ရွှေတူးဖော်ရေး ကျောက်မိုင်းခွဲရန် ယမ်းချက်စဉ် ပေါက်ကွဲပြီး လူနှစ်ဦးသေဆုံး

သပိတ်ကျင်းမြို့ရှိ ရွှေ တူး ဖော်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကျောက်မိုင်းခွဲရန် ယမ်းချက်နေ စဉ် ယမ်းပေါက်ကွဲ၍ ယမ်းချက်အလုပ်သမားနှစ်ဦး သေဆုံးကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

ရေထွက်ကျေးရွာအနီး ရွှေ တူးဖော်ထုတ်လုပ်နေသော ကုမ္ပ ဏီဝင်းအတွင်း ဇန်နဝါရီ ၁၂ ရက် နေ့လယ်က ဖြစ်ပွားခဲ့ပြီး ကျောက် မိုင်းခွဲရန် ချက်ယမ်းတစ်ပိဿာ ခန့်ကို လှော်နေစဉ် မီးလောင် ပေါက်ကွဲခဲ့သည်။

သေဆုံးသည့် အမျိုးသားနှစ် ဦးသည် ဝန်းသိုကျေးရွာမှဖြစ်ပြီး တစ်ဦးမှာ အသက် (၃၀) ခန့်ရှိကာ ကျန်တစ်ဦးမှာ  ယမ်းထိမှန်မှု ကြောင့် အသားများလွင့်စဉ်ပြီး  အ သက်ခန့်မှန်း၍  မရသေးကြောင်း ရဲအရာရှိက ပြောသည်။

ရွှေတူးဖော်နေသော မွန် ကြည်ဖြူကုမ္ပဏီသည် မြန်မာ့စီး ပွားရေး ဦးပိုင်လီမိတက် လက် အောက်အကျိုးတူ တစ်ဆင့်ကန် ထရိုက်ယူထားသော ကုမ္ပဏီဖြစ် သည်။ လုပ်ကိုင်ခွင့်သက်တမ်း သည် ၂၀၁၇ ဇန်နဝါရီ ၂၈ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၂၇ ရက်အထိ ဖြစ် ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။  ခွင့်ပြုသက်တမ်းအတွင်း ယမ်းရှစ်တန်ခန့် သုံးစွဲခွင့်ရှိ ပြီး နှစ်လ၊ သုံးလအတွင်း နှစ်တန် ခန့်သုံးစွဲခွင့်ရှိကြောင်း၊ ယမ်းများ ကို  ကုမ္ပဏီဝင်းအတွင်း သိုလှောင် ပြီး မကွေး- မန္တလေး- သပိတ် ကျင်းလမ်းကြောင်းအတိုင်း မြန် မာ့စီးပွားရေး ဦးပိုင်လီမိတက်က တာဝန်ယူ သယ်ဆောင်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ရွှေတူးဖော်ရေးအတွက် ချက်ယမ်း တစ်ပိဿာခန့်ကို ပြန် လည်ပြုပြင်ချက်လုပ်ရန်  ကုမ္ပဏီ လုပ်ကွက်တာဝန်ခံက ခိုင်းစေခဲ့ရာမှ  မီးလောင်ပေါက်ကွဲ၍ အမျိုးသားနှစ်ဦး ခန္ဓာကိုယ်အပိုင်းအစများလွင့်စဉ်ပြီး  သေဆုံးခဲ့ကြောင်း   ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ် သက်၍ ကုမ္ပဏီလုပ်ကွက်တာဝန် ခံကို သပိတ်ကျင်းမြို့မရဲစခန်းကရာဇသတ်ကြီးပုဒ်မ ၂၈၆/ ၃၀၄-(က)အရ အမှုဖွင့်၍ တာဝန်ခံကို ဖမ်းဆီးရမိရေး  ဆောင်ရွက်နေသည်။

‘‘လောလောဆယ်တော့ တာ ဝန်ခံကို ဖမ်းမိဖို့အတွက် ဆောင် ရွက်နေပါတယ်။ သူက မန္တလေး ဘက်ရောက်နေတယ်လို့  သိရ တယ်။ ကုမ္ပဏီက ဆက်သွယ်ပေး တော့ သူကဖုန်းပိတ်ထားတယ် ပြောတယ်။ ကျွန်တော်တို့လည်း သူ့ကိုဖမ်းဖို့ ဆောင်ရွက်နေတယ်’’ ဟု သပိတ်ကျင်းမြို့မရဲစခန်းမှ အ မှုစစ် ဒုရဲအုပ်ဆန်းဦးက ပြော သည်။

More in Crime Section