KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရမှုအပေါ် ရှုတ်ချကြောင်း ဆန္ဒပြသူငါးဦး ထောင်ရက် ၂၀ ချခံရ

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ် ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုအပေါ် ရှုတ်ချ ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ငါးဦးကို လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ်ရက် ၂၀ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

တပ်မတော်ယာဉ်တန်းကိုတားဆီးစစ်ဆေးခြင်းနှင့် ပတ် သက်ပြီး လွိုင်ကော်မြို့နှင့် ခုနစ် မိုင်အကွာရှိ KNPP ယာယီကင်း စခန်းမှ တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ် သားတစ်ဦးသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) လက် အောက်ခံတပ်ဖွဲ့ဝင်များ၏ ဖမ်း ဆီးခံရပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်တွင် သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အရပ် ဘက်အဖွဲ့အစည်းအချို့မှ ပုဂ္ဂိုလ် များက လွိုင်ကော်မြို့ပေါ်တွင် ဒီဇင်ဘာ ၂၂ ရက်က ဆန္ဒထုတ်ဖော်ခဲ့ရာ ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်သည်ဆိုကာ မြို့နယ်ရဲတပ်ဖွဲ့က ဦးဆောင်သူငါးဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါ လူငယ်ငါးဦးကို ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၈ ရက်၌ ပထမဆုံး ရုံးထုတ်စစ်ဆေးခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၂ ရက်တွင် ဆက်လက်ရုံးထုတ် စစ်ဆေးပြီးနောက် ရုံးချိန်းသုံးချိန်းအပြီး၌ ယခုကဲ့သို့  ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။

‘‘မြို့နယ်တရားရုံး တရားသူ ကြီးကနေ ပုဒ်မ ၁၉ နဲ့ အပြစ်ရှိ တယ်။ အဲဒီအပေါ်မှာ ငွေဒဏ်သုံး သောင်း ဆောင်ပေးပါဆိုပြီး ငွေ ဒဏ်ကို အရင်ဆုံးပြောတယ်။ လူ ငယ်တွေက သိက္ခာအရ အမှုရင် ဆိုင်တဲ့အချိန်မှာ အပြစ်လုံးဝမရှိ ဘူးလို့ယူဆတယ်။ အပြစ်ရှိရင် တောင် သူတို့ကို အပြစ်ပေးပါ။ သူတို့ကို အပြစ်ပေးသလို သတ် ဖြတ်တဲ့သူတွေကိုလည်း အပြစ် ပေးဖို့ တရားရုံးမှာ တာဝန်ရှိတယ် ဆိုတဲ့သဘောနဲ့ ငွေဒဏ်ကိုလည်း မဆောင်ဘဲ ထောင်ကျခံတဲ့ သဘောပေါ့။ ထောင်ဒဏ် ရက် ၂၀ ပေါ့’’ဟု ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

ယခုကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သူများကို ပြစ်ဒဏ် ပေးသည့် တာဝန်ရှိသူများအနေ ဖြင့် လူသတ်မှုကျူးလွန်သူများကို လည်း အရေးယူဆောင်ရွက်နိုင် ရန် တာဝန်ရှိကြောင်း ၎င်းက ဆို သည်။

ရုံးချိန်းများတွင် မြို့နယ်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူနှစ်ဦး၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးသုံးဦးတို့ကို တရားလိုပြသက်သေအဖြစ် စစ် ဆေးပြီး  ဖမ်းဆီးခံလူငယ်ငါးဦးကို စစ်ဆေးကာ  ပြစ်ဒဏ်ချမှတ်ခဲ့ သည်။

ထိုကဲ့သို့ အမှန်တရားအ တွက် ဆန္ဒထုတ်ဖော်ခဲ့သူများကို အပြစ်ပေးအရေးယူခြင်းအပေါ် ကန့်ကွက်ကြောင်း လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ကရင်နီပြည် တောင်သူလယ် သမားသမဂ္ဂဥက္ကဋ္ဌ ခူတူးရယ်က ပြောသည်။

ခူတူးရယ်အပါအဝင် အရပ် ဘက်အဖွဲ့အစည်းလေးခုမှ ကိုယ် စားလှယ်လေးဦးသည် ယခုကဲ့သို့ လူငယ်ငါးဦးကို အရေးယူဆောင် ရွက်မှုအပေါ် ပြည်နယ်လွှတ် တော်က လျစ်လျူရှုသည်ဟု ယူဆ ကာ ကယားပြည်နယ် လွှတ်တော်တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီမှ ဇန်နဝါရီ ၁၀ ရက်တွင် နုတ်ထွက်ခဲ့သည်။ တပ်ဖွဲ့ဝင်များ အသတ်ခံရခြင်းအပေါ် အမှုမှန်ပေါ်ပေါက်ရေးနှင့် ကျူးလွန်သူများကို အရေးယူနိုင်ရေး အလေးထားစဉ်းစားဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ    ထပ်မံစာပေးပို့မည်ဖြစ်ကြောင်း KNPPက  ပြောကြားထားသည်။ KNPP တပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့်ပတ်သက်၍ လက်ရှိတွင် တပ်မတော်က စုံစမ်းစစ် ဆေးရေး ခုံအဖွဲ့ဖွဲ့စည်း စစ်ဆေး နေသည်။

More in News Section

Top News