ဂျပန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသသို့ နေ့ချင်းပြန်သွားရောက်

သြဂုတ်အကြမ်းဖက်မှုဖြစ်စဉ်ပြီးနောက် ပထမဆုံးလာရောက်သော နိုင်ငံခြားရေးဝန်ကြီးဖြစ်လာ
မောင်တောဒေသသို့ ရောက်ရှိလာသော ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ၀န်ကြီးချုပ်ဦးညီပု၊ ဒေါက်တာအောင်ထွန်းသက်တို့နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − MOI)

 မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျပန်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ တာရိုကိုနို သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန် လည်ဝင်ရောက်လာသူများကို လက်ခံမည့် မောင်တောဒေသ တောင်ပြိုလက်ဝဲမြို့သို့ ယမန်နေ့  က သွားရောက်ခဲ့ပြီး ပြန်လည် လက်ခံရေးပြင်ဆင်ထားမှုများကို လေ့လာခဲ့သည်။ 

သို့ဖြစ်ရာ ယမန်နှစ် သြဂုတ် က ဖြစ်ပွားသော မောင်တောဒေ သအကြမ်းဖက်ခံရပြီးနောက် ပထမဆုံးလာရောက်သော နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် ရခိုင်သို့ လာ ရောက်ခဲ့သော်လည်း စစ်တွေသို့ သာရောက်ရှိပြီး  မောင်တောသို့ မရောက်ခဲ့ပေ။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး သည် ရခိုင်ပြည်နယ် စစ်တွေမြို့ မှတစ်ဆင့် မောင်တောဒေသို့ ရောက်ရှိလာပြီး တောင်ပြိုလက် ဝဲမြို့နှင့် ပန်းတောပြင်ဘင်္ဂါလီ ကျေးရွာသို့ သွားရောက်လေ့လာ ခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန် ကြီးသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး   တံတားအထိ ရောက်ရှိခဲ့သည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှင့်အတူ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်း တင့်၊ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်တို့ လိုက်ပါခဲ့သည်။ 

ထို့နောက် ဂျပန်နိုင်ငံခြား ရေးဝန်ကြီးသည် စစ်တွေမြို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ နေ့ချင်းပြန်ထွက်ခွာပြီး  ရန်ကုန်မြို့မှတစ်ဆင့် ဂျပန်နိုင်ငံသို့ပြန်ခဲ့သည်။ 

ဂျပန်အစိုးရသည် ဘင်္ဂလား ဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သော ဒုက္ခသည်များ ပြန်လည် လက်ခံရေး မြန်မာအစိုးရကို ကန်ဒေါ်လာ သုံးသန်းပေးအပ်ရန် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ တာရိုကိုနိုတို့ တွေ့ဆုံစဉ် သဘောတူခဲ့သည်။