒါန်းစခဲ့ရတာမ ဟုတ်လား။ နောက် ၂၀၁၇ ဒီဇင် ဘာကနေ အခု ဇန်နဝါရီအထိ အချိန်အခါမဲ့မိုးတွေ ဆက်လက် ရွာသွန်းခဲ့တယ်။ အဲဒီမိုးကြောင့် မကွေးတိုင်းဒေသကြီး စလင်းမြို့ နယ်မှာ ရိတ်သိမ်းဆဲ စပါးစိုက် ခင်းဧကထောင်ချီ ပျက်စီးခဲ့သည်။ လယ်သမားအများစုဟာ စိုက်ပျိုး စရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက် အခဲတွေ ဖြစ်ပေါ်ခဲ့ရတယ်။ အ ချိန်အခါမဟုတ်မိုးဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ရခိုင်၊ ကချင်၊ချင်းနဲ့ ကယားပြည် နယ် ဒေသတွေအထိ ခြေဆန့်ခဲ့ သည်။

ဇန်နဝါရီအတွင်း ရွာသွန်းခဲ့ တဲ့ အချိန်အခါမဟုတ်မိုးကြောင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ယောချောင်းအတွင်းရှိ ကြက်သွန် နီစိုက်ခင်း ရာခိုင်နှုန်း ၉၀ ခန့် ပျက်စီးပြီး တောင်သူများ စိုက်စရိတ် ဆုံးရှုံးမှု များပြားခဲ့ရသည်။ အဲဒီ ရက်မှာပဲ ကြက်သွန်ဈေးနှုန်းတွေ မိုးပေါ်ရောက်ခဲ့ရတယ်။ ဒါတင် ဘယ်ကမလဲ အချိန်အခါမဟုတ် မိုးကြောင့် ပဲခူးတိုင်းဒေသကြီး အ ရှေ့ခြမ်းရှိ မြို့နယ်တချို့မှာ စိုက် ပျိုးအောင်မြင်နေတဲ့ ဆောင်းသီးနှံ ပဲစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့ရ တယ်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်မှာ ပန်းမုန် လာစိုက်ခင်းတွေ ပိုးတချို့ကျ ရောက်တဲ့အတွက် တောင်သူတွေ အရှုံးပေါ်ခြင်း၊ ရခိုင်ပြည်နယ် ဆားလုပ်ကွက်တွေပျက်စီးဆုံးရှုံး ခြင်း၊ အုတ်ကွင်းတွေ ပျက်စီးခြင်း၊ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှု ဖြစ်ပွားပြီး ရေမ ဆေးကျောက်ရှာဖွေသူတွေ ထိ ခိုက်သေဆုံးခြင်း၊ လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်ခြင်းတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အချိန်အခါမဟုတ်မိုးနဲ့ပတ် သက်ပြီး မိုးလေဝသပညာရှင် ဦး ထွန်းလွင်ကတော့ လူမှုကွန်ရက် စာမျက်နှာကနေ၊ ရုပ်သံတွေက နေ၊ ရေဒီယိုတွေကနေ၊ သတင်း စာ၊ ဂျာနယ်တွေကနေ ပြောနေ တာပဲ။ အချိန်အခါမဟုတ်မိုးတွေ  ရွာမယ်ဆိုတာ။ ဒါကိုလူတော် တော်များများ သိပေမယ့် ဇနပုဒ် ကလယ်သမားတွေ သိပါ့မလား။ သတင်းတွေ ကြားရင်တောင် ဘယ်လိုပြင်ဆင်ကြရမယ်ဆိုတာ သိခဲ့ရဲ့လား။ သေချာတာတော့ ငွေအင်အား၊ စက်အင်အား၊ လူ အင်အားစသဖြင့် အဘက်ဘက် က အားနည်းတဲ့ လယ်သမားတွေ ကတော့ နင်းပြားပြီး နင်းပြားပါပဲ။ အကြွေးသံသရာမှာ တလည် လည်နဲ့ လယ်သမား ပီသခဲ့ရ တယ်။ အချိန်အခါမဟုတ်မိုးက ဘယ်အငြိုးတွေနဲ့ ရွာခဲ့တာလဲမ သိ။ ဇန်နဝါရီ ၃ ရက်က ရွာတဲ့ မိုးဆိုရင် ရန်ကုန်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မြို့ ၁၆ မြို့မှာ အရင်ကာလ တွေက ရွာခဲ့တဲ့ မိုးရေချိန်ကို ကျော်လွန်ပြီး စံချိန်ကျိုးခဲ့လေသတဲ့။ ဘယ်အငြိုးနဲ့ ရက်စက်တာလဲ မိုး ရယ်လို့တောင် ပြောရမလိုလို။

