လူသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြမည်ဟု စဥ့်ကူးအမတ်ပြော

 လွတ်လပ်ရေးနေ့အ ခမ်းအနားတက်ရောက်ရန် အသွားလမ်းတွင် လူသေဆုံးသည့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ပုဒ်မသုံး ခုဖြင့် အမှုဖွင့်ခံရမှုနှင့် ပတ်သက် ၍ ဖြစ်စဉ်အမှန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြမည်ဖြစ် ကြောင်း စဥ့်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာဇော်ဝင်းမြင့်က ပြောသည်။

ဒေါက်တာ ဇော်ဝင်းမြင့် သည် ဇန်နဝါရီ ၄ ရက်နံနက်က စဥ့်ကူးမြို့တွင် ကျင်းပမည့် လွတ် လပ်ရေးနေ့အခမ်းအနား တက် ရောက်ရန် လက်ပံလှကျေးရွာမှ စဥ့်ကူးမြို့သို့ ကားဖြင့် သွားစဉ် ၎င်းမောင်းနှင်လာသော ကားနှင့် ကြံခုတ်သွားမည့် သားအဖနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်တစ် စီးတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ဖခင်သေဆုံးပြီး ကားနှင့် ဆိုင်ကယ်ယာဉ်မောင်းနှစ်ဦးစလုံးကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ လူသေမှု အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၀၂(က)၃၃၈/၃၃၇ တို့ဖြင့် လက်ပံလှရဲစခန်း၌ အမှုဖွင့်ထားသည်။

‘‘ဥက္ကဋ္ဌထံ အစီရင်ခံစာတင် ဖို့ ရေးနေတယ်။ ပါးစပ်နဲ့ပြောခွင့် ရရင်လည်း ပြောမယ်။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဥက္ကဋ္ဌကြီး ကို ဖြစ်စဉ်အမှန် သုံးသပ်နိုင် အောင် တင်ပြတဲ့ သဘောပါပဲ’’ ဟု စဥ့်ကူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်ဝင်းမြင့်က ပြောသည်။

အမှုနှင့်ပတ်သက်၍ သက် ဆိုင်ရာရဲတပ်ဖွဲ့က ဥပဒေနှင့် အညီ ဆောင်ရွက်နေပြီး အမှုတည် ဆောက်နေဆဲကာလအဖြစ် သိရှိ ထားကြောင်း ၎င်းက ဆိုသည်။

၎င်းအနေဖြင့် ဇန်နဝါရီ ၁၅ ရက်တွင် ပြန်လည်စတင်မည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်း အဝေးများသို့ တက်ရောက်မည်ဟု ဒေါက်တာဇော်ဝင်းမြင့်ကဆိုသည်။  

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကို ဖမ်းဆီးမည်ဆိုပါက လွှတ် တော်ဥက္ကဋ္ဌထံ ခိုင်လုံသော အ ကြောင်းပြချက်တင်ပြ၍ လွှတ် တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်တောင်း ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် ၌ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဖောက်ဖျက်ကျူးလွန်ခြင်း မရှိကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့်သာ ဖမ်းဆီးရမည် ဖြစ်၍ လတ်တလောတွင် ရဲတပ်ဖွဲ့က ၎င်းကို အာမခံပေးထား ကြောင်း ဒေါက်တာဇော်ဝင်းမြင့် က ပြောသည်။

စွဲဆိုထားသော ပုဒ်မသုံးခုအ နက် ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ကို ကျူးလွန်ပါက ချက်ချင်းဖမ်း ဆီးရမည်ဖြစ်သော်လည်း ရဲတပ် ဖွဲ့နှင့် သေဆုံးသူဘက်မှ ကျေနပ် ပါက အာမခံပေးနိုင်သည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) သည် ပေါ့ဆမှုကြောင့် လူသေဆုံးမှုဖြစ်ပြီး ကျူးလွန်သည့်အ ချက်ပေါ် မူတည်၍ ထောင်ဒဏ် (သို့မဟုတ်)ငွေဒဏ်အသီးသီးချ မှတ်နိုင်ပြီး အများဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည်။

More in Regional Section