အတွေ့အကြုံများလာရင် သရုပ်ဆောင်မှု ပိုကောင်းလာမယ်ဆိုတဲ့ ထက်ထက်ထွန်း

ဇာတ်ကားများ ရိုက်ကူး မှုများလာသည်နှင့်အမျှ သရုပ် ဆောင်ပညာကို ရိုက်ကွင်းပေါ် တွင် တွေ့ဆုံရသည့် မိမိ၏စီနီယာ များထံမှ ပြန်လည်သင်ယူလိုပြီး သရုပ်ဆောင်မှု၌  မိမိကိုယ်ကိုယ် အားမရသေးကြောင်း အလှမယ် ထက်ထက်ထွန်းက ပြောသည်။

ဇာတ်ကားများဆက်တိုက် ရိုက်ကူးရသဖြင့် ပျော်ရွှင်ကျေနပ် ကြောင်းလည်း ၎င်းကပြောသည်။

‘‘အက်တင်အရ တကယ် ပ ညာသားပါပါ ဝေဖန်ရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် အားမရ သေးပါဘူး။ အနုပညာအလုပ်ဆို တာ  လွယ်မလိုလိုနဲ့ ခက်ပါ တယ်။ အပြင်သဘာဝမှာ လူတွေ

ဖြစ်နေတဲ့အတိုင်း လိုက်လုပ်ရတာဆိုတော့ လွယ်မလိုလိုနဲ့ အရမ်းခက်တယ်။ အဲဒီအခါကျတော့ အတွေ့အကြုံတွေ့ကပဲ တဖြည်းဖြည်းနဲ့ ထက်ကိုသင်ပေးလာမယ်။ ပိုကောင်းလာမယ်လို့ ထင်ပါတယ်’’ ဟု ၎င်းကပြောသည်။

ချစ်ခြင်းစတုဂံရုပ်သံဇာတ် လမ်းတွဲရိုက်ကူးရင်း ကာရိုက်တာ အရ လေယာဉ်မယ်ဝတ်စုံကို တ ရားဝင်လေကြောင်းလိုင်းထံ ခွင့် ပြုချက်ယူပြီး ဝတ်ဆင်ခဲ့သော် လည်း ဇာတ်ဝင်ခန်းမရိုက်မီ အ ပျော်သဘောဖြင့် တင်ခဲ့သော ၎င်း၏ဓာတ်ပုံကို လေယာဉ်မယ် တစ်ဦးက လူမှုကွန်ရက်တွင် ဝေ ဖန်ခဲ့သည့်အပေါ် ထက်ထက်ထွန်းက ယခုလိုပြောသည်။

      ‘‘အဲဒီဇာတ်လမ်းတွဲထွက်ရင် လည်းကြည့်ပါ။ တကယ်မမှား ယွင်းဘူး။ ဘယ်သူ့မှာမှ ဆင်တူ မရှိဘူးဆိုတဲ့ သူတို့ရဲ့စည်းစနစ် တကျ လုပ်ထားတဲ့ပစ္စည်းတွေအ ကုန်လုံးကို ကိုယ့်ဟာကိုယ်ရ အောင် ကြိုးစားပြီးတော့ သေချာ လေး ပြင်ဆင်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ ဆင်းန်ပေါ်မှာမရိုက်ခင် ကိုယ့်ဟာကိုယ်အပြင်မှာ  အလှ ဓာတ်ပုံရိုက်ရင်းနဲ့ ဖိနပ်ကရောက် မလာသေးတဲ့အတွက် ပြဿနာ တက်မှာစိုး လို့ကို ဖိနပ်ကိုစတစ်ကာလေးတွေနဲ့ကွယ်ပြီးပုံလေး တင်ပေး လိုက်တာပါ။ ဒါပေမဲ့ အဲဒါကို ကိုယ်မပြင်ဆင်လို့ဖြစ် တာဆိုပြီး ပြောတာကို လက်မခံပါ ဘူး။ ပြင်ဆင်တယ်။ သေချာဂရု စိုက်ခဲ့တယ်။ အရင်ကလည်း ဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလို လေးလွဲ သွားတယ်ပေါ့’’ဟု ဆို သည်။ လက်ရှိတွင် ‘ညစ်တွန်း’ ရုပ် ရှင်ဇာတ်ကားနှင့် ‘ချစ်ခြင်းစတုဂံ’ ဟု အမည်ရသော ဇာတ်လမ်းတွဲ ကို လက်ခံရိုက်ကူးနေရင်း The Eyes ထုတ်လုပ်ရေးက ရိုက်ကူး မည့် ‘လူကြီးလူကောင်းများ’ ရုပ် ရှင်ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ရန်ရှိနေသည်။

ညစ်တွန်းရုပ်ရှင်ဇာတ်ကား ထဲတွင် ဆွဲဆောင်မှုရှိပြီး ပိုက်ဆံ မက်သည့် အကသမားတစ်ဦးအ ဖြစ် ပါဝင်သရုပ်ဆောင်နေခြင်း ဖြစ်သည်။