ဝေဖန်သူများရွေးချယ်သည့် အကောင်းဆုံး မင်းသမီးဆုကို နီကိုးလ်ကစ်ဒ်မန်းရရှိ

 ဝေဖန်သူ များရွေးချယ်သည့်ဆု(သို့မဟုတ်) (၂၃)ကြိမ်မြောက် Critics’Choice Award အကောင်းဆုံးဆုလေးဆု ကို Big Little Lies ဇာတ်ကားက ရရှိပြီး အကောင်းဆုံးမင်းသမီးဆု ကို နီကိုးလ်ကစ်ဒ်မန်းက ရရှိခဲ့ သည်။

HBO ကုမ္ပဏီ၏ရုပ်သံဇာတ် လမ်းတွဲ Big Little Lies တွင် အ ကောင်းဆုံး ပါဝင်သရုပ်ဆောင် နိုင်ခဲ့၍ နီကိုးလ်ကစ်ဒ်မန်းသည် လော့စ်အန်ဂျလိစ်မြို့၌ ကြာသ ပတေးနေ့က ပြုလုပ်သော ဆုပေးပွဲတွင် ယင်းဆုကို လက်ခံရယူပြီး နောက် ၎င်း၏ကလေးများအား လုံးကို ကျေးဇူးတင်သည်ဟု ပြော ကြားသည်။

အကောင်းဆုံးရုပ်ရှင်ကား နှင့် အကောင်းဆုံးဒါရိုက်တာဆု ကို ဂူလာမိုဒယ်တိုရို၏ The Shapeof Water ဇာတ်ကားရရှိခဲ့သည်။

အကောင်းဆုံးဇာတ်ပို့မင်း သားဆုကို ဆမ်ရော့ခ်ဝဲလ်က ရရှိ ပြီး နီကိုးလ်ကစ်ဒ်မန်းနှင့်အတူ တွဲ ဖက်သရုပ်ဆောင်ခဲ့သည့် အလက်ဇန်းဒါးစကာဂတ်နှင့်  လော်ရာ ဒန်းတို့သည်လည်း အကောင်းဆုံး ဇာတ်ပို့ဆုများရရှိခဲ့သည်။

—Ref: Daily Mail

Top News