ရင်နာရမှာတောင် ရင်နာတယ်

တချို့ကတော့ ထမင်းတစ်နပ်လျှော့ဖို့ ××× ပြောကြတယ်×× × တချို့က တော့ ဟင်းတစ်ခွက် လျှော့ဖို့ ပြောကြတယ်××× အခု ဆိုတို့မှာ စားသောက်ရေးတွေ အဆင်မပြေဘူး ××× ဒီအတိုင်းသာ ပွားလို့နေရင် ဒုက္ခပဲ ကွာ ××× အချိန်တန်ပြီ ဒီပြောပေါက်မျိုးကို ××× ပြောင်းလဲချိန် ပေါ့ကွာ ××× တကယ်ဆိုရင် ၀ဋ်ဒုက္ခကုန်ဈေးနှုန်းကြောင့်ပဲ ××× ခုဆိုတို့မှာ နပ်မှန်ဖို့တောင် သေကောင်ပေါင်းလဲ ×××

အင်း ... အနောက်တိုင်း စကားပုံတစ်ခု ရှိပါလေရဲ့။ ခြောက်လက်မရှိတဲ့ လျှာကြောင့် ခြောက်ပေရှိတဲ့လူတွေ သေကြ ကျေရသတဲ့။ ဟုတ်လည်း ဟုတ် ပါရဲ့။ လျှာကို အတားအဆီးမရှိ ဇက်ကုန်လွှတ်ပေးလိုက်မိလို့ တချို့အသက်သေရ၊ တချို့ကျ တော့ အသက်တော့မသေ၊ ဘ၀ တွေသေသွားကြတာတွေ မျက်စိ ရှေ့မှာ မြင်ခဲ့ရ၊ တွေ့ခဲ့ရမနည်း လှတော့။ ဒါကြောင့်မို့ စကားတစ် ခွန်းဟာ မပြောခင်အထိပဲ ကိုယ် ပိုင်တယ်၊ ပြောပြီးဆိုပြီးသွားရင် တော့ အများပိုင်ဖြစ်သွားပါလေ ရောတဲ့။ စကားနဲ့ပတ်သက်ပြီး သတိပေးဆုံးမစာတွေကလည်း နည်းမှမနည်းပဲ။ လူကြီးသူမတွေ ဆုံးမလေ့ရှိကြတယ်။ ဘာတဲ့ မပြောတတ်တော့ ဆဲသလို၊ မထိုင်တတ်တော့ အင်းအဲ ဘာလဲ မသိဘူးခင်ဗျ။ ပြောတော့ ပြောခဲ့ ကြတာပဲ။ ပြီးတော့ရှိသေးတယ်။ အစားကိုကုန်အောင်စား၊ စကားကို ကုန်အောင်မပြောနဲ့ဆိုလား၊ နောက်ထပ်လည်း ရှိသေးတယ်။ စကားစကားပြောပါများ စကားထဲက ဘာလဲမသိဘူး။ ပြသတဲ့အကုန်လုံးလည်း မမှတ်မိပါဘူး၊ မှတ်မိသလောက်လည်း မပြောရဲပါဘူး။ အခုတောင်ချစ်လွန်း လို့၊ ကိုယ့်ပေါင်သူများတွေလာ ထောင်းမှာ စိုးလို့ ပါးပါးလေးပြော မိတာ။

