ပင်လယ်အတွင်း မျောပါသွားသော ရေလုပ်သားများအနက် ခြောက်ဦး အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေ

ဖျာပုံမြို့နှင့် ထိစပ်နေ သော ပင်လယ်ပြင်၌ လေပြင်း ကြောင့် ကျားဖောင်နှင့်အတူ ပင် လယ်ထဲ မျောပါသွားသော ရေ လုပ်သားများအနက် ခြောက်ဦး သည် အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ကျွန်းသို့ ရောက်နေသဖြင့် ပြန်လည် ခေါ်ဆောင်နိုင်ရေး တာဝန်ရှိသူ များက ကြိုးစားနေသည်။

၂၀၁၇ ဒီဇင်ဘာက ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားနေချိန် ကျားဖောင်ဖြင့် ငါးဖမ်းနေသော ရေလုပ်သား နှစ်ရာကျော်သည် ပင်လယ်အတွင်း မျောပါသွား ခြင်းဖြစ်သည်။ ယင်းတို့အထဲမှ ခြောက်ဦးသည် အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ကျွန်းသို့ ရောက်နေသ ဖြင့် ၎င်းတို့၏ လုပ်ငန်းရှင်မှတစ်ဆင့် ဆက်သွယ်လာ၍ ပြန်ခေါ်နိုင်ရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။


 ‘‘ကယ်ဆယ်ရေး လုပ် ဆောင်တာမှာ တပ်မတော်ရေက တွေ့တာရော၊ ပြန်ရောက်လာ တာတွေရောဆို သူတို့ ခြောက် ယောက်ပဲ ကျန်တော့တာ။ အခုသူတို့အလုပ်ပိုင်ရှင်ဆီ ဖုန်းဆက် တယ်တဲ့။ အိန္ဒိယနိုင်ငံ ကမ်းခြေ ဘက်ကို ရောက်နေတယ်ဆိုပြီး ဒါကြောင့် ပြန်ခေါ်ဖို့ ရုံးချုပ်ကို အသေးစိတ် တင်ပြထားတယ်’’ ဟု ဦးသန်းစိုးကပြောသည်။

ရေလုပ်သားခြောက်ဦးသည် ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာမှ ရေလုပ်ငန်းရှင် ဦးအောင်ခင်၏ ကျားဖောင်ပေါ်တွင် အတူတူ အ လုပ်လုပ်နေသူများဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထားသည်။ အိန္ဒိယ နိုင်ငံဘက်သို့ ရောက်နေကြောင်း ၎င်းတို့လုပ်ငန်းရှင်က ဇန်နဝါရီ ၈ ရက်တွင် လာရောက်အသိပေး ရာမှ စတင်သိခဲ့ကြောင်း မအူပင် ခရိုင် ကျားဖောင်အသင်းဥက္ကဋ္ဌ ဦးသံချောင်းကပြောသည်။

‘‘ပြန်ခေါ်နိုင်ဖို့ လိုအပ်တာ တွေ ဆောင်ရွက်ပေးဖို့ဆိုတော့ လူကယ်ပြန်နဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်’’ ဟု ဦးသံချောင်းကဆိုသည်။

ဖျာပုံမြစ်သည် မုတ္တမပင် လယ်ကွေ့ရေပြင်နှင့် ထိစပ်နေ ပြီး ထိုနေရာမှ ကပ္ပလီပင်လယ် ပြင်၊ ဘင်္ဂလားပင်လယ်အော်တို့ ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ ကမ်းခြေဒေသများနှင့် ကျွန်းများ သို့ ရောက်ခြင်းဖြစ်သည်။ ပင် လယ်ဒီရေ ကျနေချိန်ဖြစ်ပါက အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံဘက် သို့ မျောပါသွားပြီး ဒီရေတက် ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး နှင့် ထိစပ်နေသော ကိုကိုးကျွန်း ပင်လယ်ရေပြင်ဘက်သို့ မျောပါ လာကြောင်း ဖျာပုံမြို့နယ် ဒေသ ခံ ရေလုပ်ငန်းရှင်များက ပြော သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ နောက် ဆုံးပတ်နှင့် ဇန်နဝါရီ ပထမပတ် က ကိုကိုးကျွန်း ပင်လယ်ရေပြင် တွင် ကျားဖောင်နှင့်အတူ မျောပါလာသော ရေလုပ်သားခြောက်ဦးကို တပ်မတော် (ရေ)က ကယ်ဆယ်ခဲ့သည်။

၂၀၁၁ မတ်လအတွင်းက ဖြစ်စဉ်တွင် သောင်းချီသော ရေ လုပ်သားများသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံဘက်သို့ မျောပါသွားပြီး သက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် ညှိနှိုင်းကာ ပြန်လည်ခေါ်ဆောင်ခဲ့ဖူးသည်။

ဖျာပုံမြို့နှင့် ထိစပ်နေသော ပင်လယ်ပြင်၌ ယခုနှစ် ဒီဇင်ဘာ အတွင်း လေပြင်းတိုက်ခိုက်သည့် ဖြစ်စဉ်ကြောင့် ကျားဖောင် ၈၆ ဖောင်နှင့်အတူ ရေလုပ်သား ၂၅၈ ဦး မျောပါပြီး သေဆုံးနှင့် ပျောက် ဆုံးနေသော ရေလုပ်သား ဆယ်ဦးကျော် ရှိခဲ့သည်။

More in News Section