အင်းဒင်ကိစ္စ တပ်မတော်က စိစစ်အရေးယူမည်ဆိုခြင်းမှာ နိုင်ငံအတွက် ခြေလှမ်းသစ်လှမ်းခြင်းဟုမြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သတ်ဖြတ်မှုနှင့် ပတ်သက်၍ တပ်မတော်က စိစစ်အရေးယူမည်ဆိုခြင်းမှာ နိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခု ရှေ့သို့လှမ်းလိုက်ခြင်းဟုမြင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုကိုနိုတို့သည် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ အင်းဒင်ကျေးရွာ၌ ဘင်္ဂါလီများသတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

‘‘အင်းဒင်ရွာကိစ္စမှာ သတ် ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ သတ် ဖြတ်မှုတွေဖြစ်ခဲ့လို့ အခုတပ်မ တော်ကနေပြီးတော့ စိစစ်ပြီး တော့ အရေးယူမယ်ဆိုတာကျွန်မ တို့ရဲ့နိုင်ငံအတွက်က ခြေလှမ်း သစ်တစ်ခုကို ရှေ့လှမ်းတာလို့ပဲ ဒီလိုပဲမြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးကျရင် နိုင်ငံ တစ်နိုင်ငံဟာ ကိုယ့်နိုင်ငံအတွင်း မှာ ရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ကိုယ့်ဘာသာတာဝန်ယူရမှာဖြစ် ပါတယ်။ အဲဒီတော့ ဒီဟာက ကိုယ့်ဟာကိုယ်တာဝန်ယူတဲ့နေ ရာမှာ၊တာဝန်ယူတဲ့လမ်းကြောင်း ပေါ်မှာ စပြီးလှမ်းတယ်ဆိုတာအ ပေါင်းလက္ခဏာနဲ့ မြင်ဖို့ဖြစ်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

တပ်မတော်စုံစမ်းစစ်ဆေး ရေးအဖွဲ့က အင်းဒင်ကျေးရွာသုသာန်၌ တွေ့ရှိခဲ့သော ရုပ်အလောင်း ၁၀ လောင်းသည်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရုပ်အလောင်းများဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားအချို့က သတ်ဖြတ်ခြင်းဖြစ်ကြောင်း  ဇန် န၀ါရီ ၁၀ရက်တွင် စစ်ဆေးမှုရလဒ် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

‘‘အရင်တုန်းကဖြစ်တဲ့ ကိစ္စ ကို ပြန်ပြီးတော့ စုံစမ်းတာပါ။ ဒါ ကြောင့်မို့လို့ ကျွန်မတို့ကစုံစမ်း ခြင်းအားဖြင့် နောင်ဒီလိုကိစ္စမျိုး တွေ မဖြစ်အောင်လို့အဟန့်အ တားတစ်ခုအနေနဲ့ ဖြစ်လာမယ် လို့ ယုံကြည်ပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က အင်းဒင် ကျေးရွာဖြစ်စဉ်အပေါ် တပ်မ တော်က စုံစမ်းစစ်ဆေးမှုအခြေအ နေနှင့်ပတ်သက်ပြီးပြောသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်း အ၀ိုင်းက ဝေဖန်ရာ၌ အပြုသဘောဆောင်သည့် ဝေဖန်မှုများရှိ သကဲ့သို့ အပြုသဘောမဆောင် သည့်  ဝေဖန်မှုများလည်းရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

 ယင်းသို့ ဝေဖန်မှုများကို သေချာစွာလေ့လာပြီး မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ဆိုသည်ကို ဆုံးဖြတ်ဆောင်ရွက်ရမည်ဟု ၎င်းကဆိုသည်။

More in News Section

Top News