ထိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူများအတွက် နစ်နာကြေးရရန် ဆောင်ရွက်နေဟု မြန်မာသံရုံးထုတ်ပြန်

ယာဉ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ပျက်စီးခဲ့သော မြန်မာလုပ်သားများ တင်ဆောင်လာသည့်ယာဉ်ကို တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ − ထိုင်းရတ်)

ထိုင်းနိုင်ငံတွင် ယာဉ်မ တော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သား ၁၃ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း DNA (မျိုးရိုးဗီဇ) စစ်ဆေးပြီးဖြစ်၍ ၎င်းတို့ကို မီးသင်္ဂြိုဟ်ရန်နှင့် နစ်နာကြေးများရရှိရန် ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

 သေဆုံးသူများ၏ နာရေး ကိစ္စများ အဆင်ပြေစေရေးနှင့် ရသင့်ရထိုက်သည့် နစ်နာကြေး များကို ကျန်ရစ်သူမိသားစုများ အပြည့်အဝရရှိစေရေး မြန်မာသံ အမတ်ကြီး၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် မြန်မာသံရုံးက ထုတ် ပြန်သည်။


နိုဝင်ဘာ ၂၄ ရက် နံနက်တွင် မဲဆောက်မြို့မှ မြန်မာလုပ်သား ၁၃ ဦးကို တင်ဆောင်လာသော မှန်လုံယာဉ်သည် စင်ဘူရီနယ်မြေ အာရှလမ်းမပေါ်၌ ကုန်တင်ယာဉ် နှင့် တိုက်မိရာ ယာဉ်ပေါ်ပါ မြန် မာလုပ်သား ၁၃ ဦးနှင့် ထိုင်းယာဉ် မောင်းတစ်ဦး သေဆုံးခဲ့သည်။

ကားတိုက်ပြီး မီးလောင်ခံရ မှုကြောင့် သေဆုံးသော မြန်မာ လုပ်သား ၁၃ ဦး အလောင်းများ ကို မီးသင်္ဂြိုဟ်ရန် ၎င်းတို့၏မိသား စုဝင်များကို ခေါ်ဆောင်ထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကပြောသည်။

‘‘သေဆုံးသူတွေရဲ့ မိသားစု ဝင်တွေကို ခေါ်ထားတယ်။ တချို့ ကလည်း ပတ်စ်ပို့မရှိသေးတာ ရော၊ တချို့ကလာဖို့အတွက် အ ဆင်မပြေတာရော အဲဒါတွေ ဆောင်ရွက်ပေးနေပါတယ်။ အား လုံးအဆင်ပြေပြီဆိုရင် ထိုင်းက ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ် မှာပေါ့။ နှစ်ရက်ခွဲပြီး သင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်’’ဟု ဦးစန်းမောင်ဦးကပြောသည်။

မြန်မာလုပ်သားများ တင် ဆောင်လာသောကားသည် နစ်နာကြေး၊ မြန်မာလုပ်သားများ၏ ကားကိုတိုက်သော ကုန်တင်ကား မှ နစ်နာကြေးနှင့် ထိုင်းအစိုးရက ပေးသော နစ်နာကြေး စုစုပေါင်း အနည်းဆုံး ဘတ်ခုနစ်သိန်းခန့် ရရှိရေး ဆောင်ရွက်နေကြောင်း အလုပ်သမား သံအရာရှိတစ်ဦးက ပြောကြားထားသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ် ကြောင့် မြန်မာလုပ်သား အမျိုး သား ရှစ်ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၎င်းတို့သည် မွန်ပြည်နယ် ပေါင်၊ ကျိုက်ထိုနှင့် ဧရာဝတီတိုင်း ငါး သိုင်းချောင်းမြို့နယ်တို့မှ ဖြစ် သည်။

ယာဉ်တိုက်မှုနှင့် ပတ်သက် ၍ ယာဉ်မောင်းအိပ်ငိုက်ပြီး ရှေ့ က မောင်းနှင်နေသော ကုန်တင် ကားကို ဝင်တိုက်မိကြောင်း စင် ဘူရီနယ်မြေရဲတပ်ဖွဲ့က ပြော ကြားသည်။

More in News Section