ရှေးစာဆိုဂန္ထ၀င်ဆြာညှပ်က ပြောခဲ့ဖူးပါတယ်။ လျှာဆိုတာဝင် လာသမျှ အစားအသောက်တွေ ကို အရသာခံစားဖို့ပါတဲ့၊ တွေးမိ သမျှအတွေးတွေတိုင်း ထုတ်ဖော် ပြောဆိုဖို့တော့ မဟုတ်ဘူးတဲ့။ တွေ့သမျှကို ဆိတ်ပါးစပ်လို ဘရိတ်မတပ်ဘဲ စားချင်သလောက် စား နိုင်ပေမယ့် ပြောတော့မယ့်စကား တစ်ခွန်းကိုတော့ ဘရိတ်ဆိုတဲ့ ချွန်းလေးအုပ်ဖို့တော့လိုမယ် ထင် တာပါပဲ။ ပြီးတော့ရှိသေး၊ ဆိတ် ဆိတ်နေရင် ဒေါ်လာတစ်ထောင် ဆိုလား၊ ယွမ်တစ်ထောင်ဆိုလား တန်တယ်တဲ့။ ကျန်သေးတယ်။ ၀စီဗေဒထိတိုင်းရှတို့၊ ကြမ်းကျွံရင် နုတ်လို့ရတယ်၊ စကားကျွံရင် သွားနုတ်ရတယ်ဆိုလား၊ အမြော် အမြင်ရှိတဲ့ လူကြီးသူမတွေ ကြို သိလို့ထင်ရဲ့ သတိပေးခဲ့တာ နည်းမှမနည်းကိုး။ သေသေချာချာ ကြည့်မိတော့မှ သတိထားမိတယ်။ များများ နားထောင်နိုင်ဖို့ဆိုပြီး နားနှစ်ပေါက်ပေးထားပါရဲ့ များများကြည့်၊ များများမြင်အောင် ဆိုပြီး မျက်စိကိုလည်း နှစ်လုံးတပ် ပေးထားပါရဲ့။ အဲ .. ပါးစပ်ကို တော့ တစ်ပေါက်တည်း ပေးထား တယ်။ တာဝန်နှစ်ခုလည်း ခွဲပေးထားတယ်။ အစာစားဖို့ ၅၀ ရာခိုင်နှုန်းနဲ့ တော်ကီပွားဖို့ ၅၀ ရာခိုင်နှုန်း။ ခုတော့ အားကျစရာရှားလို့၊ တုပစရာရှားလို့ ဒီလိုပုံနဲ့ မိုးကြီး ချုပ်ရင်အထုပ်အပိုးပြင်ရမှာ မတွေး မိလေရော့သလား။

ဘယ့်နှယ်ဗျာ၊ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လွိုင် ကော်မြို့ ကယားပြည်နယ်ခန်းမ မှာ လူငယ်တွေနဲ့ တွေ့ဆုံစဉ်လူ ကြီးလမ်းကြောင်းများအတွက် အသားဟင်းတစ်ခွက်၊ အသီး ဟင်းတစ်ခွက်၊ ငါးပိ၊ တို့စရာနဲ့ အရည်သောက်လေးတစ်ခွက် လောက်နဲ့ ဧည့်ခံကြဖို့ အရိပ်အ မြွက်လောက် ပြောရုံရှိသေး ၀န် မင်းတစ်ဦးကတော့ မဆီမဆိုင် နင်းပြားပြည်သူတွေဘက် လှည့် လာခဲ့ပေါ့။ ဘာတဲ့ ကုန်ဈေးနှုန်း ကျစေချင်ရင် ဟင်းတစ်မည်ပဲ စားကြပါတဲ့။ လက်ဖက်ရည်ဆိုင် လည်း မထိုင်ရဘူးတဲ့။ ဟင်းတစ် မည်ပဲ အိမ်မှာ ချက်စားရင်ကုန် ဈေးနှုန်း မကျဘူးလားတဲ့။ လေ သံကလည်း နည်းနည်းပြင်းထန် တော့ အရပ်ထဲမှာအတိုးပေးစား တဲ့ ဒေါ်ဂျမ်းစိန် သူ့အိမ်ဖော်တွေ ဆူနေပုံတောင် ပြန်မြင်ယောင် သေး။ ထစ်ခနဲဆို သုမနကျောပေါ် ကြိမ်လုံးပျော်တယ်ဆိုတာ မျိုးပဲ။

ဒါတင်မကသေး။ ကုန်ဈေး နှုန်းကျချင်ရင် လွယ်ပါတယ်။ အ လှူတွေမလုပ်နဲ့ဗျာ။ ဟင်းတစ် မျိုးပဲ၊ အလှူမှာ ဟင်းဆယ်မျိုးရှိ တယ်၊ တစ်မျိုးပဲလုပ်၊ လွယ်ပါ တယ်တဲ့။ မွန်ပြည်နယ်ဝန်ကြီးချုပ် နောက်ဆုံးပေါ် ကုန်ဈေးနှုန်းနှိမ် နင်းနည်းက ပြောင်မြောက်လှပါ ပေရဲ့။ အခုနောက်ဆုံးတော့ အ လှူဒါနတောင် ဆင်ဆာဖြတ်ခံရ တော့မယ့်ပုံ။ အဖြစ်အပျက်များ ပြောပါတယ်။ တကယ်တော့ဝန် ကြီးချုပ်က ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ အင်္ဂလန်နဲ့ ရုရှား တို့စစ်ပြီးစကာလ ခြိုးခြံချွေတာခဲ့ ပုံလေးတွေကို ဥပမာပေးပြီး စေ တနာစကားနဲ့ တော်ကီပွားတာ ဖြစ်ပါရဲ့။ မတူတာက ဟိုအချိန် မှာ ကမ္ဘာစစ်ကြီးပြီးခါစ၊ ဒီမှာ က လွတ်လပ်ရေးရတာတောင် နှစ်ပေါင်း ၇၀ ပြည့်ခါစ၊ အင်း..ခါးတောင်းကျိုက်နဲ့ တင်ပါး တော်တော် ခြားနေသလိုပဲ။