ဇန်နဝါရီ ၆ ရက် နေ့လယ်က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ် ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဒေသကိုးခုမှာ အ ချိန်အခါမဟုတ် မိုးရွာနိုင်ပြီး တောင်သူတွေအနေနဲ့ သီးနှံများမ ပျက်စီးရေး ကြိုတင်ကာကွယ်ဖို့ မိုးဇလက သတိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဒေသအတော် များများမှာ မိုးရွာသွန်းခဲ့ပါတယ်။ လေဖိအားနည်းရပ်ဝန်းဟာ ဇန်န ဝါရိ ၉ ရက်မှာ ပျက်ပြယ်သွားတဲ့ အတွက် ရာသီဥတုဟာ ပြန်လည် သာယာလာတဲ့ အနေအထား တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အချိန်အခါမဟုတ် မိုးရွာသွန်းမှု ကြောင့် တောင်သူတွေ တော် တော် အထိနာခဲ့ရပါတယ်။ အဲဒီ အတွက် အစိုးရအနေနဲ့ ဘယ်လို အထောက်အပံ့တွေ ပေးခဲ့သလဲ မသိပေမယ့် လောလောဆယ်မှာ ကြက်သွန်နီဈေးတွေ အဆမတန် တက်နေပါတယ်။ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ကြက်သွန်ဈေး တစ်ပိဿာ ၄,၅၀၀ ဖြစ်နေလို့ တရုတ်ကလား၊ အိန္ဒိယကလား လာတဲ့ ဖြူဖပ်ဖြူရော် ကြက်သွန် နီဥကြီးတွေကို ဝယ်သုံးနေကြတာ ရွှေလက်ကိုယ်တိုင် ဈေးထဲမှာ တွေ့မြင်လိုက်ရပါတယ်။ လက်ရှိ တောင်းဆိုနေကြတဲ့ အနည်းဆုံး တစ်ရက်လုပ်ခလစာ ၄,၈၀၀ ဟာ ကြက်သွန်နီ တစ်ပိဿာပဲ ဝယ်လို့ရတဲ့အကြောင်း ရွှေလက် သိလိုက်ရချိန်မှာ အသက်ရှူ တောင် ခပ်ကျပ်ကျပ်ဖြစ်သွားရပါ တယ်။ ဒါဟာအချိန်အခါမဟုတ် မိုးရွာသွန်းမှုရဲ့ နောက်ဆက်တွဲ ပြဿနာဆိုပေမယ့် ဖြေရှင်းပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။

တောင်သူတွေဟာ အခုလို အချိန်အခါမဟုတ်မိုးကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရင်ဆိုင်ရတာဟာ ဒုတိယအကြိမ် ရင်ဆိုင်ရခြင်းဖြစ် ပါတယ်။ ဒါတင်မကသေးပါဘူး။ တောင်သူတွေဟာ စပါးစိုက်ခါစ မိုးဦးကာလကလည်း မိုးသည်း ထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တဲ့အတွက် စပါးခင်းတွေ ရေမြုပ်ပျက်စီးခဲ့ရသေးတယ်။ အဲ ဒီတုန်းကလည်း သဘာဝဘေးရဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်ချက် တွေအောက်မှာ တောင်သူတွေ ဟာ လုံးပါးပါးခဲ့ရတယ်။ ဘူးသီး အမွေးသပ်သလို ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တောင်သူတွေဟာ အား မလျှော့ခဲ့ကြပါဘူး။ ရေမြုပ်ပြီး ပျက်စီးခဲ့တဲ့ စပါးခင်းတွေကို ပြန် လည်စိုက်ပျိုးပြီး သူတို့ရဲ့ မျှော် လင့်ချက်အိပ်မက်တွေကို ဆက် လက် ပျိုးထောင် ခဲ့ကြတယ်။ တောင်သူတွေဟာ မျှော်လင့်ချက် တွေကို ဆက်လက်ပျိုးထောင်ပြီး အသီးအပွင့်တွေကို ရိတ်သိမ်းရ တော့မယ့် အချိန်ကျတော့လည်း အချိန်အခါမဟုတ် မိုးကအငြိုးတ ကြီးနဲ့ နှိပ်စက်ပြန်သတဲ့ဗျာ။ ဘယ် လိုလုပ်မလဲ။ မေးသာမေးရတာ ပါ။ မေးခွန်းသာရှိပြီး တိကျရေရာတဲ့ အဖြေမရှိခဲ့တာတောင်ကြာခဲ့ပြီ မဟုတ်လား။

