မြန်မာလုပ်သား ၃၇ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေး

ထိုင်းနိုင်ငံ နခွန်ချိုင်စီမြို့ ရှိ လူသုံးကုန်ပစ္စည်းထုတ် စက်ရုံ နှစ်ရုံမှ အထောက်အထားပြည့်စုံ စွာမရှိသော မြန်မာလုပ်သား ၃၇ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ် ဆေးရန် ခေါ်ဆောင်သွားသော် လည်း ပြန်လွှတ်ပေးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်း မောင်ဦးကပြောသည်။

ဇန်နဝါရီ ၉ ရက်တွင် နခွန် ချိုင်စီမြို့ရှိ စက်ရုံနှစ်ရုံသို့ ထိုင်း ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ အထောက်အထား စာရွက်စာ တမ်းများ ပြည့်စုံစွာမရှိသော မြန် မာလုပ်သား ၃၇ ဦး အပါအဝင် ထိုင်းနိုင်ငံသားနှစ်ဦးနှင့် လာအို နိုင်ငံသားလေးဦး စုစုပေါင်း ၄၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ် ဆေးရန် ခေါ်ဆောင်ခဲ့သည်။


‘‘ကျွန်တော်တို့ ရုံးကနေပြီး တော့ သက်ဆိုင်ရာ နခွန်ချိုင်စီ ရဲစခန်းကို သွားရောက်ဆက်သွယ် စုံစမ်းတဲ့အခါ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ အ ထောက်အထား ပြည့်စုံအောင် တင်ပြနိုင်ခြင်းမရှိလို့ မြန်မာလုပ် သား ၃၇ ဦးကို ခေါ်ဆောင်သွားခဲ့ တယ်ပေါ့။ ဒါပေမဲ့ အလုပ်ရှင်က အထောက်အထား စာရွက်စာ တမ်းတွေလာပြပြီး နေ့ချင်းပဲ ပြန်ခေါ်သွားခဲ့ပါတယ်’’ဟု ဦးစန်း မောင်ဦးကပြောသည်။

သို့သော် အထောက်အထား ပြည့်စုံစွာ မတင်ပြနိုင်သော လာ အိုနိုင်ငံသား လေးဦးကို ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ၎င်းကဆိုသည်။

၂၀၁၇ အတွင်း ထိုင်းအစိုးရ အသစ် ထုတ်ပြန်ထားသည့် အ လုပ်ရှင်နှင့် အလုပ်သမားဥပဒေ အရ တရားမဝင်အလုပ်သမား တစ်ဦးလျှင် ငွေဒဏ် ဘတ်နှစ် သောင်းမှ နှစ်သိန်းထိ ပြစ်ဒဏ် ကျခံရမည်ဖြစ်သလို လက်ခံထား သည့် အလုပ်ရှင်အနေဖြင့် ငွေ ဒဏ် ဘတ်လေးသိန်းမှ ရှစ်သိန်းထိ ကျခံရမည်ဖြစ်ပြီး ယင်းဒဏ် ငွေများ မဆောင်နိုင်ပါက အလုပ်သမားတစ်ဦးလျှင် ထောင်ဒဏ် တစ်နှစ်နှင့် အလုပ်ရှင်ကို ထောင် ဒဏ်ငါးနှစ်ထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထိုင်းရောက် မြန်မာလုပ် သားများ အထောက်အထား စာ ရွက်စာတမ်းများ မိမိနှင့် တစ်ပါတည်းထားရှိ ယူဆောင်ရန်နှင့် အ ထောက်အထား မပြည့်စုံသူများ အထောက်အထားများ ပြုလုပ်ရန် သံရုံးက နှိုးဆော်ထားကြောင်း ဦးစန်းမောင်ဦးကပြောသည်။

ထို့အပြင် မြန်မာလုပ်သား များအရေးနှင့်ပတ်သက်ပြီး ကူညီနိုင်ရေး မြန်မာအလုပ်သမားအ ရေးအဖွဲ့အစည်းများနှင့် ချိတ် ဆက်ဆောင်ရွက်နေကြောင်း ၎င်း က ဆက်လက်ပြောသည်။

မူလက အလုပ်လုပ်ကိုင်ခွင့် အထောက်အထားအချို့ ရှိသော် လည်း သတ်မှတ်ထားသော စာ ရွက်စာတမ်းအပြည့်အစုံမရှိခြင်း၊ အလုပ်ရှင်နှင့် အလုပ်နေရာလွဲနေ ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမည့်သူများနှင့် ထိုင်းနိုင်ငံ အလုပ်သမားဌာန၌ မှတ်ပုံတင်ထားသည့် အထောက် အထားမဲ့နေထိုင်နေသော မြန်မာလုပ်သားများ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်ရန် ဆိုင်းငံ့ကာလ ခြောက်လ (၂၀၁၈ ဇွန်လကုန်အထိ) ထပ်မံတိုးမြှင့်ပေးကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာ ၂၈ ရက်စွဲဖြင့် ကြေညာသည်။

ထို့အပြင် ထိုင်းအစိုးရသည် တရားမဝင် ထပ်မံရောက်ရှိလာ သော မြန်မာလုပ်သားများကို တရားဝင်ဖြစ်ရေး ဇန်နဝါရီ ၅ ရက်တွင် ဆောင်ရွက်မည်ဟု ကြေညာထားသော်လည်း ယင်းကြေညာချက်ကို ရုပ်သိမ်းကြောင်း ဇန်န ဝါရီ ၉ ရက်တွင် ထပ်မံကြေညာသည်။