ဘာပဲဖြစ်ဖြစ် မွန်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ စေတနာကိုတော့ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရ ပါရဲ့။ ခုဆိုကာတွန်းဆရာတွေအ တွက် ရေးကွက်ဆီးသီးကွန်တိန် နာကြီး မှောက်သလို၊ သရော်စာ ရေးသူတွေအတွက် ဘီယာမိုးရွာ ချသလို ပေးလိုက်တဲ့ ရေးကွက် တွေက နည်းမှမနည်းပဲ။ စဉ်းစား ကြည့်တော့လည်း နည်းတောင် နည်းသေး။ နဂိုကမှ တိုင်းပြည် မှာ ပြည်သူ ပြည်သားတွေ အဟာ ရ မပြည့်ဝလို့၊ ကိုယ်ခံအား မကောင်းလို့၊ ရောဂါမျိုးစုံထူပြော နေလို့ ဒေသတွင်းမှာ၊ ကမ္ဘာမှာ ကင်ဆာ၊ တီဘီ၊ ငှက်ဖျားရယ် အစုံအညီနဲ့ အဆင့်(၁)ကနေ (၇) အကြား ထင်ရှားနေတဲ့တိုင်း ပြည်၊ကလေးတွေ နားမကျန်းလို့ ဆေးရုံ၊ဆေးခန်းသွားပြတိုင်း အသက်နဲ့ပေါင်ချိန်မပြည့်လို့ အာဟာရ မပြည့်ဝတဲ့ ဆင်းရဲခြင်း ရောဂါထ နေတဲ့ တိုင်းပြည်၊ စံချိန်မီ မစားသောက်ရလို့ အားဆေးရောင်း ကောင်းတဲ့ တိုင်းပြည်မှာ ပြောရက်လိုက်တာ ၀န်မင်းရယ်လို့ အရိုး ပေါ်အရေတင် လက် ၁၀ ဖြာနဲ့ ဦးချရတော့မလို ဖြစ်နေပါရဲ့။

ခုလည်း ပြည်သူ့အစိုးရ ခေတ်မှာ ပြည်သူတင်တဲ့ ၀န်မင်း က ပြည်သူတွေကို ပြန်ဗျင်းနေ ပြီလို့၊ မှတ်ပြီလားလို့၊ လက်သန်း လေးတွေ ဖြတ်ပစ်ချင်စိတ်ပေါက် လာပြီလားလို့၊ မလိုသူတွေ ပြော လာမှာ စိုးလို့ ကိုယ့်ပေါင်သူများ လာမထောင်းခင် အခံရသက်သာ အောင် ကိုယ့်ပေါင်ကိုယ်လှန် ထောင်းရတာပါ။ ရှက်တော့ ရှက် တာပေါ့။ ဒါပေမဲ့ ဘာတတ်နိုင် မလဲ၊ ချစ်လို့ထောင်းတာမှတ်ပါ လို့ နားလည်ပေးစေလိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒကတော့ ဟို တစ်ချိန်က ရက်တိုသမ္မတကြီး ဒေါက်တာမောင်မောင် ပြောခဲ့ သလိုမျိုး ခြေခင်းလက်ခင်းသာ တဲ့ တစ်နေ့မှာ ပျော်ပျော်ပါးပါး ကြီးဆီပြန်ဟင်းလေး တစ်မျိုး၊ အရည်သောက်လေးတစ်မျိုးလောက် နဲ့ နပ်မှန်ချင်တဲ့ အကြီးကျယ်ဆုံး အိပ်မက်ပါ။ ခုအချိန်အထိတော့ ဟင်းတစ်မည်တောင် စားပွဲအ လယ် မ၀င့်ထည်သေးပါဘူး။ ခုတော့ဝန်မင်းနဲ့တွေ့မှ တိုင်းပြည်ကြီး ဆင်းရဲနေတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ ပြည်သူတွေအ စားကြီးလို့ဆိုပြီး ကမ္ဘာက ပြက်ရယ်သမှု ပြုကြရင် ရှက်စရာကြီး။ ကိုယ့်ပြည်သူတွေရဲ့ လူ့သက် တမ်း၊ အရပ်အမောင်း၊ ခန္ဓာကိုယ်အလေးချိန်ကိုလည်း လေ့လာပြီး မှ ပြောသင့်တယ်ထင်တာပဲ။ ခုတော့ ၀န်မင်းစကားကြောင့် ရင်နာရမှာတောင် ရင်နာတယ်လို့။    ။