မြန်မာနိုင်ငံမှာကလည်း လက်ရှိ အနေအထားအတိုင်း ဆက်သွားနေမယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ ကြောင့် ရာသီဥတုပြောင်းလဲပြီး သဘာဝ ဘေးအန္တရာယ်တွေက တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် လာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ရာ သီဥတုပြောင်းလဲမှုကို လျှော့ချနိုင် ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းတွေကို ထိထိရောက် ရောက် ဆောင်ရွက်ရမယ်။ သ ဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင် တဲ့ လုပ်ငန်းတွေ၊ လုပ်ရပ်တွေကို တတ်နိုင်သလောက် မလုပ်ဖြစ်လို့ ကြိုးစားရမယ်။ ဒါမှ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်မယ်။ ပြီးရင် လျှော့ချနိုင်မယ်။ ဒီလုပ် ငန်းစဉ်တွေဟာ နိုင်ငံတော်အစိုးရ ရဲ့ ဦးဆောင်မှုနဲ့ လက်တွေကျကျ ထိထိရောက်ရောက် လုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါ တယ်။ ဒါကရေရှည်အတွက်ဖြစ် ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ အချိန်မှာ တောင်သူတွေဟာ သဘာဝဘေး တွေနဲ့ ရင်ဆိုင်နေရဦးမယ်။ ဒါ ကြောင့် အစိုးရအနေနဲ့ လတ်တ လောဖြစ်နေတဲ့သဘာဝဘေးတွေ ကို တုံ့ပြန်နိုင်အောင် ဆောင်ရွက် ဖို့လိုသလို တောင်သူတွေအတွက် လည်း လိုအပ်နေတဲ့ အကူအညီ တွေ ပေးနိုင်အောင် ဆောင်ရွက် ဖို့လိုပါတယ်။ အခုပဲကြည့်လေ၊ အချိန်အခါမဟုတ် မိုးကြောင့် တောင်သူတွေရဲ့ ကြက်သွန်ခင်း တွေ၊စပါးတွေ ပျက်စီးတယ်။ ကြက်သွန်ဈေးတက်တယ်။ ဆန် ဈေးတက်တယ်။ တောင်သူတွေ ဒုက္ခရောက်တယ်။ အခြေခံလူ တန်းစားတွေ ကျပ်တည်းကုန် တယ်။

တကယ်တော့ ဒီပြဿနာ တွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ချက်ချင်းလက်ငင်း ဖြေလျှော့မှု တွေ လုပ်ဆောင်ပေးဖို့ လိုပါ တယ်။ နောက်ပြီး တောင်သူတွေ အတွက် သီးနှံပျက်စီးဆုံးရှုံးမှု အာ မခံစနစ်ကို အလျင်အမြန်ဖော် ဆောင်ခြင်း၊ စပါးဈေးထိန်းညှိပေး ခြင်း၊ သွင်းအားစုစရိတ်လျှော့ချ နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ လက်မှုလယ်ယာမှ စက်မှုလယ် ယာသို့ကူးပြောင်းနိုင်ရေးအတွက် လယ် ယာမြေတွေကို စနစ်ကျဖော် ဆောင်ပေးခြင်း၊ ပြဋ္ဌာန်းထားတဲ့ တောင်သူလယ်သမား အခွင့်အ ရေး၊ ကာကွယ်ရေးနှင့် အကျိုးစီး ပွားမြှင့်တင်ရေး ဥပဒေကို အသက် ဝင်အောင် ဆောင်ရွက်ပေးခြင်း စသဖြင့် မဖြစ်မနေဆောင်ရွက်ဖို့ လိုတဲ့ ကိစ္စရပ်တွေကိုလည်း စနစ် တကျနဲ့ ထိထိမိမိလုပ်ဆောင်ပေး ဖို့လည်း လိုပါတယ်။ ဒါမှသာ တောင်သူတွေဟာ သဘာဝဘေး အန္တရာယ်တွေရဲ့ ဖျက်ဆီးအနိုင် ကျင့်ခံရရင်တောင် ဆုံးရှုံးမှုနည်း ပါးပြီး ပြည်သူလူထုအပေါ်လည်း ထိခိုက်မှု သက်သာစေမှာ ဖြစ်ပါ တယ်။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)