ထောင်ကလွတ်ပြီးနောက် ပထမဆုံးဇာတ်ကားပြန်ရိုက်မယ့် ရဲတိုက်

 သရုပ်ဆောင်ရဲတိုက်၏ ပထမဆုံး ဗီဒီယိုဇာတ်ကား ‘မှန်’ ကို ဘိုဘိုရုပ်ရှင်ဗီဒီယိုထုတ်လုပ် ရေးနှင့်အတူ ယနေ့ ဇန်နဝါရီ ၁၃ ရက်တွင် စတင်၍ ရန်ကုန်၌ ရိုက်ကူးမည်ဖြစ်သည်။

အဆိုပါဇာတ်ကားကို ဒါရိုက်တာသားညီက ရိုက်ကူးမည်ဖြစ် ပြီး ရဲတိုက်၊ အိချောပို၊ ထူးသာ၊ ဒေါင်းဝေနှင့် အခြား သရုပ်ဆောင် များစွာ ပါဝင်မည်ဖြစ်သည်။

‘‘သူက အနုပညာနဲ့ပတ် သက်ပြီး တော်တော်လေးပဲ ဝါသနာပါတယ်လို့ ကျွန်တော်မြင် တယ်။ ပရော်ဖက်ရှင်နယ်လို ပွင့် လင်းပြီး နဂိုကတည်းကိုက ယုံ ကြည်ချက် အပြည့်အဝရှိတယ်။ အရင်တုန်းက ရဲတိုက်မဟုတ် တော့ဘူး။ အရင်ကထက် ကြိုး စားလာတယ်။ ဒီကားမှာဆိုရင် လည်း ဇာတ်လမ်းရွေးချယ်တာက အစ သူကိုယ်တိုင် ဝင်ပါလာ တယ်။ သူကြိုက်တဲ့ ဇာတ်လမ်းကို ရွေးတယ်။ သူ ဒီကားအပေါ်မှာ အောင်မြင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်’’ဟု ဘိုဘိုရုပ်ရှင် နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဘို စန်းက ပြောသည်။

ရဲတိုက်နှင့် ရိုက်ကူးရန် ထောင်မှလွတ်မြောက်လာက တည်းက ကမ်းလှမ်းထားပြီး ယခု ပထမဆုံးဗီဒီယိုကားအနေဖြင့် ရိုက်ကူးခြင်းဖြစ်သလို ဗီဒီယိုရောရုပ်ရှင်ပါ ဆက်လက်ရိုက်ကူးရန်ရှိ သည်ဟုဆိုသည်။

‘‘မှန်ဆိုတာက အဓိကက ထောင်ထွက်တစ်ယောက်အ ကြောင်းကို ရေးထားတာပေါ့။ ဇာတ်လမ်းရဲ့ ကာရိုက်တာက မှန် လိုပဲ။ သူကောင်းရင် ကိုယ်ကောင်းမယ်။ သူမကောင်းရင် ကိုယ် မကောင်းဘူးဆိုတဲ့ ပုံစံလေးပါ’’ ဟု ကိုဘိုစန်းက ပြောသည်။

‘‘ကျွန်တော့်ကာရိုက်တာက ဒါရိုက်တာသတ်မှတ်ထားတဲ့အ တိုင်းဆို မပြုံးတတ်၊ မရယ်တတ် တော့တဲ့သူတစ်ယောက်အ ကြောင်း အဲဒီလိုကာရိုက်တာမျိုး ပါ။ အခုကားလေးက ကျွန်တော့် ဗီဒီယိုပရိသတ်အတွက် ရိုက်တာ လေ။ ပုံသဏ္ဌာန်ချင်းတော့မတူ ဘူး။ ရုပ်ရှင်ကားကြီးမဟုတ်တဲ့ အတွက် အနုပညာချင်းတူပေမယ့် မားကက်အပေါ်မူတည်ပြီးတော့ ပုံစံကွဲပြားသွားအောင် ဇာတ်လေး ကို ရွေးချယ်ထားပါတယ်’’ဟု သရုပ်ဆောင် ရဲတိုက်က ပြော သည်။

သရုပ်ဆောင်ရဲတိုက်သည် ထောင်ကထွက်လာပြီးနောက် ပိုင်း ၎င်းနှင့် ယခင်ကတည်းက လက်တွဲရိုက်ကူးခဲ့သော ဆာတိုရီ ထုတ်လုပ်ရေးနှင့် ပထမဆုံးပြန် လည်ရိုက်ကူးပြီးမှ အခြားသော ထုတ်လုပ်ရေးများနှင့် ပေးရိုက် မည်ဟု ဆာတိုရီထုတ်လုပ်ရေးမှ ပြောကြားခဲ့သော်လည်း လက်ရှိတွင်    အပြင်ထုတ်လုပ်ရေးဖြစ် သည့်   ဘိုဘိုရုပ်ရှင်ဗီဒီယိုထုတ် လုပ်ရေးနှင့်    ပထမဆုံးရိုက်ကူးခြင်းဖြစ်သည်။