လိုင်စင်မဲ့ကား တရားမဝင် မောင်းနှင်မှုဖြင့် ရဲအုပ်တစ်ဦး အရေးယူခံရ

 မွန်ပြည်နယ် ပေါင် မြို့မရဲစခန်းရှိ နယ်ထိန်းခေါင်း ဆောင် ရဲအုပ်တစ်ဦး လိုင်စင်မဲ့ ကား မောင်းနှင်မှုဖြင့် ကရင်ပြည် နယ်တွင် ဖမ်းဆီးအရေးယူခံရ ကြောင်း ပေါင်မြို့နယ်မှူး ရဲမှူး အေးဆွေက ပြောသည်။

ဘားအံမြို့နယ် ဂျိုင်း(ဇာ သပြင်)တံတားတွင် စစ်ဆေး နေစဉ် အိန္ဒုဘက်မှ မော်လမြိုင် ဘက်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့ယာဉ် သုံးစီးကို ဇန်နဝါရီ ၁၁ ရက်က ဖမ်းဆီးရမိပြီး မောင်း နှင်လာသူ ရဲအုပ်ကို ဖမ်းဆီးထိန်း သိမ်းထားကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

‘‘ဘားအံမှာ မိတဲ့အတွက် ဘားအံစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့်ထားတယ်။ ဘားအံစခန်းမှာပဲ သူ့ကို ထိန်း သိမ်းထားတယ်။ ပို့ကုန်သွင်းကုန် ဥပဒေအပြင် ရဲဝန်ထမ်းတစ် ယောက် ဖြစ်တဲ့အတွက် ရဲစည်း ကမ်းဥပဒေနဲ့ ထပ်ပြီး အရေးယူ သွားဖို့ရှိတယ်။ ကားက သုံးစီးဆို တော့ သူနဲ့အတူ အပြင်လူနှစ် ယောက်လည်းပါတယ်။ ကားကို ဘာကြောင့် ဘားအံဘက်မှာ သွားစီးရလဲဆိုတာ ဘာမှ အခုချိန် ထိ မသိသေးဘူး’’ဟု ရဲမှူးအေး ဆွေက ပြောသည်။

လိုင်စင်မဲ့ကား မောင်းနှင်မှု ဖြင့် ဖမ်းဆီးခံထားရသည့် ရဲအုပ် သက်စိုးဦးသည် ပေါင်မြို့နယ် မုတ္တမနယ်မြေရဲစခန်းတွင် သုံးနှစ် နှင့် ပေါင်မြို့မရဲစခန်းတွင် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရဲမှူးအေးဆွေက ပြောသည်။

ရဲအုပ်သက်စိုးဦးသည် လိုင် စင်မဲ့ကား မောင်းနှင်မှုဖြင့် ဘား အံစခန်းတွင် ထိန်းသိမ်းခံနေရစဉ် ၎င်း၏နေအိမ်ကို ရှာဖွေခဲ့ရာ  လိုင်စင်မဲ့ယာဉ်တစ်စီးကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း  ပေါင် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

လိုင်စင်မဲ့ မော်တော်ယာဉ် တရားမဝင် သယ်ဆောင်စီးနင်းသူ ရဲအုပ်သက်စိုးဦးကို ပေါင်စခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးက တရားလိုပြုလုပ်ကာ ပေါင်မြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ဖြင့် ဇန်နဝါရီ ၁၁ ရက်က ထပ်မံအမှုဖွင့်အရေးယူ ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။