ဖြူးငလျင်သည် ဇောက်တိမ်၍ မြို့ကြီးများအနီး မလှုပ်ရှားခဲ့သည်မှာ ကံကောင်းဟု ဘူမိပညာရှင်များပြော

ငလျင်ဗဟိုချက်ပြ မြေပုံနှင့် ဖြူးငလျင်ကို USGS ၏ သတင်းထုတ်ပြန်မှု (earthquake.usgs.gov)

ဖြူးမြို့အနီး ပဲခူးရိုးမအတွင်း ဗဟိုပြု၍ ဇန်နဝါရီ ၁၂ ရက် နံနက်အစောပိုင်း လှုပ်ခတ် ခဲ့သောငလျင်သည် အဖျက်စွမ်းအားကြီးသည့် ဇောက်တိမ်ငလျင်အမျိုးအစားဖြစ်ပြီး မြို့ကြီးများ အနီး မလှုပ်ရှားခဲ့သည်မှာ ကံကောင်းကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။

ယင်းငလျင်အရှိန်ကြောင့် နောက်ဆက်တွဲလှုပ်ခတ်သော ရစ်ခ်ျတာစကေး အင်အားအသင့် အတင့်ရှိသော နောက်ဆက်တွဲမြေငလျင်ခုနစ်ကြိမ်တိုင်လှုပ်ရှားခဲ့သည်။ ဇန်န၀ါရီ ၁၂ ည ၉ နာရီ၅၃ မိနစ်တွင် အင်အား ၄ ဒသမ၈ အဆင့်ရှိနောက်ဆက်တွဲငလျင်လှုပ်သည်။

ရစ်ခ်ျတာစကေး ၆ ရှိ အင်အားအသင့်အတင့်အဆင့် သတ်မှတ်ထားသော အထက်ပါ မြေငလျင်သည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ပဲခူးရိုးမအတွင်း လှုပ်ခတ်ခြင်းဖြစ်ပြီး မြေအနက် ၁၀ ကီလိုမီတာ ၅ မိုင်ခန့်တွင် ဗဟိုပြုသည့် ငလျင်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီနာယက ဒေါ်လှလှအောင်က ပြောသည်။

‘‘အရင်က လှုပ်ဖူးတဲ့ ပြတ် ရွေ့မဟုတ်ဘူး။ ပဲခူးရိုးမထဲမှာ ပြတ်ရွေ့တွေ အများကြီးရှိတယ်။ အဲဒီထဲက တစ်ခုလှုပ်တာ။ တော တောင်ထဲ ဗဟိုပြုလို့။ မြို့အနား တွေလှုပ်ရင် တော်တော်အန္တ ရာယ်ရှိတယ်’’ဟု ဒေါ်လှလှအောင်က ပြောသည်။

ယင်းငလျင် အရှိန်ကြောင့် ဖြူးမြို့နှင့် မိုင် ၁၀၀ ကျော်ဝေး သော ရန်ကုန်မြို့တွင်ပါ ငလျင် လှုပ်ခတ်မှုကို သိသိသာသာခံစား ခဲ့ရပြီး အထပ်မြင့်၌ နေထိုင်သူအချို့ တိုက်ပေါ်မှ ဆင်းပြေးခဲ့ကြသည်။ ပထမတစ်ကြိမ် လှုပ်ခတ်ပြီးနောက် ၁၈ မိနစ်အတွင်း ရစ်ခ်ျ တာစကေး ၅ ဒသမ ၃ အဆင့် ငလျင် သုံးကြိမ်ထပ်လှုပ်ခဲ့သည်။ ထို့အပြင် ဧရာဝတီ၊ မကွေးတိုင်း ဒေသကြီး၊ ကယားနှင့် ရခိုင်ပြည် နယ်တို့မှ မြို့အချို့တွင်လည်း ငလျင်လှုပ်ခတ်သည်ကို ခံစားခဲ့ရ သည်။ ဗဟိုချက်နှင့် အနီးဆုံး ဖြူးမြို့တွင် အသိသာဆုံးဖြစ်ပြီး ဒေသတွင်းရှိ ကွန်းချောင်းဆည်နှင့် ဖြူးချောင်းဆည်တို့၏ ကြံ့ခိုင်မှုကို မြို့ခံများစိုးရိမ်ခဲ့သည်။ သို့သော် ထိခိုက်ပျက်စီးမှုမရှိခဲ့ပေ။ ငလျင်အားပြင်းသော်လည်း ဒေသတွင်း ထိခိုက်ပျက်စီးမှုမရှိကြောင်း  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်က ပြောသည်။ ဘူမိဗေဒပညာရှင် ဒေါက် တာကျော်ထွန်းက ငလျင်များ မကြာခဏလှုပ်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြော သည်။

‘‘ဒီလို ဇောက်တိမ်ငလျင်မျိုး မြို့ကြီးတွေအနားမှာ ပြင်းအား ၅ လောက်နဲ့ လှုပ်ရင်တောင်ထိမှာ။ အခုက ဆက်တိုက်ဆိုသလို ဟိုဟို ဒီဒီ လှုပ်နေတော့ ငလျင်ဘေး ပညာပေး အဆက်မပြတ်လုပ်ဖို့ တိုက်တွန်းချင်တယ်’’ ဟု ပြော သည်။

မြန်မာနိုင်ငံ မြေငလျင်ကော် မတီက ငလျင်သည် ဖြူးအနောက် ဘက် ပဲခူးရိုးမအတွင်း ဗဟိုပြု လှုပ်ခြင်းဖြစ်ကာ နောက်ဆက်တွဲ ငလျင်များကို သတိထားရန် ထုတ်ပြန်ထားသည်။

၁၉၃၀ မတ်လက လှုပ်ခဲ့ သော ပဲခူးငလျင်ပြီးနောက် လပိုင်းအကြာတွင် ဒီဇင်ဘာ၌ ဖြူးမြို့ အနီး ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သည်။ ယင်း ငလျင်ကြောင့် ဖြူးမြို့တွင် အ ဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး လူ ၃၀ ခန့် သေဆုံးခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။

၂၀၁၈ နှစ်ဦးပိုင်းကစတင် ကာ မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ ငလျင်များ မကြာခဏ လှုပ်နေပြီး ဇန်နဝါရီ ၁ ရက်မှ ၁၂ ရက်အ တွင်း အကြိမ်ရေ ၂၀ ခန့် လှုပ်ခတ် ခဲ့သည်။ ပဲခူးရိုးမအတွင်း ဗဟိုပြု သော အထက်ပါငလျင်အပါအ ဝင် ရစ်ခ်ျတာစကေး ၅ မှ ၆ အ တွင်း ငလျင်လေးကြိမ် ပါဝင်ခဲ့ သည်။ ကျန်ငလျင်များသည် ရစ်ခ်ျတာ စကေး ၅ အဆင့်အောက် ငလျင်များဖြစ်သည်။

Top News