နှစ်သစ်ကူးတရားပွဲမှ ရရှိသည့် အလှူငွေကို ဆရာတော်အရှင်ဆန္ဒာဓိက ပြန်လည်လှူဒါန်း

ဓမ္မပူဇာအလှူငွေကျပ်သိန်း ၁,၂၀၀ ကို ဆရာတော်အရှင်ဆန္ဒာဓိကက ပြန်လည်လှူဒါန်းနေစဉ်(ဓာတ်ပုံ − နေခြည်)

 ရွှေပါရမီတောရ ဆရာ တော် အရှင်ဆန္ဒာဓိကသည် ပြည် သူ့ရင်ပြင်တွင် ကျင်းပသည့် နှစ် သစ်ကူးတရားပွဲ၌ တရားနာပရိ သတ်များ လှူဒါန်းထားသည့် ဓမ္မ ပူဇာအလှူငွေ ကျပ်သိန်း ၁,၂၀၀ ကို သက်တော် (၅၀) ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် ပြန် လည်လှူဒါန်းခဲ့သည်။

 ရန်ကုန်မြို့လှည်းကူးမြို့ နယ်၌ ရွှေပါရမီမဟာဂန္ဓာရုံ ပရိ ယတ္တိစာသင်တိုက်ကို ယခုနှစ်အ တွင်း စတင်တည်ထောင်မည်ဖြစ် ရာ ယင်းစာသင်တိုက်အတွင်း ပထမဆုံး ဆောက်လုပ်မည့် မေတ္တာပါရမီကျောင်းဆောင်အ တွက် ဆရာတော်က မတည်လှူ ဒါန်းခြင်းဖြစ်သည်။


ဆရာတော်သည် သာသနာ့ ဘောင်သို့ မဝင်ရောက်မီ ငယ်စဉ် ကတည်းက မဟာဂန္ဓာရုံ ဆရာ တော်ကြီး၏ တရားစာအုပ်များ လေ့လာခဲ့သည်။ သာသနာ့ ဘောင်သို့ ဝင်ရောက်ချိန်တွင် လည်း မဟာဂန္ဓာရုံ ဆရာတော် ကြီး ပြဋ္ဌာန်းခဲ့သည့် သာမဏေ ကျော်စာဝါများကို လေ့လာဆည်း ပူးခဲ့ရ၍ ကျေးဇူးဆပ်သည့် အနေ ဖြင့် ယင်းစာသင်တိုက်ကို တည် ထောင်ခြင်းဖြစ်ကြောင်း ဆရာ တော်က မိန့်ကြားသည်။

‘‘လူ့ဘဝတုန်းက မဟာဂန္ဓာ ရုံ ဆရာတော်ဘုရားကြီးရဲ့ တရား စာအုပ်တွေဖတ်ပြီး သာသနာ့ ဘောင်ကိုအပြီးတိုင် ဝင်ရောက် လာခဲ့တာပါ’’ ဟု ဆရာတော်က မိန့်ကြားသည်။

ရွှေပါရမီမဟာဂန္ဓာရုံ ပရိယတ္တိစာသင်တိုက်တွင် သာမဏေ ကျော်စာဝါများအား အဓိကပို့ချ မည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဦးဆောင်ကျင်းပသည့် နှစ် သစ်ကူးတရားပွဲ နောက်ဆုံးနေ့ ဖြစ်သော ဇန်နဝါရီ ၃ ရက်၌ ဆရာတော်အရှင် ဆန္ဒာဓိကက ‘မေတ္တာစာချုပ်ဖြင့်သာ ထာဝရ ငြိမ်းချမ်းရေး ရနိုင်သည်’ တရား တော်ကို ဟောကြားခဲ့သည်။

Top News