လီဗာပူး-မန်စီးတီးပွဲအတွက် ဂွာဒီယိုလာ စိတ်လှုပ်ရှား၊ အသင်းသားများရဲရင့်မှုပြသရန် ကလော့ပ်တိုက်တွန်း

 ယနေ့ည အန်ဖီးလ် ကွင်းသို့ သွားရောက်ရင်ဆိုင်ရ မည့် လီဗာပူးနှင့် ပွဲအတွက် ရင် ခုန် စိတ်လှုပ်ရှားနေမိသည်ဟု မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ က ပြောကြားစဉ် လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က မန်စီးတီးကို လေးစားမှုမရှိလျှင် ပြဿနာရှိမည်ဟု ပြောသည်။


‘‘မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစား ရတာဟာ စိတ်ဝင်စားစရာပါ။ သူ တို့ဟာ တကယ့်ကို ကောင်း ကောင်းကစားနိုင်ပါတယ်။ အဲဒါ ကို မလေးစားဘူးဆိုရင် ပြဿနာ ရှိပါလိမ့်မယ်’’ဟု ဂျာဂန်က လော့ပ်က ပြောသည်။

သို့သော် လီဗာပူးအသင်း သားများအနေဖြင့် မန်စီးတီးကို ရဲရဲရင့်ရင့် ရင်မဆိုင်လျှင်လည်း ပြဿနာရှိပြီး ရဲရင့်မှုပြသရန်လို ကြောင်း ကလော့ပ်က ပြော သည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာ က အန်ဖီးလ်ကွင်းတွင် ရင်ဆိုင် ရ ခက်ခဲမည်ဖြစ်သော်လည်း ဖလားများရရှိရေးလီဗာပူးနှင့် ပွဲကဲ့သို့ အခြားပွဲများကို အနိုင်ယူရန် လိုသည်ဟု ပြောသည်။ သို့သော်စပါးအပါအဝင် နောက်ထပ်က စားရန် ပွဲစဉ်များစွာရှိသေးသည် ဟု ၎င်းကပြောသည်။

မန်စီးတီးသည် ပရီးမီးယား လိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှ နေ၍ အနီးဆုံးပြိုင်ဘက် မန်ယူကို ၁၅ မှတ်ဖြတ်ထားပြီး ယခုရာသီ ဖလားရရန် အခြေအနေကောင်း နေကာ လီဗာပူးနည်းပြ ကလော့ပ်က မန်စီးတီးကို လိုက်မီရန် မလွယ်ဟု ဝန်ခံထားသည်။ သို့သော် အန်ဖီးလ်ကွင်းတွင် မန်စီးတီး၏ ယခင်ရလဒ်များ ဆိုးရွားခဲ့သည်။

လီဗာပူးတွင် ဆလိုက်နီ၊ ဟန်ဒါဆင်၊ မိုရီနိုနှင့် စတာရစ်ခ်ျ တို့ ဒဏ်ရာကြောင့် ပြန်ကစားနိုင် ဦးမည်မဟုတ်ပေ။ မန်စီးတီးတွင် ကစားသမားအများစုပါဝင်နိုင် မည်ဖြစ်သော်လည်း ဂျီးဆပ်၊ ကွန်ပနီနှင့် မန်ဒီတို့ ပါဝင်နိုင်ဦး မည်မဟုတ်ပေ။ သို့သော် လီဗာပူး တိုက်စစ်တွင် ဆာလက်နှင့် မာနေးတို့နှစ်ဦးစလုံး ပြန်လည်ပါဝင်နိုင် သည်။                 —Ref:BBC