ချယ်လ်ဆီးနည်းပြကွန်တီ ၎င်း၏အနာဂတ်ကို မေးခွန်းထုတ်

အသင်းတွင် ၎င်း၏အနာ ဂတ်နှင့်ပတ်သက်၍ ဘာမဆိုဖြစ် နိုင်သည်ဟု ချယ်လ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက ပြောကြား သည်။

ကွန်တီ (၄၈) နှစ်သည် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေပြီး ချယ်လ်ဆီး၏ ၎င်းနေရာအတွက်လည်း ပြိုင် ဘက်မန်နေဂျာအများအပြားနှင့် ချိတ်ဆက်ပြောဆိုနေသည်။

ကွန်တီသည် ချယ်လ်ဆီး ကို ပြီးခဲ့သည့်ရာသီက ပရီးမီး ယားလိဂ်   သရဖူရရှိရေး   စွမ်း ဆောင်ပေးခဲ့ပြီး ၎င်း၏စာချုပ်မှာ ၂၀၁၉ ဇွန်လအထိ ဖြစ်သည်။

‘‘ဒီအချိန်မှာ ခင်ဗျားဒီမှာရှိ နေတယ်။ နောင်တစ်ချိန်ကတော့ ခင်ဗျားနေရာ တခြားလူဝင်လာ နိုင်တယ်’’ ဟု ကွန်တီက ပြော သည်။ ကစားသမားဝယ်ယူမှုနှင့် ပတ်သက်၍ စိတ်ပျက်နေသည်ဟူ သော ကောလာဟလများကြောင့် အီတလီသား၏ အနာဂတ်အပေါ် မှန်းဆချက်များ ထွက်ပေါ်နေ သည်။

‘‘ဒီအသင်းရဲ့ မန်နေဂျာ အနေနဲ့ ဒီလိုအခြေအနေမျိုး ကြုံ ရတာသာမန်ပါပဲ’’ ဟု ကွန်တီက ဆိုသည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ထိပ်ဆုံးရှိ မန်စီး တီးနှင့် ၁၆ မှတ်ကွာဟနေပြီး မိမိ သည် ရာသီအစောပိုင်းကပင် ဖိ အားများကြုံနေရသည်ဟု ကွန်တီ က ပြောကြားသည်။

‘‘ဒီလို အခြေအနေမျိုးကို ကိုင်တွယ်ဖို့ ကျွန်တော့်မှာ အတွေ့အကြုံအများကြီး ရှိပါတယ်။ ဒါ ပေမဲ့ ပထမဆုံးပွဲ ဘန်လေကိုရှုံးပြီး တဲ့အချိန်မှာ ကျွန်တော့်ကို အလုပ် ဖြုတ်ပြီး နောက်တစ်ယောက်နဲ့ အစားထိုးဖို့ မီဒီယာတွေက တွန်း အားပေးတာ ထူးဆန်းပါတယ်’’ ဟု ကွန်တီက ပြောကြားပြီး အ ခြားအသင်းများတွင်   ထိုကဲ့သို့ မဖြစ်ဟုပြောကာ မိမိကိုဖယ်ရှား ရန်အသင်းက ဆုံးဖြတ်ရလိမ့် မည်ဖြစ်ကြောင်း ပြောသည်။

—Ref:BBC