ပြည်မြို့လယ်ကောင်ရှိ ဆန်ဆိုင်မှ ကျပ်သိန်း ၈၀၀ ကျော် ခိုးသူ ငါးဦးဖမ်းမိ

 ပြည်မြို့ ဆံတော်ရပ်ကွက် ဆွေးနွေးဘုရားလမ်းရှိ ရွှေဖလား ဆန်ဆိုင်မှ ကျပ်သိန်း ၈၀၀ ကျော် ခိုးယူသူ ငါးဦးကို ဖမ်းမိသဖြင့် ခိုးမှုဖြင့် တရားစွဲထားကြောင်း ပြည်မြို့မရဲစခန်းမှူး  ဒုရဲမှူးမြင့်ဇော်က ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်က ဆိုင်ရှင်များခရီးသွားနေစဉ် ဆန်ဆိုင်နေအိမ်အပေါ်ထပ်ဝရန်တာ သံပန်းတံခါးကို ဖျက်ဆီး၍ အိမ်ခန်းထဲရှိ ကျပ် ၈၇၃ သိန်းကျော်ခိုးယူသည့် အဓိကကျူးလွန်သူ အမျိုးသားသုံးဦးနှင့် ဆက်စပ်သူ အမျိုးသမီးနှစ်ဦးကို ဇန်န၀ါရီ ၁၃ ရက်တွင် ဖမ်းမိခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘အဓိကပြစ်မှုကျူးလွန်သူ ထဲမှာ ဆန်ဆိုင်က အလုပ်သမား တစ်ဦးလည်းပါတယ်။ နယ်မြေရဲ စခန်းတွေ ချိတ်ဆက်ပြီး ဆောင် ရွက်တဲ့အခါမှာ သူ့ကို ရန်ကုန်မြို့ မှာ ဇန်န၀ါရီ ၇ ရက်က စတင်ဖမ်း မိခဲ့တယ်။ အဲဒီနောက် ကွင်းဆက် တရားခံတွေ၊ ဆက်စပ်သူတွေကို ဖမ်းမိခဲ့တယ်’’ဟု ၎င်းက ဆိုသည်။ခိုးယူမှုရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် ၎င်းတို့ ငါးဦးကို အမှုဖွင့် အရေးယူထားပြီး ခိုးယူသည့် ငွေ ပမာဏ၏   ထက်ဝက်ကျော်တန်ဖိုး ရှိ ပစ္စည်းအချို့နှင့် ငွေသားများကို ၎င်းတို့ထံမှ ပြန်သိမ်းထားကြောင်း ပြည်မြို့မရဲစခန်းမှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခိုးယူငွေများအားလုံးပြန်ရ ရေးနှင့် ကွင်းဆက်တရားခံများ ဖမ်းမိရေးဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။