ABSDF ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုလူထုဆွေးနွေးပွဲများ တားမြစ်ခံရ

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး (ABSDF)က မြို့နယ်သုံးခု၌ ပြု လုပ်ရန် စီစဉ်ထားသည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးအကြိုလူထုဆွေးနွေးပွဲများ တားမြစ်ခံရကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ 

လူထုတွေ့ဆုံမှုကို ရန်ကုန်၊ ကျောက်ဆည်၊ ထားဝယ်နှင့် မကွေးမြို့တို့တွင် ကျင်းပခွင့်ရသော်လည်း မုံရွာ၊ ပဲခူးနှင့် ပုသိမ်မြို့တို့၌ ကျင်းပသည့်ပွဲများ  တားမြစ်ခံရကြောင်း ABSDF တာဝန်ရှိသူများက ဆိုသည်။ 

လူထုအကြိုဆွေးနွေးပွဲကို ပုသိမ်မြို့ မဟာဗန္ဓုလလမ်းရှိ Swen Hotel တွင် ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့၌ ကျင်းပရန် စီစဉ်ထားရာ ဇန်နဝါရီ ၁၂ ရက် ညနေတွင် သက်ဆိုင်ရာက ပွဲစီစဉ်သူများကိုခေါ်ယူ၍ မကျင်းပရန် တားမြစ်ခဲ့ကြောင်း ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီက ပြောသည်။ 

‘‘နိုင်ငံရေးဖြစ်စဉ်ကို လူထု ကို ရှင်းပြဖို့၊ တွေ့ဆုံဆွေးနွေးနိုင် ဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး နိုင်ဖို့ သဘောတူညီချက်ရရှိပြီး သားဖြစ်ပါတယ်။ ကျွန်တော်တို့ မှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ နား လည်ပါတယ်။ ဒီကိစ္စတွေကို နား မလည်နိုင်သေးတာလား၊ နား လည်မှုလွဲနေတာလား အဓိပ္ပာယ် ဖွင့်ဆိုမှုမတူတဲ့အပေါ်မှာ ဒီလိုဖြစ် ရတယ်လို့ပဲ သုံးသပ်ပါတယ်။ နား လည်မှုဆက်မလွဲအောင်၊ ဒီအ ခြေအနေတွေကို ကျော်လွှားနိုင် အောင် အမြော်အမြင်ရှိရှိနဲ့ ဆက် ပြီး ဆောင်ရွက်သွားမယ်’’ဟု ၎င်း က ဆိုသည်။ 

အဆိုပါပွဲကျင်းပမည့် ဟို တယ်ဝန်းကျင်နှင့် ဧည့်သည်များ တည်းခိုသည့် တည်းခိုခန်းဝန်းကျင်တွင် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ ဝင်များ စောင့်ကြပ်ကြည့်ရှုနေ သည်။ ယင်းကဲ့သို့ ဆွေးနွေးပွဲတား မြစ်ရသည့် အကြောင်းအရင်းကို ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးအား မေးမြန်းခဲ့ရာ အဆင်သင့်မဖြစ် သေး၍ ဖြေကြားနိုင်ခြင်းမရှိသေး ကြောင်း ပြောသည်။ 

ABSDF သည် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် တင်ပြမည့် အဆိုပြုမူကြမ်းများ ကို ပြည်သူလူထုထံ တင်ပြခြင်း၊ အကြံဉာဏ်များ ရယူခြင်းတို့ ဆောင်ရွက်နေပြီး အဖွဲ့မူ ဝါဒအရ တိုင်းဒေသကြီးခုနစ်ခု၌  ဆောင်ရွက်ရန် စီစဉ်ထားသည်။ 

ထို့အပြင် ပဲခူးမြို့ရှိ Hotel Mariner-II တွင် ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက စတင်ပြုလုပ်ရာ ၁၁ နာရီခန့်၌   ဒေသအာဏာပိုင်များ   လာရောက်တားမြစ်ခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့   တက်ရောက်ခဲ့သည့် ပြည်မြို့မှ  ကိုသန့် ဇင်က ပြောသည်။ 

‘‘နယ်လုံဝန်ကြီး အမိန့်နဲ့ ထွေအုပ်က လာတားတယ်လို့ သိရတယ်။ ဆွေးနွေးပွဲ ပြုလုပ်ဖို့ ခွင့်ပြုစာမတင်ခဲ့တာကြောင့်လို့လည်းသိရတယ်။  တစ်နာရီကျော်ကျော်လောက် ဆွေးနွေးပွဲနားလိုက်ရပြီး  ဆက်လုပ်ကြ တယ်’’ဟု ၎င်းက ပြောသည်။ 

