၂၀၁၇ အတွင်း မကွေးတိုင်း၌ တရားမ၀င် သစ်တန်နှစ်ထောင်ကျော် ဖမ်းမိ

ဒီဇင်ဘာလအတွင်းက ဖမ်းဆီးထားသည့် သစ်များကို တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

၂၀၁၇ တွင် မကွေး တိုင်းအတွင်း တရားမ၀င်သစ်တန် ၂,၃၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ပျဉ်းကတိုး၊ ကျွန်း၊ တမလန်းစသည့် သစ်အမျိုးအစားမျိုးစုံ ဖမ်းဆီးရမိခဲ့ပြီး အများစုသည် ပိုင်ရှင်မဲ့သစ်များအဖြစ် ဖမ်းဆီးရမိ ကြောင်း၊ အချို့သစ်များကို ပိုင်ရှင်နှင့်တကွ ဖမ်းဆီးရမိကြောင်း တိုင်းသစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ပျမ်းမျှတစ်လကို တရားမ ၀င်သစ်တန် ၁၀၀ ကျော်နဲ့ ၂၀၀ ကြားမှာ ဖမ်းဆီးမိနေတာဖြစ် ပါတယ်။ တိုင်းအတွင်းက ထွက် တဲ့သစ်တွေပါသလို တခြားပြည် နယ်နဲ့ တိုင်းတွေက ထွက်တဲ့သစ် တွေလည်းပါတယ်’’ ဟု မကွေး တိုင်းဒေသကြီး သစ်တောဦးစီးဌာ န တိုင်းဦးစီးမှူးဦးမြင့်သိန်းခိုင်က ပြောသည်။

၂၀၁၇ မတ်လတွင် တရားမ၀င်သစ် ၃၅၀ ဒသမ ၄၈၂၇တန်ဖမ်းဆီးရမိပြီး တစ်နှစ်အတွင်း အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာန ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

မကွေးတိုင်းအတွင်း ဧရာဝ တီမြစ် အနောက်ဘက်ကမ်းမြို့ နယ်များတွင် ငဖဲ၊ ပခုက္ကူ၊ မင်း တုန်းစသည်တို့သည် တရားမ၀င် သစ်ဖမ်းဆီးရမိမှု အများဆုံးဖြစ် ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြို့နယ်များတွင် အောင်လံမြို့ နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်သည် သစ်ဖမ်းဆီးရမိမှု အများဆုံးဖြစ်ရှိကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်းက မကွေးတိုင်းအတွင်း တရားမ၀င်သစ်တန်ချိန် ၃,၀၀၀ ခန့် ဖမ်းဆီးရမိကြောင်း တိုင်းသစ်တောဦးစီးဌာနက ထုတ်ပြန်ထား သည်။

More in Regional Section