ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခြင်းဟု ၀န်ကြီးချုပ်ဟောင်းမန်းဂျော်နီပြော

ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီက သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဓာတ်ပုံ − သက်ဆွေ)

ကျန်းမာရေးအခြေအ နေကြောင့် တာဝန်ကျေပွန်အောင် မစွမ်းဆောင်နိုင်မည်ကို စိုးရိမ်၍ ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် ကိုယ်တိုင် တင်ပြတောင်းဆိုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန် နှင့် ပါတီဗဟိုအလုပ်အမှုဆောင် တာဝန်များ ဆက်လက်ထမ်း ဆောင်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူး မှ နုတ်ထွက်ခဲ့သူမန်းဂျော်နီက ပြောကြားသည်။

 ရာထူးမှ နုတ်ထွက်မှုနှင့် ပတ်သက်၍ ဇန်န၀ါရီ ၁၂ ရက် က ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မီဒီယာများအား ရှင်းလင်းစဉ် ၎င်းက ထိုသို့ပြော ကြားခြင်းဖြစ်သည်။

 ၂၀၁၆ နှင့် ၂၀၁၇ အတွင်း မတော်တဆဖြစ်ရပ်နှင့် ယာဉ် တိုက်မှုတို့ကြောင့် ခွဲစိတ်ကုသခဲ့ရ သည့်အပြင် မျက်စိနှစ်ဖက်စလုံး ကိုလည်း ခွဲစိတ်ထား၍လက်ရှိ တွင် အမြင်အာရုံအားနည်းနေ ကြောင်း မန်းဂျော်နီက ရှင်းပြ သည်။


‘‘ပြည်သူတွေရွေးကောက် ထားတာသည် အလုပ်လုပ်ဖို့ရွေး ကောက်ထားတာ။ သူတို့အတွက် အလုပ်လုပ်ဖို့တာဝန်ပေးထား တာ။ ဒီတာဝန်အပြည့်အ၀ငါ မကျေပွန်ဘူးဆိုရင် ဆက်လုပ်စ ရာအကြောင်းမရှိဘူး’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် မိသားစုဝင်များက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နေမှုကို မထိန်းသိမ်းနိုင်၍ ရာထူး မှ နုတ်ထွက်ခြင်းဖြစ်သည်ဆို သော သတင်းဖော်ပြချက်နှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းရာထိုသို့ရေးသားဖော်ပြမှုအပေါ် လက်မခံနိုင်ကြောင်း မန်းဂျော်နီက တုံ့ပြန်သည်။

‘‘အဲဒီလိုလုပ်တဲ့သူကို ချက် ချင်းပြောပါ။ ငါအခုသွားဖမ်းပြီး တော့ အခုထောင်ထဲထည့်မယ်။ ငါ့ဆီမှာ အဲဒီလောက်အထိ လုပ် ငန်းကို လုပ်နိုင်တဲ့စီးပွားရေးသ မားဆိုတာမရှိဘူး’’ ဟု ၎င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်နှင့် ပါတီဗဟိုအလုပ်အမှု ဆောင်တာဝန်များ ဆက်လက် ထမ်းဆောင်မည်ဖြစ်သော်လည်း လတ်တလောတွင် ခေတ္တအနား ယူဦးမည်ဟု မန်းဂျော်နီက ပြော သည်။ မန်းဂျော်နီသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ၀ါရင့် ပါတီဝင်ဖြစ်ပြီး  ဒီချုပ်က ၀င်ရောက်ယှဉ်ပြိုင်သည့် ၁၉၉၀၊ ၂၀၁၂ နှင့် ၂၀၁၅ ရွေးကောက်ပွဲ သုံးကြိမ်စလုံးအနိုင်ရခဲ့သည်။

၎င်းသည် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ် မဲဆန္ဒနယ်(၂)မှ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိ ခဲ့သည်။ ၀န်ကြီးချုပ်တာဝန်ထမ်း ဆောင်ခဲ့သည့် ၂၁လအတွင်း အဓိကစိန်ခေါ်မှုသည် ရေချိုငါး လုပ်ငန်းကိစ္စဖြစ်ကြောင်း မန်း ဂျော်နီက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအ တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ခဲ့သော်လည်း ပြည်သူမျှော်လင့်သလောက် လျင်လျင်မြန်မြန်မဆောင်ရွက်နိုင် သည့် ကိစ္စများရှိကြောင်း မြေယာ သိမ်းဆည်းမှုများကိုဥပမာပေး၍ ၎င်းကပြောသည်။

 ‘‘ပွင့်ပွင့်လင်းလင်းပြောရ မယ်ဆိုရင် ဧရာဝတီတိုင်းကို အ နုတ်ဖြစ်အောင်ငါတို့မလုပ်ခဲ့ဘူး။ လုပ်လည်း မလုပ်ဘူး။ အပေါင်း အားပဲဖြစ်အောင် ကြိုးစားတယ်’’ ဟု တာဝန်ထမ်းဆောင်ချိန် ဆောင်ရွက်ချက်များနှင့် ပတ် သက်၍ မန်းဂျော်နီကဆိုသည်။

ထပ်မံတာဝန်ယူမည့် ၀န် ကြီးချုပ်အသစ်အနေဖြင့် အကြံ ဉာဏ်နှင့် အကူအညီတောင်းခံပါ က လွှတ်တော်ကိုယ်စားလှယ်အ ဖြစ်သာမက ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် ကူ ညီမည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

မန်းဂျော်နီနှင့်အတူ ရာထူး မှ နုတ်ထွက်ခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့စိုက် ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဦးဘဟိန်းတို့ကို တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဇန်န၀ါရီ ၁၂ ရက်မွန်းလွဲတွင် ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ဂါရ ၀ပြု နှုတ်ဆက်ကန်တော့ခဲ့သည်။

ဝန်ကြီးချုပ်မန်းဂျော်နီနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးဘဟိန်းတို့ ကို ၎င်းတို့၏သဘောဆန္ဒအ လျောက်နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးက ဇန်န၀ါရီ ၉ ရက်၌ ကြေညာခဲ့သည်။

More in News Section

Top News