ရုပ်ရှင်အကြိုခံစားခြင်း

ACTS OF VIOLENCE

ဒီနေ့ရုပ်ရှင်အကြိုကဏ္ဍမှာတော့ အက်ရှင် ဇာတ်ကားကြိုက် ပရိ သတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားသစ်လေး ဖော်ပြလိုက် ပါတယ်။

စစ်ပြန်တစ်ယောက်ဖြစ်တဲ့ ဒီကလန်မှာ ဘရန်ဒန်နဲ့ ရိုမန်ဆို တဲ့ညီနှစ်ယောက်ရှိပါတယ်။ တစ် ရက်မှာတော့ ဒီကလန်ရဲ့ ညီအ ငယ်ဆုံး ရိုမန်နဲ့ ချစ်သူ မီရာတို့ရဲ့ စေ့စပ်ပွဲမှာ ပြဿနာကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မီရာ တစ်ယောက်ပြန်ပေးဆွဲခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။

အဲဒါနဲ့ ဒီပြဿနာကို ဖြေရှင်း ဖို့ ညီအစ်ကိုတွေ တိုင်ပင်တဲ့အခါ မှာ လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ဖြေ ရှင်းဖို့ ဆုံးဖြတ်ပြီး ဒီကလန်ရဲ့  မိတ်ဆွေ စုံထောက် ဂျိမ်းစ်အက် ဗရီကို အကူအညီတောင်းခဲ့ပါ တယ်။

အက်ဗရီနဲ့အတူ သူ့ရဲ့လုပ် ဖော်ကိုင်ဖက်စုံထောက် ဘရုခ် ဘိတ်ကာပါ အတူလိုက်ပါပြီး မီရာပြန်ပေးမှုနဲ့အတူ လူကုန်ကူးမှုတွေကိုပါ စုံစမ်းဖော်ထုတ်ပါတော့တယ်။

ရိုလန်တို့ညီအစ်ကိုတွေကိုလည်း လူဆိုးအဖွဲ့တွေက အပြတ်ရှင်းဖို့အထိ ကြိုးပမ်းလာတာမို့ စုံထောက်အက်ဗရီနဲ့ ဘရုခ်တို့ရဲ့ ထောက်လှမ်းချက်တွေနဲ့အတူ မီရာကို ပြန်ကယ်နိုင်ရေး အစီအစဉ်တွေဆွဲပြီး လှုပ်ရှားခဲ့ပါတယ်။

လူကုန်ကူးဖို့ ဖမ်းဆီးခံရတဲ့ မီရာကို ရိုမန်တို့ညီအစ်ကိုတွေထိပ်တိုက်တွေ့တဲ့အခါ ဘယ်လိုတွေ အားပြိုင်ကြမလဲဆိုတာတော့ အက်ရှင်အရသာအပြည့်နဲ့ ဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။

မင်းသားကြီး ဘရုစ်ဝီလီက စုံထောက်ဂျိမ်းစ်အက်ဗရီနေရာက သရုပ်ဆောင်ထားပြီး ကိုးလ်ဟော်ဆာ၊ ရှောင်အက်ရှ်မိုး၊ အက်ရှ်တန်ဟုမ်းစ်၊ မလစ်ဆာဘိုလိုနာ၊ ရှောင်ဘရော်စနန် စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။