ဧရာဝတီအသင်းကို ဧရာမြန်မာအာမခံကုမ္ပဏီက ကျပ်သိန်းတစ်ထောင်ပံ့ပိုး

 မြန်မာလိဂ်ကလပ် ဧရာ ၀တီယူနိုက်တက်အသင်းကို ၂၀၁၈ ဘောလုံးရာသီအတွက် ဧရာမြန်မာအာမခံကုမ္ပဏီ (AMI) က ကျပ် သိန်းတစ်ထောင်ပံ့ပိုးမည် ဖြစ်သည်။ပြည်တွင်းရှိ လူငယ်ကစားသမားများ  ဘောလုံးကစားနည်းတွင် စိတ်ပါဝင်စားလာပြီး မြန်မာလိဂ်ပြိုင်ပွဲ၌  ဧရာဝတီအသင်း အောင်မြင်မှုရရှိကာ အာရှပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၁၂ ရက်က ရန်ကုန်မြို့ Goal ဟိုတယ်၌ ပြုလုပ်သည့် စပွန်ဆာပေးအပ်ပွဲအခမ်းအနားတွင် ဧရာမြန်မာအာမခံကုမ္ပဏီ ဒါရိုက်တာ ဦးမျိုးမင်းသူက ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ မနှစ်ကလည်း ဧရာဝတီအသင်းကို ထောက်ပံ့ပေးခဲ့ပါတယ်။ နောက်နှစ်တွေလည်း ဆက်လက်ပြီး ထောက်ပံ့ဖို့အတွက် ရည်မှန်းထားပါတယ်။ လက်ရှိမှာ စပွန်ဆာတန်ကြေးက ကျပ်သိန်းတစ်ထောင်ပေးအပ်သွားမှာဖြစ်ပြီး ကစားသမားတွေ ထိခိုက်မှုအတွက် အာမခံကိုတော့ ဆက်လက်ဆွေးနွေးသွားရမယ် ’’ဟု ဦးမျိုးမင်းသူက ပြောသည်။ ဧရာဝတီယူနိုက်တ်အသင်းကို ၂၀၁၈ ဘောလုံးရာသီတွင် ဂျာစီအတွက် Grand Sport ကုမ္ပဏီက ထိုင်းဘတ်ငွေ တစ်သိန်းခြောက်သောင်းတန်ဖိုးရှိ စပွန်ဆာပေးအပ်ပြီး 100 Plus ကလည်း ရေဓာတ်အားဖြည့်အချို ရည်စပွန်ဆာပေးအပ်မည်ဖြစ်သည်။