လက်ရှိချန်ပီယံရှမ်းယူနိုက်တက်ထံက ရမှတ်တစ်မှတ်ခွဲယူခဲ့သည့် ဇွဲကပင်အသင်း

ဇွဲကပင်အသင်း၏ ဂိုးသွင်းမှုကို ရှမ်းယူနိုက်တက်ဂိုးသမားသီဟစည်သူ ကာကွယ်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) ဒုတိယရက်တွင် လက်ရှိချန်ပီ ယံရှမ်းယူနိုက်တက်နှင့် ဇွဲကပင် အသင်းတို့ အနိုင်၊အရှုံးမပေါ်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ဇန်န၀ါရီ ၁၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့်အဆိုပါပွဲတွင် ရှမ်းယူနိုက်တက် က ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ယှဉ်ပြိုင်နိုင်သော်လည်း ကွင်း လယ်နှင့် တိုက်စစ်ချိတ်ဆက်ရာ ၌ အားနည်းမှုများရှိခြင်းကြောင့်  ဂိုးသွင်းခွင့်  အနည်းငယ်သာရသည်။

ရှမ်းအသင်းရရှိသည့် အခွင့် အရေးအချို့ကို တိုက်စစ်မှူးများအသုံးချနိုင်ခဲ့ခြင်းမရှိ၍  ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးဆုံးရှုံးခဲ့သည်။  ဇွဲကပင်အသင်းက တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားခဲ့ပြီး ရှမ်းယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့သည်။

ပထမပိုင်းတွင် ဇွဲကပင်  က စားသမား ဒေါ့ဆန်းတို့စ်ကန်ချက် တိုင်ထိထွက်ခဲ့သည်။ ထို့အပြင် ဒုတိယပိုင်းပြီးခါနီးတွင် ရရှိသည့် ပြစ်ဒဏ်ဘောကို ဒေါ့ဆန်းတို့ကန်ရာ၌ ဂိုးတိုင်ဘေးကပ်လွဲခဲ့သဖြင့် ဇွဲကပင်အသင်းနစ်နာခဲ့ရသည်။

လက်ကျန်ပွဲချိန်တွင် နှစ် သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိ သဖြင့် ဂိုးမရှိသရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့ပြီး ဇွဲကပင်အသင်းက လက်ရှိချန်ပီယံရှမ်းယူနိုက်တက်ထံက  ရမှတ်တစ်မှတ်ခွဲယူခဲ့သည်။ ဇန်န၀ါရီ ၁၁ ရက်က စစ်ကိုင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၈ မြန်မာလိဂ်အဖွင့်ပွဲ တွင် ဂိုးမရှိ သရေကျခဲ့ပြီး မြန်မာလိဂ်နှစ်ပွဲဆက်သရေရလဒ် ထွက်ပေါ်ခဲ့သည်။

မြန်မာလိဂ်လက်ကျန်ပွဲများ အဖြစ် ဇန်န၀ါရီ ၁၃ ရက် (ယနေ့) တွင် အောင်ဆန်းကွင်း၌ မြ၀တီနှင့်မကွေး၊ ဇန်န၀ါရီ ၁၄ ရက်တွင် ဂရင်းရွိုင်ရယ်ကွင်း၌ ဟံသာဝတီ နှင့် ရန်ကုန်၊ ဇန်န၀ါရီ ၁၅ ရက် တွင် မော်လမြိုင်ကွင်း၌ ဆောက် သမ်းမြန်မာနှင့် GFA ၊ မန္တလာသီရိကွင်း၌ ရတနာပုံနှင့် ဧရာဝတီအ သင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။