ABSDF က ဦးဆောင်ကာ ပဲခူးတိုင်းအတွင်း တတိယအကြိမ် ပြုလုပ်သည့် ယင်းဆွေးနွေးပွဲသို့ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင် ငံရေးအကျဉ်းသားဟောင်းများ၊ ကျောင်းသူများ၊ အမျိုးသမီးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူအချို့က   ဆို သည်။ 

‘‘ဝန်ကြီးချုပ်နဲ့ သွားတွေ့ တယ်။ သူတို့ဘက်က ဆက်လုပ်ဖို့ ခွင့်ပြုပေးတာတော့ မရှိဘူး။ ကျွန် တော်တို့ဘာသာဆက်လုပ်ကြ တာပါ။ ကျွန်တော်တို့က ငြိမ်းချမ်း ရေးအတွက် သွားနေကြတာပါ။ သူတို့က တားမြစ်တာမျိုးလုပ်တာ ပါ’’ဟု ပြည်ခရိုင် နိုင်ငံရေးအ ကျဉ်းသားဟောင်းများအဖွဲ့မှ ဦးကျော်ဆန်းက ပြောသည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအကြိုလူထုတွေ့ဆုံပွဲ များ တားဆီးခံရမှုနှင့်ပတ်သက် ပြီး မေးမြန်းရန် အစိုးရ၏ငြိမ်းချမ်း ရေးကော်မရှင်တာဝန်ရှိသူအချို့ ထံ ဇန်နဝါရီ ၁၃ ရက်တွင် ဆက် သွယ်ရာ အဆက်အသွယ်မရရှိ ပေ။ 

RCSS က ဦးဆောင်ကျင်းပ မည့် ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများကို  ရှမ်း ပြည်နယ်အတွင်း ပြီးခဲ့သည့်ဒီဇင် ဘာက ကျင်းပရာ တပ်မတော် က တားဆီးခဲ့သည်။ ထို့ကြောင့် RCSS က လင်းခေးမြို့တွင် ဇန်နဝါရီ ၁၂ ရက် က စတင်ကျင်းပမည့် ရှမ်းလူမျိုးအလိုက်ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းခဲ့သည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲအကြို လူထုတွေ့ဆုံပွဲများ တရားဝင် ကျင်းပခွင့်ပြုမထားသဖြင့် ရှမ်းလူထုအကြိုတွေ့ဆုံပွဲများ ကို တားမြစ်ရခြင်းဖြစ်ပြီး တရားဝင်ခွင့်ပြုထားသည့် လင်းခေးတွင် ပြုလုပ်နိုင်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ပြောကြားသည်။ 

အဆိုပါလူထုတွေ့ဆုံပွဲများ တားဆီးခံရခြင်းနှင့်ပတ်သက်ပြီး NCA လက်မှတ်ထိုးရှစ်ဖွဲ့ထိပ်သီး ခေါင်းဆောင်များသည် ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် ထိုင်း နိုင်ငံ ချင်းမိုင်၌ အရေးပေါ်အစည်း အဝေးခေါ်ယူခဲ့သည်။ 

အဆိုပါအစည်းအဝေးအ ပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့ ရာ NCA လုပ်ငန်းစဉ်အရ ဆောင် ရွက်ရမည့် အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲများနှင့် လူထု တွေ့ဆုံပွဲများ ကန့်သတ်ပိတ်ပင်ခံ ရခြင်းများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံကို ဆက်လက်ကျင်းပရန် ဆုံး ဖြတ်ကြောင်း ဖော်ပြသည်။ 

ထို့ကြောင့် အစိုးရ၊ တပ်မ တော်နှင့် NCA လက်မှတ်ထိုးရှစ် ဖွဲ့၏ထိပ်သီးခေါင်းဆောင်များအ ကြား ယခုလကုန်တွင် ကျင်းပ ရန် သဘောတူညီထားသည့်ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံတတိယအစည်းအ ဝေးကို သတ်မှတ်အချိန်အတွင်း ပြုလုပ်ရန် မသေချာတော့ပေ။

အဆိုပါအစည်းအဝေးကြေ ညာချက်နှင့်ပတ်သက်၍ အစိုးရ အနေဖြင့် NCA လက်မှတ်ထိုးရှစ် ဖွဲ့ထံ ဆက်သွယ်မေးမြန်းဆဲ ဖြစ် ကြောင်း သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားသည်။ 

ABSDF သည် NCA လက်မှတ်ထိုးထားသော်လည်း အဖွဲ့အနေအထားအရ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပခွင့်မရှိ၍ ယခု ကဲ့သို့ အကြိုလူထုတွေ့ဆုံပွဲများ ကို တိုင်းဒေသကြီးခုနစ်ခုတွင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

၂၀၁၇  မေလ  မတိုင်မီက  ကျင်းပခဲ့သော ABSDF အကြိုလူထုဆွေးနွေးပွဲများကို  တားဆီးခံရမှုမရှိဘဲအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။